နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အငြင်းပွားဖွယ် အနီကတ်နဲ့အတူ အမှားတွေထပ်လုပ်ပြီး ဝုဗ်ကို ရှုံးနိမ့်ခဲ့ပြန်တဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၂ – ၁ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်နဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အငြင်းပွားဖွယ်ပြသနာတွေနဲ့ အတူ အိမ်ရှင်အသင်းက ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့ အတွက် ဝုဗ်တို့ ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှု အခြေအနေဆိုးကနေ ရုန်းထွက်နိုင်ခဲ့ပြီး အာဆင်နယ်ကတော့ လိဂ် ၇ ပွဲဆက် ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရပါတယ်။

နူနိုအက်စ်ပီရီတို ဆန်တိုရဲ့ ဝုဗ်ကတော့ အခုပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို အခြေခံပြီး ပိုဒန့်စ်၊ ထရာအိုရေး၊ မော်တင်ဟို၊ နီတို၊ ကိုဒီ၊ ဘိုလီတို့ပါဝင်တဲ့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့သလို ဧည့်သည် အာဆင်နယ်ဘက်မှာလည်း လာကာဇက်၊ နီကိုလာပေပေ၊ စမစ်ရိုးဝ်၊ ဆာကာ၊ ချာကာ၊ ပါတေး၊ ဆွာရက်စ်၊ ဒါးဗစ်လုဇ်၊ ရော့ဘ်ဟိုးလ်ဒင်း၊ ဘယ်လာရင်၊ လန်နိုတို့ ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေကတည်းက တောက်လျောက် ပုံစံကောင်းတစ်ခု ပြန်ရနေခဲ့တဲ့ အာဆင်နယ်တို့ အခုပွဲမှာလည်း အဝေးကွင်းမှာ လာကစားခဲ့ရပါပေမယ့် ပွဲစကတည်းက အိမ်ရှင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၉ မိနစ်မှာတင် ဆာကာက အာဆင်နယ် အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။ ကစားအားကျသွားခြင်း မရှိတဲ့ အာဆင်နယ်တို့ ဝုဗ်ရဲ့ ဖိအားပေး ကစားပုံအောက်ကနေပဲ ပွဲချိန် ၃၂ မိနစ်မှာတော့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ လာကာဇက်ရဲ့ ဖန်တီးပေးမှုကနေ နီကိုလာပေပေက လှလှပပသွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲရဲ့ အလှည့်အပြောင်းလို့ ပြောလို့ရတဲ့ အခိုက်အတန့်ကတော့ ပွဲချိန် ၄၅+၃ မိနစ်မှာ ဖြစ်ပါတယ်။ အာဆင်နယ် နောက်ခံလူ ဒါးဗစ်လူးဝဇ်က ဝုဗ်တိုက်စစ်မှူး ဂျိုဆေးကို ပင်နယ်တီ ဧရိယာထဲမှာ  ဆွဲလှဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင် ခရိတ်ပေါ်ဆင်က အနီကတ်ပြခဲ့သလို ပင်နယ်တီလည်း ပေးခဲ့တာ ဖြစ်ပါတယ်။ အမြင်အရ ဒါးဗစ်လူးဝစ်ဇ် အနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်း မရှိတဲ့အပြင် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ဖို့ ငြင်းဆန်ခဲ့တာကြောင့် အာဆင်နယ်တို့ အနစ်နာကြီး နစ်နာခဲ့ရပါတယ်။ ပင်နယ်တီကိုတော့ ဂျာအို မော်တင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ၁-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း တစ်ယောက်လျော့နဲ့ အာဆင်နယ်တို့ ဝုဗ်ကို ဘယ်လိုမှ ခံကစားနိုင်ခြင်း မရှိခဲ့ပဲ ပွဲချိန် ၄၉ မိနစ်မှာ ဂျာအိုမော်တင်ဟိုရဲ့ အဝေးကန်ချက် သွင်းဂိုး ၁ ဂိုးကို ထပ်မံ ခွင့်ပြုခဲ့ရပြန်ပါတယ်။ အဲ့နောက် အာဆင်နယ်တို့ နီကိုလာပေပေ အစား အော်ဘာမီယန်းကို လူစားလဲခဲ့ပြီး ပွဲချိန် ၇၂ မိနစ် အရောက်မှာ ဂိုးသမား ဘန်လန်နို အနီကတ် ထပ်မံပြသခံခဲ့ရလို့ ၉ ယောက်- ၁၁ ယောက် အနေအထားနဲ့ ဝုဗ်ကို ဆက်လက် ရင်ဆိုင်ခဲ့ရပါတယ်။ လက်ကျန်မိနစ်တွေမှာ အာဆင်နယ်တို့ ချေပဂိုးရဖို့ ဆိုတာထက် ဂိုးတွေ ထပ်မပေးရဖို့ အတတ်နိုင်ဆုံး ထိန်းကစားသွားခဲ့ရလို့ ပွဲအပြီးမှာ ၂-၁ ရလဒ်နဲ့ပဲ ဝုဗ်တို့ အနိုင်ရသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဝုဗ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အာဆင်နယ်ကို နှစ်ကျော့စလုံး အနိုင်ကစားနိုင်ခဲ့ပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက်ရပ်တည်နေတဲ့ ဝုဗ်

ဒီနေ့ပွဲမှာ အာဆင်နယ် တောင်ပံက နီကိုလာပေပေ ရဲ့ ပုံစံကောင်းတစ်ခုကို မြင်တွေ့ခဲ့ရပြီး ဆာကာရဲ့ ထိုးဖောက်မှုတွေကလည်း ဂိုးရလုရခင်အထိ နီးစပ်ခဲ့သလို ဂိုးလည်း ရခဲ့ပေမယ့် VAR ကြောင့် နစ်နာခဲ့ရတယ်လို့ ဆိုချင်ပါတယ်။ ဂိုးဝင်ခဲ့တဲ့ အချိန်မှာ VAR ပြန်ကြည့်ခဲ့ပေမယ့် ဒါးဗစ်လူးဝစ်ဇ် ရဲ့ ကိစ္စမှာတော့ VAR လေးတောင် တစ်ချက် ပြန်မကြည့်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကတော့ တကယ့်ကို အံဩစရာ ကောင်းလွန်းခဲ့ပါတယ်။ အသင်းဒုက္ခရောက်နေတဲ့ အချိန်မှာ ဂိုးသမား လန်နိုရဲ့ အလျင်စလို ချမိခဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခုကလည်း အာဆင်နယ်ကို ပိုပြီး နစ်နာသွားစေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အနီကတ်ပြသခံရတဲ့ အရေအတွက် အများဆုံး အသင်း ဖြစ်နေပြီး နောက်ခံလူ ဘယ်လာရင် ကိုယ်တိုင်ကလည်း အမှားတွေကြားကနေ သင်ခန်းစာယူသင့်ပြီ ဖြစ်ကြောင်း အသင်းဖော်တွေကို တိုက်တွန်းစကားဆိုခဲ့ပါတယ်။ ဒါးဗစ်လူးဝစ်ဇ်ရဲ့ အနီကတ်နဲ့  ပတ်သတ်လို့တော့ ကျိန်းသေပေါက် အယူခံဝင်သွားမယ်လို့ နည်းပြ မီခယ်အာတေးတားက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ အခုပွဲအပြီးမှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ၇ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ရပ်တန့်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဝုဗ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အာဆင်နယ်ကို နှစ်ကျော့စလုံး အနိုင်ကစားနိုင်ခဲ့ပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဝုဗ်တို့ လာမယ့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လက်စတာစီးတီးနဲ့ ကစားဖို့ရှိပြီး အာဆင်နယ်ကတော့ အက်စတွန်ဗီလာနဲ့ ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်