နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံဆုကို ကာကွယ်ဖို့ ရီးရဲယ်မက်ဒရစ် အတွက် နောက်ထပ် အခွင့်အရေးကောင်း – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဂရန်နာဒါ – ရီးရဲယ်မက်ဒရစ်

မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာတို့ လီဗန်တေးနဲ့ သရေကျခဲ့ပြန်သလို အက်တလက်တီကိုမက်ဒရစ်တို့ ဆိုစီဒက်စ်နဲ့ တွေ့ဆုံနေတာကို ရီးရဲယ်မက်ဒရစ်တို့ အခွင့်ကောင်းယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲယ်မက်ဒရစ် တို့ဟာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းခွင့်ရဖို့ မကြာခဏ အခွင့်အရေးကောင်းတွေ ကြုံခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိတာကြောင့် ထိပ်ဆုံးက အက်တလက်တီကိုမက်ဒရစ်ရဲ့ နောက်ကနေပဲ တောက်လျောက် လိုက်လံ ဖိအားပေးနေခဲ့ရတာ ဖြစ်ပါတယ်။

ဂရန်နာဒါ အတွက် လာလီဂါမှာ ရလဒ်ကောင်းသည်၊ မကောင်းသည်က သိပ်ပြီး အရေးမကြီးတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဂရန်နာဒါတို့ လက်ရှိမှာ ၃၅ ပွဲကစား ၄၅ မှတ် ရရှိထားပြီး ယူရိုပါလိဂ် ဝင်ခွင့် တစ်နေရာနဲ့ ၉ မှတ် ကွာဟနေပါတယ်။ ဒါ့ကြောင့် လက်ကျန် ၃ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ချိန်မှာ ဘာဆိုဘာမှ မျှော်လင့်ခွင့်လို့ မရတာ သေချာသလောက် ရှိနေခဲ့တဲ့ ဂရန်နာဒါတို့ ရာသီအကုန်မှာ အမြင့်ဆုံး အဆင့် ၇ နေရာ ကနေ ရာသီသိမ်းနိုင်ဖို့ပဲ မျှော်လင့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဂရန်နာဒါတို့ရဲ့ အခုနှစ် ဘောလုံးရာသီဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးလို့ ပြောနိုင်ပြီး ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံခဲ့ရလို့ အားမတန် မာန်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ကို အာရုံစိုက်ခဲ့လို့ ဂရန်နာဒါတို့ လာလီဂါမှာ ရုန်းကန်ခဲ့ရပြီး လက်ရှိရာသီမှာတော့ ဘာဆိုဘာမှ မျှော်လင့်စရာ မရှိတော့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၃ ပွဲအထိ ရှိခဲ့ပေမယ့် အီဘာ ကို အနိုင်ရရှိခဲ့တာ အပြင် ဘာစီလိုနာ ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာက အံ့အားသင့်စရာပါပဲ။ တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှု ၂၀ ရာခိုင်နှုန်းတောင် မပြည့်ခဲ့သလို ဂိုးပေါက် ကန်ချက် ၅ ကြိမ်မှာ ၂ ကြိမ်တည့်ပြီး ၂ ဂိုးရခဲ့တဲ့ ဂရန်နာဒါတို့ ကံစွပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆိုလ်ဒါဒို၊ လူးဝစ်ဆွာရက်ဇ်၊ ဒါဝင်မာချစ်၊ မွန်တိုရို၊ မိုလီနာ တို့ဟာ ပြိုင်ဘက်ကို မထင်မှတ်ပဲ ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ ဖြစ်ပြီး အခုပွဲမှာ ရီးရဲယ်မက်ဒရစ်ကို အံ့အားသင့်စရာတွေ လုပ်ပြလာနိုင်ပါတယ်။ သို့ပေမယ့်လည်း ဗယ်လီဂျို၊ နီဗာ၊ ကနက်ဒီ၊ လူးဝစ်မစ်လာ တို့ ဒဏ်ရာပြသနာကြောင့် ပါဝင်လာနိုင်ခြင်း မရှိတာက ဂရန်နာဒါ အတွက် အားနည်းချက် ဖြစ်လာနိုင်ပါတယ်။

ယူရိုပါလိဂ် ကို အာရုံစိုက်ခဲ့လို့ ဂရန်နာဒါတို့ လာလီဂါမှာ ရုန်းကန်ခဲ့ရပြီး လက်ရှိရာသီမှာတော့ ဘာဆိုဘာမှ မျှော်လင့်စရာ မရှိတော့တာ ဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အီဘာနဲ့ ဘာစီလိုနာကို အနိုင်ရထားခဲ့တဲ့ ဂရန်နာဒါ

တခြား ဥ‌ရောပထိပ်သီးတွေလို့ တခြားပြိုင်ပွဲတွေ ဘာမှကစားဖို့ မကျန်တော့ပေမယ့် အခုထိ လာလီဂါကို အာရုံမစိုက် နိုင်သေးတာက ရီးရဲယ်မက်ဒရစ်ရဲ့ လက်တလလော စိတ်ပျက်စရာ အခြေအနေပါပဲ။ ရီးရဲယ်မက်ဒရစ် အနေနဲ့ အနီးကပ် ပြိုင်ဘက်တွေ ဖြစ်တဲ့ အက်တလက်တီကိုနဲ့ ဘာစီလိုနာတို့ ပြီးခဲ့တဲ့ ပွဲတွေမှာ ရမှတ် ဆုံးရှုံးခဲ့တာကို အခွင့်ကောင်းသာ ယူနိုင်ခဲ့ရင် ဘာပဲပြောပြော လက်ရှိ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ဖလားကို မယူကြေး ပြိုင်ထားသလား ထင်ရအောင် ၃ သင်းစလုံး အတိုင်အဖောက်ညီညီနဲ့ ခြေချော်ခဲ့တာ အခုဆိုရင် ၃ ပွဲပဲ ကစားဖို့ ကျန်ပါတော့တယ်။ ရီးရဲယ်မက်ဒရစ်တို့ လက်ကျန် ၃ ပွဲမှာ အခု ဂရန်နာဒါနဲ့ ပြီးရင် ဘီလ်ဘာအို၊ ဗီလာရီးရဲယ် တို့နဲ့ ကစားရမှာ ဖြစ်လို့ ဂရန်နာဒါနဲ့ ပွဲက အချောင်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ဇီဒန်း အနေနဲ့ သူ့အသင်းကို မဖြစ်မနေ အနိုင်ကစားဖို့ အာရုံစိုက်ခိုင်းထားမှာ သေချာပါတယ်။ ပြသနာက ခံစစ်မှာ ရာမို့စ်ကစလို့ ဗာရန်း၊ မန်ဒီ၊ ကာဗာဟယ်၊ လူးကပ်စ် ဗက်စကွက်တို့ ဒဏ်ရာရနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဇီဒန်းအနေနဲ့ ဘယ်နောက်ခံနေရာမှာ လူငယ်ကစားသမား ဂူတီယာရက်ဇ်ကို ထုတ်သုံးလာမယ့် သဘောရှိပြီး ဗဟိုခံစစ်မှာ မီလီတောင်၊ နာချိုဖာနန်ဒက်စ်၊ ညာနောက်ခံလူ နေရာမှာ ဗယ်ဗာဒီ တို့နဲ့ ပွဲထွက်လာမယ့် သဘောရှိပါတယ်။ ကွင်းလယ်မှာတော့ ထုံးစံအတိုင်း ခရူးစ်၊ ကတ်ဆီမီရို၊ မိုဒရစ်ချ်၊ တိုက်စစ်မှာ ကာရင်ဘင်ဇီမာ၊ အဆန်ဆီရို၊ အီဒင်ဟာဇက် တို့နဲ့ ပွဲထွက်လာဖို့ များပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လာလီဂါ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၅ ကြိမ်မှာ အိမ်ရှင် ဂရန်နာဒါတို့ ၂၀၁၃ ခုနှစ်က တစ်ကြိမ်သာ အနိုင်ရထားပြီး ကျန် ၁၄ ပွဲစလုံး အရှုံးပေးထားရပါတယ်။ မှတ်မှတ်ရရ ရော်နယ်ဒို ၄ ဂိုးသွင်းပြီး ၉-၁ နဲ့ အနိုင်ရခဲ့တဲ့ မှတ်တမ်းတောင် ရှိဖူးပြီး နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ရီးရဲယ်မက်ဒရစ်တို့ ၂ ဂိုးပဲ သွင်းနိုင်တဲ့ပွဲ ၂ ပွဲပဲ ရှိခဲ့ပေမယ့် ၄ ဂိုးနဲ့ အထက် သွင်းယူခဲ့တဲ့ ပွဲကတော့ ၃ ပွဲ ရှိထားပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်