နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျဂိုးတွေ‌ နဲ့ ဒရမ်မာချိုးပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်သွားတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၂၁ အတ်တလန်တာ

ဒီပွဲကတော့ ကြည့်ကောင်းတဲ့ပွဲတစ်ပွဲလို့ ပြောရမှာထက် နောက်ဆုံးမိနစ်တွေအထိ ရင်ခုန်စရာကောင်းခဲ့တဲ့ပွဲလို့ ဆိုရမှာပါ။ နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့ ဒရမ်မာချိုးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် လည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီတို့ အီတလီကလပ် အတ်တလန်တာနဲ့ တွေ့လို့ အုပ်စုချောင်တယ်လို့ ခန့်မှန်း‌ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက်မလွယ်ခဲ့တဲ့အပြင် ရုံးကန်ခဲ့ရတယ်ဆိုရင်လည်းမမှားပါဘူး။ ချီးကျူးရလောက်တဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်အပြည့်ရှိခဲ့တဲ့ အတ်တလန်တာတို့ ပွဲအစ ၂၆မိနစ်မှာရခဲ့တဲ့ သွင်းဂိုးနဲ့ မိနစ် ၉၀ထိ တောင့်ခံနိုင်ခဲ့ပေမယ့် တစ်ဖက်က ထိပ်တန်းတိုက်စစ်မှူးတွေရဲ့ ဖိအားပေးမှုကို အချိန်ပိုထိတော့ တောင့်မခံနိုင်ခဲ့ပါဘူး။ ပီအက်စ်ဂျီတို့ တစ်ပွဲလုံး ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ရရှိတဲ့ သွင်းဂိုးတွေကြောင့်ပဲ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ခဲ့တာဖြစ်ပါတယ်။ ကလပ်တည်ထောင်တဲ့ နှစ် ၅၀ပြည့် ဒီနေ့မှာ ပီအက်စ်ဂျီတို့ ရခဲ့တဲ့ပျော်ရွှင်ထက် အကောင်းဆုံး ရှုံးနိမ့်သူဖြစ်ခဲ့ရတဲ့ အတ်တလန်တာသားတို့ရဲ့ ၀မ်းနည်းမှုကပိုလောက်ပါတယ်။ စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံးအသင်းလို့ ပြောရတဲ့အထိ ‌ဒီနှစ်ထဲမှာ အတ်တလန်တာ အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပြီးပါပြီ။ စီးရီးအေမှာ အဆင့် ၃နေရာရပ်တည်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ၂၅နှစ်အတွင်း ပထမဆုံးအကြိမ် ဒီအဆင့်ထိတက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းငယ်တစ်သင်းကို အခုအဆင့်ထက်ပိုပြီး မြင်တွေ့ချင်ပေမယ့် အတ်တလန်တာတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။
 

အထင်ကရအချက်အလက်များ

တိုက်စစ်ကစားဟန် ဦးစားပေးအသင်းနှစ်သင်းဖြစ်လို့ ကြည့်ကောင်းခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ အတ်တလန်တာတို့ လူစာရင်းပြည့်ပွဲထွက်လာခဲ့ပေမယ့် ပီအက်စ်ဂျီဘက်မှာတော့ အန်ဘာပေပထမလူစာရင်းမှာ ပါ၀င်လာခြင်းမရှိခဲ့ပါဘူး။ ပထမပိုင်းပွဲစကတည်းက အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ကြပြီး နေမာရဲ့ အပိုင်အခွင့်အရေး လွဲချော်ခဲ့တာအပြင် အတ်တလန်တာ တိုက်စစ်က ကန်ချက်တွေကို ဂိုးသမား နာဗက်စ်ကာကွယ်နေခဲ့လို့ သွင်းဂိုးတွေမရရှိဖြစ်နေခဲ့ပါတယ်။ ၂၃မိနစ်မှာတော့ အတ်တလန်တာတို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ပါဆာလစ်က လှလှပပပဲသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် ပီအက်စ်ဂျီတို့ ဖိအား၀င်ခဲ့ပြီး အတ်တလန်တာနောက်တန်းကို ထိထိရောက်ရောက်မထိုးဖောက်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း မိနစ်၆၀မှာတော့ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ အမ်ဘာပေး၀င်လာခဲ့ပါတယ်။ အန်ဘာပေးဟာ ပီအက်စ်ဂျီအတွက် ကယ်တင်ရှင်ဖြစ်ခဲ့ပါတယ်။ တစ်သင်းလုံး ဂိုးပေါက်ကန်သွင်းချက် ၆၀ရာခိုင်နှုန်းလောက် အန်ဘာပေး၀င်လာမှ ရရှိခဲ့တာဖြစ်ပါတယ်။ အတ်တလန်တာတို့ အနိုင်ဂိုးကို ထိန်းဖို့ကြိုးစားခဲ့ပေမယ့် မိနစ် ၉၀ပြည့်ချိန်မှာတော့ တောက်လျောက်တိုက်စစ်ဆင်နေတဲ့ နေမာ၊အန်ဘာပေး၊ ဒရက်စလာတို့ရဲ့ ဖိအားပေးမှုကို အလျော့ပေးလိုက်ရပါတယ်။ နေမာရဲ့ ပေးပို့မှုကို မာကွင်ဟို ချိန်သားကိုက်ပိတ်သွင်းပြီး ချေပဂိုးရယူခဲ့သလို နောက်ထပ် ၃မိနစ်အကြာမှာ တောင်ပံက အန်ဘာပေးရဲ့ ပေးပို့မှုကို မော့တင်းက ပိတ်သွင်းပြီး အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အတ်တလန်တာတို့ ဒီအဆင့်နဲ့ ပိုပြီးထိုက်တန်ခဲ့ပေမယ့် ပွဲအဖြေကိုပြောင်းလဲပေးနိုင်မယ့် ကစားသမားတွေပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီလိုအသင်းကိုတော့ ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အတ်တလန်တာတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။
နာကျင် အချိန်ပိုထိ အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့တဲ့ အတ်တလန်တာ

 

လာမယ့်ပွဲစဉ်များ

ပီအက်စ်ဂျီတို့ ဥရောပချန်ပီယံလိဂ်အိမ်မက်‌တွေ အကောင်အထည်ဖော်ဖို့ နီးစပ်လာခဲ့ပါပြီ။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ အက်သလက်တီကို မက်ဒရစ်နဲ့ လိုက်ပ်ဇစ် ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာဖြစ်လို့ ပွဲချောင်နေပါသေးတယ်။ နည်းပြသောမက်စ် တူချယ်အနေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိနေသေးပေမယ့် ဗိုလ်လုပွဲသွားရာလမ်းကဖြောင့်နေလို့ ဒီနှစ်ချန်ပီယံလိဂ်ဖလားကို ပီအက်စ်ဂျီအသင်း ကိုင်မြှောက်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဆီမီးဖိုင်နယ်အဆင့်ရောက်ဖို့ လက်တစ်ကမ်းအလိုကနေ အိမ်ပြန်ခဲ့ရတဲဘ့ အတ်တလန်တာကတော့ လာမယ့်နှစ်မှာလည်း ချန်ပီယံလိဂ် တိုက်ရိုက်၀င်ခွင့်ရထားလို့ အနာဂတ်မှာ မျှော်လင့်ချက်တွေရှိနေပါသေးတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်