နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၆ နှစ် အကြာမှ အက်ဖ်အေဖလား ချန်ပီယံ ပြန်ဖြစ်ခဲ့ပြီး ဖလား ၄ လုံး အိမ်မက်ကို အသက်သွင်းနေဆဲ လစ်ဗာပူးလ်

ချဲလ်ဆီး ၀-၀ လစ်ဗာပူးလ် (ပင်နယ်တီ ၅-၆)

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာတော့ လစ်ဗာပူးလ်တို့ ချဲလ်ဆီးကို ဝင်ဘလေကွင်းမှာ ပင်နယ်တီ အဆုံးအဖြတ် ရလဒ် ၅-၆ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ်တို့ ဒီရာသီ ဝင်ဘလေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲ ၂ ပွဲလုံး မိနစ် ၉၀ အတွင်း အနိုင်အရှုံး အဖြေမပေါ်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး လစ်ဗာပူးလ် တို့ပဲ ထပ်မံ အနိုင်ရရှိကာ အက်ဖ်အေဖလား ချန်ပီယံဆုကို ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၈ ကြိမ်မြောက် ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ချဲလ်ဆီးက မန်ဒီ၊ ချာလိုဘာ့၊ ရူဒီဂါ၊ သီယာဂို ဆေးလ်ဗား၊ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ ရိစ်ဂျိမ်းစ်၊ အလွန်ဆို၊ လူကာကူ၊ မေဆန်မောင့်၊ ပူလီဆစ်ခ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ ကိုင်ဟာဗက်ဇ် ကတော့ လုံးဝ လွဲချော်ခဲ့ပြီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာနဲ့ ကန်တေ တို့ကတော့ အရံလူစာရင်းမှာပဲ ပါဝင်ခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ဗီလာနဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာရသွားတဲ့ ဖာဘင်ဟိုက လွဲလို့ လူစုံခဲ့ပြီး တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဒီးရာ့ဇ်၊ ကွင်းလယ်မှာ သီယာဂို၊ ဟန်ဒါဆန်၊ နာဘီကေတာ၊ ခံစစ်နဲ့ ဂိုးမှာတော့ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ အာနိုးလ်၊ ရော်ဘတ်ဆန်နဲ့ အလီဆွန် တို့ပဲ ပွဲထွက်ခဲ့ပါတယ်။

လာလီဂါ
ဆယ်တာဗီဂို
အယ်လ်ချီ
1X2 ဆယ်တာဗီဂို CF @ 9.00
ဆယ်တာဗီဂို အယ်လ်ချီ အာရှ အကျောပေး -1.75 @ 2.33
ဂိုး‌အောက် 2.50 @ 2.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစကတည်းက လစ်ဗာပူးလ်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ချဲလ်ဆီးကို ဖိအားပေးနိုင်ခဲ့ပြီး လူးဝစ် ဒီးရာ့ဇ်ရဲ့ အပိုင်ကန်ချက်တွေ ဂိုးပေါက်နဲ့ လွဲချော်ခဲ့လို့ ဦးဆောင်ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဆာလာ ပေါင်ခြံ ဒဏ်ရာ ရသွားတာကြောင့်လည်း လစ်ဗာပူးလ် တိုက်စစ် အနည်းငယ် အားပျော့သွားခဲ့ရပြီး အီဂျစ် တိုက်စစ်မှူး အနေနဲ့ နောက်ထပ် ၁၄ ရက် အကြာမှာ ရီးရဲယ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုတော့ ပါဝင်လာနိုင်ဖို့ ရှိနေတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။ ချဲလ်ဆီး နောက်တန်းက ချာလိုဘာ့နဲ့ ဂျိမ်းစ်တို့ လူးဝစ် ဒီးရာ့ဇ်ကို အသည်းအသန် လိုက်ထိန်းနေရပြီး ဆာလာ အစား ဝင်လာတဲ့ ဂျိုတာလည်း အပိုင်အခွင့်အရေး အချို့ ရခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ အဲ့နောက် ချဲလ်ဆီး ဘက်ကလည်း ပူလီဆစ်ခ်နဲ့ အလွန်ဆိုတို့ အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ပထမပိုင်း အပြီးမှာ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန် မှာတော့ ချဲလ်ဆီးတို့ လစ်ဗာပူးလ်ရဲ့ အထနှေးမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ကိုဗာချစ်၊ အလွန်ဆိုရဲ့ ကန်ချက်တွေနဲ့ အလီဆွန်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲက တဖြည်းဖြည်း ပိုကြည့်ကောင်းလာခဲ့ပြီး ပွဲချိန် ကြာလာတာနဲ့ အမျှ လစ်ဗာပူးလ်တို့ ပွဲကို ပြန်ပြီး လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး နောက်တန်းက ဆေးလ်ဗားနဲ့ ရူဒီဂါတို့ အမှားအယွင်း မရှိခဲ့သလို ဒါးရာ့ဇ်နဲ့ ရော်ဘတ်ဆန်တို့ နှစ်ကြိမ်တိုင်တိုင် တိုင်ထိခဲ့တာကြောင့်လည်း လစ်ဗာပူးလ်တို့ နစ်နာခဲ့ရပါတယ်။ ဒီလိုနဲ့ မိနစ် ၉၀ ပြည့်တဲ့ အချိန်ထိ ဂိုးမရခဲ့ကြလို့ အချိန်ပို ၁၅ မိနစ်စီ ဆက်ပြီး ကစားခဲ့ရပါတယ်။ အချိန်ပို မှာလည်း နှစ်သင်းလုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပထမ ပင်နယ်တီ ၅ လုံး အဆုံးအဖြတ် မှာတော့ ချဲလ်ဆီး ဘက်က အက်ဇ်ပီလီကွယ်တာ တိုင်ထိခဲ့ပြီး လီဗာပူးဘက်က ဆာဒီယို မာနေးရဲ့ အဆုံးအဖြတ် ပင်နယ်တီကို ဆီနီဂေါ အသင်းဖော် မန်ဒီ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မေဆင်မောင့်ရဲ့ကန်ချက်ကို အလီဆွန် ကာကွယ်နိုင်ခဲ့တာကြောင့် လစ်ဗာပူးလ်က ချဲလ်ဆီးကို ၆-၅ ရလဒ်နဲ့ အနိင်ရရှိကာ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ခရာဘောင် ဗိုလ်လုပွဲ ပင်နယ်တီ ရှုံးကြွေးကို မဆပ်နိုင်ခဲ့တဲ့ အပြင် ထပ်တင်ခဲ့ပြီး လစ်ဗာပူးလ် ကတော့ အက်ဖ်အေဖလားနဲ့ အတူ ဖလား ၄ လုံး မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ်။


စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

လစ်ဗာပူးလ် နည်းပြကြီး ဂျာဂျင်ကလော့ပ် အနေနဲ့ လီဗာပူးလ် နည်းပြဘဝ သက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ် ဖလား၊ အက်အေဖလားနဲ့ ခရာဘောင်ဖလား စတဲ့ ဆုဖလား အားလုံးကို ရယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ပြီးရင် ပရီးမီးယားလိဂ် ကလပ် အသင်း တစ်သင်းကို ဖလား အားလုံး ရယူပေးနိုင်တဲ့ ဒုတိယမြောက် နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆီးဟာ အက်အေဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်ကို ဒီနှစ် အပါအဝင် (၃)နှစ် ဆက်တိုက် တတ်လှမ်းထားနိုင်ခဲ့ပြီး ၃ ကြိမ်စလုံး ဒုတိယဆုနဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။
လစ်ဗာပူးလ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ထပ်မံ အရှုံးပေးခဲ့ရပြီး အက်ဖ်အေဖလားကို လက်လွှတ်ခဲ့ရတဲ့ ချဲလ်ဆီး

ဂျာဂျင် ကလော့ပ်ဟာ ပရီးမီးယားလိဂ် ဖလားကို ပထမဆုံးအကြိမ် သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ဂျာမန်လူမျိုး နည်းပြ ဖြစ်ခဲ့သလို အက်အေဖလား ကိုလည်း ပထမဆုံး ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဂျာမန်လူမျိုး နည်းပြ ဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆီးဟာ အက်အေဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဆင့်ကို ဒီနှစ် အပါအဝင် (၃)နှစ် ဆက်တိုက် တတ်လှမ်းထားနိုင်ခဲ့ပြီး ၃ ကြိမ်စလုံး ဒုတိယဆုနဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။

အက်အေဖလား ဗိုလ်လုပွဲစဉ်ရဲ့ အချိန်ပို ပထမပိုင်းမှာ မာတစ်နဲ့ လူစားလဲခံခဲ့ရတဲ့ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ လစ်ဗာပူးလ် ကစားသမားဘဝ အတွင်း အခုတစ်ကြိမ် အပါအဝင် ၅ ကြိမ်သာ လူစားလဲခံခဲ့ရပြီး အခုတစ်ကြိမ် ကလည်း ဒီရာသီမှာ ပထမဆုံး အကြိမ် လူစားလဲခံခဲ့ရခြင်း ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်၊ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက ဥရောပစူပါဖလားပြိုင်ပွဲ အခုနှစ် ဘောလုံးရာသီရဲ့ ခရာဘောင်နဲ့ အက်အေဖလားပြိုင်ပွဲတွေမှာ ပင်နယ်တီ အဆုံးအဖြတ်တွေ ခံယူခဲ့ရပြီး နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။

လစ်ဗာပူးလ် နည်းပြ ဂျာဂျင်ကလော့ပ်နဲ့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် တို့ဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ အက်အေဖလားနဲ့ ခရာဘောင်ဖလား အားလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့ကြပြီး လီဗာပူးလ် အတွက် အဓိက အကျဆုံး ဖြစ်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် မေလ ၁၉ ရက်နေ့မှာ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ဆောက်သမ်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်