နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၁၁၅ ကြိမ်မြောက် အင်္ဂလန်-စကော့တလန် ဒါဘီ (သို့) ဘောလုံးသမိုင်းရဲ့ သက်တမ်းအရင့်ဆုံး ပြိုင်ဆိုင်မှု – ယူရို ၂၀၂၀ ပွဲကြို သုံးသပ်ချက်

အင်္ဂလန် – စကော့တလန်

ဇွန်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁:၃၀ နာရီ မှာတော့ ယူရို ၂၀၂၀ အုပ်စု(D) က အင်္ဂလန်-စကော့တလန် ဒါဘီ (သို့) ဘောလုံးသမိုင်းရဲ့ သက်တမ်းအရင့်ဆုံး ပြိုင်ဆိုင်မှုကို အားပေးကြရဦးမှာ ဖြစ်ပါတယ်။ ၁၁၅ ကြိမ်မြောက် အဖြစ် ထိပ်တိုက် တွေ့ကြမယ့် အင်္ဂလန်နဲ့ စကော့တလန်တို့ အတွက် အခုပွဲရဲ့ အဖြေဟာ နောက်တစ်ဆင့် တက်ရောက်နိုင်ရေး အတွက် အရေးပါနေသလို ပွဲရလဒ်ထက်ပိုတဲ့ သက်ရောက်မှုတွေလည်း ရှိလာနိုင်လို့ သာမန် ပွဲစဉ်တွေထက် ပိုပြီး စိတ်ဝင်စားစရာကောင်းနေတာ ဖြစ်ပါတယ်။

စကော့တလန် ကတော့ အဖွင့်ပွဲမှာ ချက်ကို ဂိုးပြတ်ရှုံးခဲ့လို့ ယူရို ၂၀၂၀ ရှုံးထွက်တက်ဖို့ ဆိုရင် အခုပွဲကို အနိုင်ကစားမှ ရမှာပါ။
အင်္ဂလန်နဲ့ တွေ့ဆုံချိန်တိုင်း အကောင်းဆုံး တုန့်ပြန်ကစားခဲ့တဲ့ စကော့တလန်

ခရိုအေးရှားနဲ့ အဖွင့်ပွဲမှာ ခြေစွမ်းပိုင်း အားရစရာ မကောင်းခဲ့လို့ ‌ဆောက်ဂိတ်ရဲ့ နည်းစနစ်ပိုင်းကို မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပေမယ့် စတာလင်ရဲ့ သွင်းဂိုးကြောင့် ကံကောင်းသွားခဲ့တာ ဖြစ်ပါတယ်။ အခုပွဲ ကတော့ ဘောလုံး ပြိုင်ဆိုင်မှု ဆိုတာထက်ပိုတဲ့ သမိုင်းကြောင်း နောက်ခံအပြည့်နဲ့ ခါးသီးတဲ့ ပြိုင်ဘက် စကော့တလန်ကို ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ဆောက်ဂိတ် ကျိန်းသေပေါက် အမှားမလုပ်မိအောင် ပြင်ဆင်လာပါလိမ့်မယ်။ ပွဲထွက်ကစားသမား အသုံးပြုမှု၊ ကစားကွက်တွေက အစ တော်တော်များများ အပြောင်းအလဲတွေ လုပ်လာမယ့် သဘောရှိပါတယ်။ ၄-၂-၃-၁ အစား ၄-၃-၃နဲ့ ပွဲထွက်လာနိုင်ပြီး မက်ဂွိုင်းယား ပြန်ကစားနိုင်ဖို့ မသေချာသေးလို့ ဂျွန်စတုန်းစ်-မင်းဂ် ဗဟိုခံစစ် တွဲဖက်မှုကိုပဲ မြင်တွေ့ရဦးမယ့် သဘောရှိပါတယ်။ ဒါပေမယ့် ဘယ်နောက်ခံလူ နေရာအတွက် လုခ်ရှောနဲ့ ချေးလ်ဝဲလ်တို့ လူစာရင်းမှာ ပါလာနိုင်ပြီး ကွင်းလယ် မှာတော့ ပြီးခဲ့တဲ့ပွဲက ခြေစွမ်းပြခဲ့တဲ့ ကယ်ဗင်ဖီးလစ် နဲ့အတူ ဒီကလန်ရိုက်စ်၊ မေဆင်မောင့်၊ တိုက်စစ်မှာတော့ စတာလင်၊ ဟာရီကိန်း၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ကျိန်းသေပေါက် ပွဲထွက်လာနိုင်ပါတယ်။ ဖိုဒန်ကို အနားပေးဖို့ များပြီး ဂရီးလစ်ရှ် လူစာရင်းမှာ ပြန်ပါလာနိုင်ပေမယ့် အရန်ခုံမှာ အရင် ထိုင်ခိုင်းဦးမယ့် သဘောရှိပါတယ်။ ဘာပဲပြောပြော လက်ရှိ ဖြစ်နိုင်ဖွယ် လူစာရင်းဟာ ပြီးခဲ့တဲ့ ခရိုအေးရှားနဲ့ ပွဲက လူစာရင်းထက် အများကြီး ပိုကောင်းတာကြောင့် အားလုံး‌ မျှော်လင့်ထားတဲ့ အင်္ဂလန်ကို စကော့တလန်နဲ့ ပွဲမှာ မြင်တွေ့ရဖို့ များပါတယ်။  အင်္ဂလန်တို့ အခုပွဲနိုင်ရင် ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို ကျိန်းသေပေါက် တက်မှာ ဖြစ်လို့ အိမ်ကွင်း အားသာချက်နဲ့ အတူ ပြီးခဲ့တဲ့ ပွဲထက်ပိုပြီး အားစိုက်ပါလိမ့်မယ်။

စကော့တလန် ကတော့ အဖွင့်ပွဲမှာ ချက်ကို ဂိုးပြတ်ရှုံးခဲ့လို့ ယူရို ၂၀၂၀ ရှုံးထွက်တက်ဖို့ ဆိုရင် အခုပွဲကို အနိုင်ကစားမှ ရမှာပါ။ ဒါပေမယ့် အခုကစားရမယ့်ပွဲက ဝင်ဘလေမှာပါ။ ဝင်ဘလေမှာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ၃၂ ပွဲမှာ စကော့တလန်တို့ ၉ ပွဲ အနိုင်ရထားပေမယ့် အင်္ဂလန်က ၁၈ ပွဲအထိ အနိုင်ရထားပါတယ်။ ပြီးတော့ ဝင်ဘလေမှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၅ ပွဲမှာ အင်္ဂလန်က ၁၁ ကြိမ် နိုင်ပြီး စကော့တလန်က ၄ ကြိမ်ပဲ ပြန်ပြီး အနိုင်ရခဲ့ပါတယ်။ စကော့တလန်မှာ အာဆင်နယ် ဘယ်နောက်ခံလူ တီယာနီ ပြန်ပါလာဖို့ ရှိလို့ ပြီးခဲ့တဲ့ ပွဲလောက်တော့ ခံစစ်ကစားပုံ မဆိုးလောက်တော့ပါဘူး။ အဒမ်၊ အမ်းစထရောင်း၊ မက်တော်မီနေး၊ ရော်ဘတ်ဆန်၊ ဖောရက်စ်၊ မက်ဂင်းတို့နဲ့ လူစုံလာဖို့ ရှိပြီး စိတ်ဓာတ် မာကျောမှုနဲ့ အင်္ဂလန်ကို ရင်ဆိုင်မယ့် စကော့တလန်တို့ တတ်နိုင်သမျှ အမှတ်ရဖို့ ကြိုးစားလာဦးမှာ သေချာပါတယ်။
 

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရမယ် ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ အခု ပွဲဟာ ဒီနှစ်သင်း အတွက် ၁၁၅ ပွဲမြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁၄ ကြိမ်မှာ အင်္ဂလန်က ၄၈ ပွဲနိုင်၊ ၄၁ ပွဲရှုံး၊ ၂၅ ပွဲ သရေကျခဲ့ပြီး နှစ်သင်းပေါင်း သွင်းဂိုး ၃၈၂ ဂိုး အထိ ရှိခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ အပြန်အလှန် ဂိုးတွေသွင်းပြီး နှစ်သင်းပေါင်း သွင်းဂိုး ၂ ဂိုးနဲ့ အောက် ရှိခဲ့တဲ့ ပွဲက တော်တော်ရှားပါတယ်။ ၁၉၆၁ ခုနှစ် ခြေစမ်းပွဲမှာ ဆိုရင် ၉-၃ ရလဒ်နဲ့ နှစ်သင်းပေါင်း ၁၂ ဂိုးအထိ သွင်းခဲ့တဲ့ ပွဲတောင် ရှိပါတယ်။ အင်္ဂလန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲဆက် အနိုင်ရထားခဲ့ပြီး ရဂိုး ၁၆ ဂိုးနဲ့ ပေးဂိုး ၁ ဂိုးသာ ရှိခဲ့ပါတယ်။ ဖြစ်ပါတယ်။ စကော့တလန်ရဲ့ နောက်ဆုံး ၅ပွဲ ရလဒ် ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အင်္ဂလန် vs စ‌ကော့တလန် အချိန်ပြည့် 1X2 အင်္ဂလန် @ ၁.၃၀ ဆ
ဇွန် လ ၁၈ ရက်, မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အင်္ဂလန် အတွက် ၁.၃၀  ဆ၊ စကော့တလန် အတွက် ၁၀.၀၀ ဆနဲ့ သရေအတွက် ၅.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အစဉ်အလာနဲ့ စိတ်ဓာတ်ပိုင်းတွေကို ထည့်စဉ်းစားပြီး သရေရလဒ်ကို ကြိုက်ပေမယ့်  ပေါက်ကြေးနဲ့ ခြေစွမ်းအရ အင်္ဂလန်ကိုပဲ ရွေးချယ်ရမယ့် သဘောရှိပါတယ်။ ဒါပေမယ့်လည်း သေချာ စဉ်းစားပြီးမှာ ရွေးချယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သေချာတာကတော့ နှစ်သင်းပေါင်း သွင်းဂိုး ၂ ဂိုးနဲ့ အထက်မှာ ရှိပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်