နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်အဖွင့်ပွဲမှာ သရေတစ်မှတ်စီ ခွဲယူကြမယ့် ချဲလ်ဆီးနဲ့ ဆီဗီလာ

ချယ်လ်ဆီး vs ဆီဗီလာ

အောက်တိုဘာလ ၂၁ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁နာရီခွဲ မှာ ချန်ပီယံလိဂ် အုပ်စု (င) ရဲ့ အဖွင့်ပွဲစဉ် အဖြစ် ချဲလ်ဆီးနဲ့ ဆီဗီလာတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ ကာလမှာ ငွေကြေး အမြောက်အမြား သုံးစွဲပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ ချဲလ်ဆီးတို့ အသင်းလိုက်စွမ်းဆောင်ရည်ကောင်းတဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာကို စတန်းဖိုဒ့်ဘရစ်ချ်မှာ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လက်ရှိ ချန်ပီယံလိဂ် အုပ်စု (င)မှာ ချဲလ်ဆီးတို့ ဆီဗီလာ၊ ရန်းစ်၊ ခရက်စနိုဒေါ အသင်းတွေနဲ့တစ်အုပ်စုတည်း ကျ ရောက်နေခဲ့ပြီး မသိမသာ အုပ်စုကျပ်နေတယ်လို့ ဆိုရမှာပါ။ ချဲလ်ဆီးတို့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ၄ကြိမ်စလုံး ၁၆ သင်းအဆင့်ကနေပဲ လှည့်ပြန်ထားရပါတယ်။ မနှစ်ကလည်း ချန်ပီယံဖြစ်ခဲ့တဲ့ ဘေယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ၇-၁နဲ့ အရေးနိမ့််ပြီး ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာနဲ့ ရာသီ သိမ်းခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့််ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြ ဖရန့်ခ်လမ်းပတ်အတွက် ပိုင်ရှင် အေဗရာမိုဗစ်က ငွေ စိတ်ကြိုက်သုံးစွဲခွင့် ပေးခဲ့ပါတယ်။ မနှစ်ကအပြောင်းအရွှေ့မှာ ပြစ်ဒဏ်ကြောင့် ကစားသမားခေါ်ခွင့်မရခဲ့တဲ့ ချဲလ်ဆီးတို့ တီမိုဝါနာ၊ ဇီယက်ချ်၊ ဘန်ချေးလ်ဝဲလ်၊ ကိုင်ဟာဗက်ဇ်၊ အက်ဒဝက်မန်ဒီ၊ သီယာဂိုဆေးလ်ဗားစတဲ့ ကစားသမားတွေကို ခေါ်ယူပြီး အားရစရာ ကောင်းတဲ့ ဖြည့်တင်းမှုတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ၅ပွဲကစား၊ ၂ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးပြီး ရမှတ် ၈မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာ ၃ပွဲ နိုင်၊ ၄ပွဲ သရေနဲ့ ၁ပွဲ ရှုံး ရလဒ်တွေကို ပိုင်ဆိုင်ထားပါတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေ တော်တော်များများ ပိုင်ဆိုင်ထားပေမယ့် နေရာမှန်ထားပြီး မကစားနိုင်တာ  ဖရန့်ခ်လမ်းပတ် အသင်းရဲ့ အဓိက အားနည်းချက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်ရဲ့ အံ့အားသင့် လောက်အောင် ကောင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့် အကြိမ်ကြိမ်ဦးဆောင်ဂိုးတွေ ရခဲ့ပေမယ့် စိန့်တို့ရဲ့ အကြိမ်ကြိမ် ချေပမှုတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရလို့ ၃-၃ရလဒ်နဲ့ ပွဲသိမ်းခဲ့ပါတယ်။ အနိုင် ၃မှတ် ရနေတာကနေ ၁မှတ်စီခွဲယူခဲ့ရတဲ့ အတွက် နည်းပြလမ်းပတ် အနေနဲ့ လည်း ဖိအားပြန်ဝင်သွားခဲ့ပါတယ်။

 

ဧည့်သည် ဆီဗီလာအသင်းကတော့ မနှစ်က ယူရိုပါလိဂ် ဖလားရရှိခဲ့ပြီး လက်ရှိဥရောပမှာ ဆီဗီလာလောက် အသင်း လိုက် ကစားပုံကောင်းတဲ့ အသင်းမျိုး မတွေ့ရသေးပါဘူး။ ရက်ဂီလွန်၊ ဘာနေဂါ၊ ဆိုင်မွန်ရှားတို့လို ကစားသမားတွေ လက်လွှတ် ထား ရပေမယ့် အော်စကာရိုဒရီဂွက်ဇ်၊ ရီကစ်၊ ရာကီတစ်ချ်၊ မားကို့စ်အကူနာ၊ အီဒရစ်ဆီတို့လို ကစားသမားတွေနဲ့ ပြန်လည် ခေါ်ယူ အားဖြည့်ထားပါတယ်။ အိုကမ်ပိုစ့်၊ လုခ်ဒီယောင်၊ ဂျီးဆပ်စ်နာဗက်စ်၊ ဂျိုအန်ဂျော်ဒန် ၊ ဆူဆိုတို့လည်း အကောင်းဆုံး ခြေစွမ်းပြ နေလို့ နည်းပြလိုပက်တက်ဂီ လက်ထက်မှာ ဘယ်အသင်းကိုမဆို ယှဉ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ လက်ရှိ လာလီဂါမှာ ၄ပွဲကစားပြီး ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးထားတဲ့ ဆီဗီလာတို့ နောက်ဆုံးပွဲစဉ် ၂ပွဲ မှာတော့ နိုင်ပွဲပျောက်ဆုံး ထား ပါတယ်။ ဘာစီလိုနာကို ၁-၁ နဲ့ သရေကျပြီး ဂရန်နာဒါနဲ့ ပွဲမှာလည်း တစ်ယောက်လျော့နဲ့ မထင်မှတ်ပဲ အရေးနိမ့်ထားခဲ့ ပါတယ်။ ဆီဗီလာ ဆိုတာ ပရီးမီးယားလိဂ် ကလပ်တွေနဲ့ သိပ်ပြီး မစိမ်းတဲ့ အသင်းပါ။ မနှစ်က ယူရိုပါလိဂ်မှာ ဝုဗ်နဲ့ မန်ချက် စတာယူနိုက်တက် တို့လိုအသင်းတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီး အဂ်လန်အသင်းတွေရဲ့ ကစားဟန်ကို ကောင်းကောင်းကြီး သိပါတယ်။ အဓိကတောင်ပံကစားသမားတွေရဲ့ လုပ်အားနှုန်းနဲ့အတူ အသင်းလိုက် စုစည်းမှုအားကောင်း တဲ့ ဆီဗီလာ အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ် မှာ လာကစားရတာ ဖြစ်ပေမယ့် ချဲလ်ဆီးကို ရှိန်နေမှာတော့ မဟုတ်ပါဘူး။ ယူရိုပါလိဂ် စပယ်ရှယ်လစ်လို့ တင်စားခံထားရတဲ့ ဆီဗီလာကတော့ ယူရိုပါလိဂ်မှာ ၆ကြိမ်အထိ ချန်ပီယံဖြစ်ထားသလောက် ချန်ပီယံလိဂ် အောင်မြင်မှု လုံးဝမရှိသေးတဲ့ အသင်းဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ယူရိုပါလိဂ်မှာ ၆ကြိမ်အထိ ချန်ပီယံဖြစ်ထားသလောက် ချန်ပီယံလိဂ် အောင်မြင်မှု လုံးဝမရှိသေးတဲ့ အသင်းဖြစ်ပါတယ်။
လက်ရှိလာလီဂါမှာ ၄ပွဲကစားပြီး ရမှတ် ၇မှတ်သာရရှိသေးတဲ့ ဆီဗီလာ

ချဲလ်ဆီးနဲ့ ဆီဗီလာတို့ကတော့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ တွေ့ဆုံထားခြင်းမရှိခဲ့ပါဘူး။ ပထမဦးဆုံး အကြိမ် တွေ့ဆုံမှု မှာ အိမ်ရှင် ချဲလ်ဆီးတို့ အနိုင်၃ မှတ် သေချာပေါက်ရယူနိုင်ဖို့ တီမိုဝါနာ၊ ဟာကင်မ်ဇီယက်ချ်၊ မေဆင်မောင့်၊ ကိုင်ဟာဗက်ဇ်၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ ခရစ်စတင်ဆင်၊ ချေးလ်ဝဲလ်၊ ရီဆီဂျိမ်းစ်၊ ကီပါ တို့နဲ့ ပွဲထွက်လာနိုင်ဖွယ်ရှိပါတယ်။ တစ်ဖက်က ဆီဗီလာ အနေနဲ့ အိုကမ်ပို့စ်၊ ဒီယောင်၊ ဆူဆို၊ ရာကီတစ်ချ်၊ ဖာနန်ဒို၊ ဂျိုအန်ဂျော်ဒန်၊ မားကိုစ့်အကူနာ၊ ဒီယေဂို ကားလို့စ်၊ ဆာဂျီဂိုမက်ဇ်၊ ဂျီးဆပ်စ် နားဗက်စ်၊ ရာရှင် ဘွန်နူတို့နဲ့ အိမ်ရှင်အသင်းကို ရင်ဆိုင်လာဖို့ရှိနေပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချယ်လ်ဆီး vs ဆီဗီလာ အချိန်ပြည့် 1×2 အိမ်ရှင် @ ၂.၀၇ဆ
အောက်တိုဘာလ ၂၁ ရက်, မနက်ပိုင်း ၁:၃၀ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၂.၀၄ ဆ၊ ဧည့်သည်ဘက်က ၃.၆၀ ဆနဲ့ သရေအတွက် ၃.၃၅ဆ ကြေးဖွင့် ထားပါတယ်။ အိမ်ရှင် ချဲလ်ဆီးဟာ ဒီရာသီမှာ ကစားသမားကောင်းတွေ အများကြီးခေါ်ယူထားနိုင်လို့ နည်းပြလမ်းပတ် အနေနဲ့ ကစားသမားတွေကို နေရာမှန်မှန် အသုံးချနိုင်ရင် ချဲလ်ဆီးလူစာရင်းက ကြောက်စရာကောင်းပါတယ်။ ဆီဗီလာ ကတော့ ဘာမှထွေထွေထူးထူး ထပ်ပြောစရာမလိုအောင် ကောင်းပြီးသား ဖြစ်လို့ မြောက်လန်ဒန် မှာ ကစားမယ့် ချဲလ်ဆီး နဲ့ ဆီဗီလာတို့ရဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်ဟာ အပြန်အလှန်ဂိုးသွင်းရင်း သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားမယ် ထင်ပါ တယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်