နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် အားနည်းတဲ့ ပြသနာကို အချိန်မှီ ပြင်ဆင်နိုင်ခဲ့တဲ့ ခရိုအေးရှား – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ခရိုအေးရှား ၃ – ၁ စကော့တလန်

(ဗလာဆစ် ၁၇’၊ မိုဒရစ် ၆၂’၊ ပယ်ရီဆစ်ချ် ၇၇’)  (မက်ဂရီဂေါ ၄၂’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ စကော့တလန်တို့ရဲ့ ယူရို ၂၀၂၀ အုပ်စု(D) နောက်ဆုံးပွဲစဉ် မှာတော့  ခရိုအေးရှားတို့ တိုက်စစ် ခြေစွမ်းပြပြီး အိမ်ရှင် စကော့တလန်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲ ရလဒ်ဟာ နှစ်သင်းစလုံး အတွက် သေရင်မြေကြီး၊ ရှင်ရင်ရွှေထီး ဖြစ်နေလို့ သိသိသာသာ အားစိုက်ကစား လာခဲ့ကြပါတယ်။ ဒါပေမယ့် အိမ်ရှင် စကော့တလန်တို့ ခရိုအေးရှားနဲ့ ခြေစွမ်း အဆင့်အတန်း ကွာဟချက် ရှိခဲ့တာကြောင့် ဂိုးပြတ် အရှုံး ရလဒ်နဲ့ ယူရို ၂၀၂၀ ကို လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ခရိုအေးရှား နည်းပြ ဇလတ်ကို ဒါးလစ် အနေနဲ့ ပြီးခဲ့တဲ့ ချက်နဲ့ပွဲက လူစာရင်းကို ၄ နေရာအထိ အပြောင်းအလဲ ပြုလုပ်လာခဲ့ပြီး ဗလာချစ်၊ ပတ်ကိုဗစ်၊ ဂျူရန်နိုဗစ်၊ ဘရိုဇိုဗစ် တို့ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ စတိဗ်ကလက်ခ် ကတော့ ကိုဗစ် ၁၉ ပိုးပေါ်ခဲ့တဲ့ ကွင်းလယ်က ဂေလ်မော နေရာမှာ အမ်းစထရောင်းကို ထည့်သွင်း ကစားစေခဲ့တာ ကလွဲရင် ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ ပွဲက လူစာရင်းအတိုင်းပဲ ပြန်လည် အသုံးပြုခဲ့ပါတယ်။ ဒီနေ့ပွဲမှာ စကော့တလန်တို့ ခရိုအေးရှားနဲ့ အစောပိုင်း ပွဲကစားချိန် တော်တော်များများမှာ ခြေစွမ်းသိပ်ပြီး မကွာခဲ့ပါဘူး။ ဗလာချစ် က ပွဲချိန် ၁၇ မိနစ်မှာ ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်း ပွဲပြီးခါနီးမှာ မက်ဂရီဂေါက စကော့တလန် အတွက်‌ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါ‌သေးတယ်။ တစ်ဖက်မှာ ချက်က အင်္ဂလန်ကို ရှုံးနိမ့်နေခဲ့တာကြောင့် ခရိုအေးရှားတို့ နိုင်ပွဲ မဖြစ်မနေ ရရှိဖို့ အားကုန်ရုန်းကန်ခဲ့ပြီး ပွဲချိန် ၆၂ မှာ ကိုဗာချစ်ရဲ့ ပေးပို့မှုကနေ လူကာမိုဒရစ်က ဒုတိယဂိုးနဲ့ ၇၇ မိနစ်မှာ မိုဒရစ်ရဲ့ ပေးပို့မှုကနေ အိုင်ဗန် ပယ်ရီဆစ်ချ်က တတိယဂိုးတွေ အသီးသီး သွင်းပေးခဲ့ပါတယ်။ တကယ်တမ်း အသင်းကြီး တစ်သင်းနဲ့ ရင်ဆိုင်ရချိန် မှာတော့ စကော့တလန်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့လို့ ခြေစွမ်း သိပ်မကွာပေမယ့် ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှား ကတော့ အဖွင့် ပွဲစဉ် ၂ ပွဲမှာ တိုက်စစ် ကစားပုံ အားနည်းခဲ့လို့ အမှတ်တွေ လျော့ခဲ့ရပေမယ့် တကျော့ပြန် ခြေစွမ်းတွေနဲ့ အချိန်မှီ ပြန်လာနိုင်ခဲ့ပြီး ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အရေးကြီးတဲ့ နောက်ဆုံး ပွဲစဉ်မှာမှ ခရိုအေးရှားကို ဂိုးပြတ် အရေးနိမ့်သွားတဲ့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ယူရို ၂၀၂၀ ကို လက်ပြ နှုတ်ဆက်သွားခဲ့ရပါတယ်။
ပူးတွဲ အိမ်ရှင်နိုင်ငံ ဖြစ်ပေမယ့် ရုရှားလိုပဲ အုပ်စုကနေ စောစောစီးစီး ထွက်ခဲ့ရတဲ့ စကော့တလန်

(စာရေးသူ စိတ်ကြိုက်ကစားသမား –  နီကိုလာ ဗလာချစ်)

ခရိုအေးရှားတို့ ရှုံးထွက်တက်ရေး အတွက် အရမ်းကို အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗလာချစ်ဟာ ခရိုအေးရှား တောင်ပံမှာ နေရာယူ မှန်ကန်ခဲ့သလို သူ့ရဲ့ အတိုးအလှုပ်တွေ ကလည်း ပြိုင်ဘက် စကော့တလန် အတွက် တော်တော်လေး အခက်တွေ့စေခဲ့ပါတယ်။ ဘောလုံး ရရှိချိန်တိုင်းမှာ ပြိုင်ဘက် နောက်တန်းကို အကောင်းဆုံးပုံစံနဲ့ အတူ ထိုးဖောက်နိုင်ဖို့ ကြိုးစားခဲ့သူ ဖြစ်လို့ ယူအီးအက်ဖ်အေက ရွေးချယ်တဲ့ ဒီနေ့ပွဲ အတွက် ကြယ်ပွင့်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ရှေ့နှစ်ပွဲမှာ အသက်မဲ့ခဲ့တဲ့ ခရိုအေးရှားရဲ့ တိုက်စစ်က ဒီနေ့ပွဲမှာ ခြေစွမ်းပြန်လည် ပြသနိုင်ခဲ့ပြီး မိုဒရစ်၊ ပယ်ရီဆစ်ချ် တို့နဲ့ အတူ ဗလာချစ်ရဲ့ ကြိုးပမ်းမှုတွေ ကလည်း ရှုံးထွက်တက်ဖို့ အဓိကကျခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်များ

·         ခရိုအေးရှားတို့ အတွက် ယူရို ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၃ ဂိုးသွင်းပြီး အနိုင်ရတဲ့ တတိယမြောက် ပွဲစဉ် ဖြစ်လာခဲ့ပြီး ယူရို ၉၆ မှာ ဒိန်းမတ်ကို ၃-၀၊ ယူရို ၂၀၁၂ မှာ အိုင်ယာလန်ကို ၃-၁နဲ့ အခု ယူရို ၂၀၂၀ မှာ ဆောက်သမ်တန်ကို ၃-၁ ရလဒ်တွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

·         လူကာ မိုဒရစ်ဟာ ယူရို ၂၀၀၈ ဩစတြီးယားနဲ့ ပွဲမှာ ၂၂ နှစ် ၂၇၃ ရက်နဲ့ ခရိုအေးရှားရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့သလို  အခုပွဲ စကော့တလန်နဲ့ ပွဲမှာ ၃၅ နှစ်၊ ၂၈၆ ရက်နေဲ့ ခရိုးအေးရှား အသက်အကြီးဆုံး ဂိုးသွင်းရှင် ဖြစ်လာပါတယ်။

·         ခရိုအေးရှားတို့ ပြီးခဲ့တဲ့ ယူရို အုပ်စု အဆင့်မှာ ၁၁ ပွဲ ကစားခဲ့ရာမှာ ပေးဂိုး မရှိတဲ့ပွဲ ၁ ပွဲပဲ ရှိခဲ့ပါတယ်။

·         ခရိုအေးရှားတို့ ကစားထားတဲ့ ပြီးခဲ့တဲ့ ယူရို နောက်ဆုံးအဆင့် ပွဲစဉ် ၁၄ ပွဲမှာ ပေးဂိုး ၁ ဂိုးထက် ပိုပေးခဲ့ရတဲ့ ပွဲဟာ ၁ ပွဲပဲ ရှိခဲ့ပါတယ်။

·         စကော့တလန်တို့ ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ သွင်းဂိုး မရတဲ့ပွဲဟာ တစ်ပွဲပဲ ရှိခဲ့ပါတယ်။

·         ခရိုအေးရှားနဲ့ နောက်ဆုံး ၆ ပွဲမှာ စကော့တလန်တို့ ပထမပိုင်း ပွဲကစားချိန် အတွင်း ဂိုးသွင်းနိုင်ခဲ့တဲ့ ပွဲ ၅ ပွဲအထိ ရှိခဲ့ပါတယ်။

·         သမိုင်းတစ်လျှောက် စကော့တလန်တို့ နောက်ဆုံးခဲ့တဲ့ ယူရိုပြိုင်ပွဲရဲ့ အဓိက ပွဲစဉ် ၉ ပွဲမှာ နိုင်ပွဲ ၃ ပွဲသာ ရခဲ့ပြီး ၂ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။

·         ပင်နယ်တီ အဆုံးအဖြတ် ပွဲစဉ်တွေ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၁ ပွဲမှာ  ၂ပွဲ အနိုင်ရခဲ့ပြီး ၅ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အင်္ဂလန်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အရေးကြီးတဲ့ နောက်ဆုံး ပွဲစဉ်မှာမှ ခရိုအေးရှားကို ဂိုးပြတ် အရေးနိမ့်သွားတဲ့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ယူရို ၂၀၂၀ ကို လက်ပြ နှုတ်ဆက်သွားခဲ့ရပါတယ်။ ခရိုအေးရှား ကတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ အုပ်စု (E) ဒုတိယနေရာ ရရှိခဲ့တဲ့ အသင်းနဲ့ ကိုပင်ဟေဂင်မြို့ ၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်