နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပွဲမရှိ စံချိန်များနဲ့ အပီနွှဲကြမယ့် ဘယ်ဂျီယံနဲ့ အီတလီ – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ဘယ်ဂျီယံ –  အီတလီ

ယူရို ၂၀၂၀ ကွာတားဖိုင်နယ်အဆင့်ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် ဘယ်ဂျီယံနဲ့ အီတလီတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ကတော့ SBOTOP ဘောလုံး ဝါသနာရှင်တွေ လက်မလွှတ်တမ်း စောင့်ကြည့်ကြမယ့်ပွဲ ဆိုတာ ယုံကြည်ပါတယ်။ အခုနှစ် ယူရို ၂၀၂၀ မှာ ရှုံးပွဲလုံးဝ မရှိသေးတဲ့ အသင်းတွေ ဖြစ်နေသလို တောင့်တင်းတဲ့ လူစာရင်း ကိုယ်စီ ပိုင်ဆိုင်ထားတာကြောင့် ခြေစွမ်းပိုင်း ကတော့ သိပ်ပြီး ကွာဟနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် စပိန်လူမျိုး နည်းပြ ရော်ဘတ်တို မာတီနက်ဇ်နဲ့ အီတလီလူမျိုး နည်းပြ ရော်ဘတ်တို မန်ချီနီ တို့ နှစ်ဦးမှာ ဘယ်သူ့ရဲ့ ဗျူဟာက ပိုသာသလဲ ဆိုတာက ပွဲအဖြေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်ဂျီယံတို့ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပွဲစဉ် ၄ ပွဲ အပါအဝင် နိုင်ငံတကာ ပြိုင်ပွဲစုံ ၅ ပွဲဆက် အနိုင်ရထားလို့ အားရစရာ ဖြစ်ပေမယ့် အီတလီရဲ့ နောက်ဆုံး ၁၂ ပွဲဆက် အနိုင်ရထားတဲ့ စံချိန်နဲ့တော့ သွားယှဉ်လို့ မရပါဘူး။ လက်ရှိ ယူရို ၂၀၂၀ မှာလည်း တူရကီကို ၃-၀၊ ဆွစ်ဇာလန်ကို ၃-၀၊ ဝေးလ်စ်ကို ၁-၀၊ ရှုံးထွက်အဆင့်မှာ ဩစတြီးယားကို ၂-၁ တို့နဲ့ ကျော်ဖြတ်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဩစတြီးယားနဲ့ ပွဲက မန်ချီနီရဲ့ နည်းဗျူဟာနဲ့ အီတလီရဲ့ ခြေစွမ်းကိုတော့ မေးခွန်းထုတ်စရာ ရှိခဲ့ပြီး အဲ့ဒီပွဲတုန်းက ခြေစွမ်း အတိုင်းသာ ဆိုရင် ဘယ်ဂျီယံကို တော်တော်လေး ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။ ပြိုင်ပွဲအစက ပြောခဲ့သလိုပဲ အီတလီဟာ ဂိုးပြတ် နိုင်ပွဲတွေရခဲ့ပေမယ့် အထနှေးတတ်တဲ့ အသင်းဖြစ်သလို တိုက်စစ်မှူး ကိုင်ရို အင်မိုဘီလီ အနေနဲ့ အခွင့်အရေး ကောင်းတွေ တော်တော်လေး ဖြုန်းတီးတတ်သလို လော်ရန်ဇို အင်ဆစ်ဂနီကလည်း ဆွစ်ဇာလန်နဲ့ ပွဲကတည်းက ပျောက်ဆုံးနေခဲ့တာ လက်ရှိ အချိန်ထိပါပဲ။ မန်ချီနီ အတွက် ကံကောင်းနေတဲ့ အချက်က လူစားလဲလိုက်တိုင်းမှာ မှန်ကန်ခဲ့တာ ဖြစ်ပြီး တိုက်စစ်ကစားသမား တွေထက် ကွင်းလယ်နဲ့ ခံစစ် ကစားသမားတွေ၊ ပြီးတော့ အရန်ကစားသမားတွေ ကတောင် ပိုပြီး အသင်းကို အကျိုးပြုနေခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ ဒီပွဲမှာသာ အီတလီတို့ ဦးဆောင်ဂိုးစပြီး မသွင်းနိုင်ခဲ့ရင် ဘယ်ဂျီယံ အတွက် အခွင့်အရေး ပိုသာသွားမယ့် သဘောရှိနေပါတယ်။

ဘယ်ဂျီယံတို့ လက်ရှိ ယူရို ၂၀၂၀ မှာ အကောင်းဆုံး ပုံစံမှာ မရသေးပေမယ့် ကစားသမားတွေ အနေနဲ့ တတ်နိုင်သမျှ နိုင်ပွဲတွေ ရအောင်တော့ စွမ်းဆောင်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။
နိုင်ငံတကာပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ဘယ်ဂျီယံ

ဘယ်ဂျီယံတို့ လက်ရှိ ယူရို ၂၀၂၀ မှာ အကောင်းဆုံး ပုံစံမှာ မရသေးပေမယ့် ကစားသမားတွေ အနေနဲ့ တတ်နိုင်သမျှ နိုင်ပွဲတွေ ရအောင်တော့ စွမ်းဆောင်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပေါ်တူဂီနဲ့ ပွဲမှာဆိုရင် တစ်ပွဲလုံး ဂိုးပေါက်တည့်မှု ၁ ကြိမ်ပဲ ရှိခဲ့ပေမယ့် အနိုင်ဂိုး ၁ ဂိုး ရအောင်သွင်းပြီး ပွဲပြီးတဲ့ အထိ ရော်နယ်ဒို ဦးဆောင်တဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်တာ ချီးကျူးစရာပါ။ ပြသနာက အခုပွဲမှာ ကီဗင်ဒီဘရိုင်းနား၊ အီဒင်ဟာဇက်၊ ကတ်စတန်ညီ တို့လို အဓိက ကစားသမားတွေ ပါဝင်လာဖို့ မသေချာသေးတာ ဖြစ်ပြီး တကယ်လို့ ကျိန်းသေပေါက် လွဲချော်ခဲ့မယ် ဆိုရင် အီတလီရဲ့ ကစားပုံကို ယှဉ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမယ့် ယူရို ၂၀၂၀ ဟာ ရှုံးထွက်အဆင့် ကစပြီး ထင်သလို မဖြစ်နိုင်တော့တာကြောင့် ဘယ်လို ရလဒ်မျိုးမဆို ထွက်ပေါ်လာနိုင်တဲ့ သဘော ရှိပါတယ်။ ဒီနေ့ပွဲမှာ ဒီဘရိုင်းနား၊ ဟာဇက်တို့ ကစားဖို့ မသေချာတဲ့ ဘယ်ဂျီယံ မှာတော့ ဒရိုင်းစ် မာတန်စ်၊ ကာရက်စ်ကို တို့နဲ့ ပွဲထွက်လာနိုင်ပြီး အဲ့ဒီ ကစားသမား ၂ ဦး ခြေစွမ်းပြရင်တော့ တိုက်စစ်က လူကာကူလည်း ဂိုးရဖို့ မခက်ခဲနိုင်လို့ အီတလီ ကို အကောင်းဆုံး တုန့်ပြန်နိုင်စွမ်း ရှိလာနိုင်မှာ သေချာပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု အရတော့ ဘယ်ဂျီယံဟာ အီတလီကို တော်တော်လေး ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၂၂ ကြိမ်မှာ ဘယ်ဂျီယံတို့ ၁၉၅၂ ခြေစွမ်းပွဲ၊ ယူရို ၁၉၇၂၊ ၁၉၉၉ နဲ့ ၂၀၁၅ ခြေစမ်းပွဲတွေ မှာ ၄ ကြိမ်ပဲ ပြန်လည် အနိုင်ရခဲ့ပါတယ်။ အီတလီ ကတော့ ပြိုင်ပွဲ ကြီး ထိပ်တိုက်တွေ့ဆုံမှု အပါအဝင် အခြားပြိုင်ပွဲစုံအရပ်ရပ်မှာ ဘယ်ဂျီယံကို ၁၄ ပွဲအထိ အနိုင်ရထားပြီး ၄ ပွဲ သရေကျထားခဲ့တာ တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဘယ်ဂျီယံ – အီတလီ 1X2 အီတလီ @ 2.43
ဇူလိုင် လ ၃ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ဘယ်ဂျီယံ အတွက်  ၃.၃၀ ဆနဲ့ အီတလီ အတွက် ၂.၃၇ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၁၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပေါက်ကြေး အရရရော၊ ကစားသမား အင်အားအရရော၊ ခြေစွမ်း အရပါ အီတလီက နည်းနည်းလေး ပိုသာနေတာ အမှန်ပါပဲ။ ဒါပေမယ့် တိုက်စစ်မှူးတွေ အခုပွဲမှာ ခြေစွမ်းပြနိုင်ဖို့ အရေးကြီးပါတယ်။ မိနစ် ၉၀ အတွင်း အီတလီပဲ ၁ ဂိုး အသာလောက်နဲ့ ကပ်နိုင်သွားဖို့ ရှိပေမယ့် အစဉ်အလာရ နှစ်သင်းပေါင်း သွင်းဂိုး များခဲ့တာ ကိုတော့ ဂရုပြုသင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်