နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေ ဩဂုတ်လ ၂ ရက်နေ့ပွဲကြိုသုံးသပ်ချက်

SBOTOP ရဲ့ အန်ဘီအေ ပရိသတ်တွေအတွက် နောက်ထပ်ပွဲကောင်းတွေ ဆက်ကြည့်ရမှာဖြစ်ပါတယ်။ပို့တ်လန်း‌ထရေးလ်ဘလေဇာနဲ့ ဘော်စတွန်ဆဲလ်တစ်တို့ပွဲစဉ်၊ မီဝေါ်ကီဘက်စ်နဲ့ ဟောက်စတန်ရော့တ်ကတ်တို့ပွဲစဉ် ၊ဝါရှင်တန်၀စ်ဇတ်နဲ့ ဘရွတ်ကလင်းနတ်စ်တို့ပွဲစဉ်တွေဟာ ပရိသတ်အကြိုက်ဖြစ်လာဦးမှာမို့လို့ ရွေးချယ်သုံးသပ်ပေးလိုက်ရပါတယ်။

 

ပို့တ်လန်းထရေးလ်ဘလေဇာ နဲ့ ဘော်စတွန် ဆဲလ်တစ်

၀စ်ဇတ်တို့ ပြီးခဲ့တဲ့အန်ဘီအေပွဲမှာ ဖီးနစ်ဆန်းကို ရှုံးနိမ့်ခဲ့
အန်ဘီအေ ရှုံးပွဲဆက်နေတဲ့ ၀စ်ဇတ်တို့ ခက်ခက်ခဲခဲရုံးကန်ကမယ့်ပွဲ

ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့အတွက် အရေးကြီးနေတဲ့အသင်းနဲ့ ဆီဒင်ရပ်တည်မှုအတွက် အရေးပါနေတဲ့အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ မီဝေါ်ကီဘက်စ်နဲ့ ပွဲမှာ ရှုံးနိမ့်ထားတဲ့ ဘော်စတွန်ဆဲလ်တစ်တို့ ဒီပွဲမှာ ရလဒ်ကောင်းနိုင်ဖို့ကြိုးစားသွားမှာပါ။လက်ရှိနှစ်သင်းစလုံးရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် ဘော်စတွန်ဆဲလ်တစ်တို့က အဘက်ဘက်ကအသာရနေပါတယ်။ဘလေဇာတို့ကတော့ အဓိကကစားသမားတော်တော်များများ ဒဏ်ရာပြသနာတွေရှိနေလို့ အန်ဘီအေပြန်အစမှာ အကောင်းဆုံးပုံစံမှာရှိမနေသေးပါဘူး။ဒါပေမယ့် ပြီးခဲ့တဲ့ပွဲမှာ မန်းဖစ်ဂရစ်ဇ်လီကို အနိုင်ရခဲ့လို့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ကွာခြားချက်တချို့ကို လျှော့ချနိုင်ခဲ့ပြီး အဆင့် ၈နေရာက ဂရစ်ဇ်လီတွေနဲ့ ၂.၅ပွဲလောက်ပဲကွာခြားပါတော့တယ်။ဒါပေမယ့် လက်ရှိမှာ ဆဲလ်တစ်ရဲ့ အဓိကကစားသမား ဂျေဆင်တန်တမ်လက်စွမ်းကျနေလို့ နောက်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျေလန်ဘရောင်းကို အဓိကမှီခိုသွားရမှာဖြစ်ပါတယ်။ ဘလေဇာတို့ကတော့ တစ်ပွဲကို ၂၈မှတ်နဲ့ ဖန်တီးမှု ၁၀ကြိမ်ပြုလုပ်ပေးထားနိုင်တဲ့ စီဂျေမက်ကော်လမ်ကို အားထားရဖို့ရှိနေပါတယ်။ ဘော်စတွန်ဆဲလ်တစ် အသင်းအနိုင်ရရှိဖို့များပါတယ်။

 

မီဝေါ်ကီဘက်စ်နဲ့ ဟောက်စတန်ရော့တ်ကတ်

ဘက်စ်နဲ့ ရော့တ်ကတ် နှစ်သင်းစလုံးဟာ အန်ဘီအေချန်ပီယံဆုအတွက် ပစ်မှတ်ထားနေတဲ့အသင်းတွေဖြစ်ပြီးတော့ စိန်ခေါ်သူတွေအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ဒီပွဲကတော့ ဟောက်စတန်ရော့တ်ကတ်ရဲ့ ထက်မြတ်တဲ့ တိုက်စစ်နဲ့ မီဝေါ်ကီဘက်စ်ရဲ့ ကျစ်လျစ်မာကျောတဲ့ခံစစ်တို့ အားပြိုင်ကြမယ့် ပွဲစဉ်ဖြစ်ပါတယ်။ဂျိမ်းစ်ဟာဒန်တစ်ယောက် ဟောက်စ်တန်ရော့တ်ကတ်အတွက် ၄၉မှတ်ရယူပေးထားပြီး ရီဘောင်း၉ကြိမ်လောက်ဖန်တီးပေးထားပါတယ်။‌ရော့တ်ကတ်တို့ ဟာဒန်ကို ကောင်းကောင်းအသုံးချပြီးတော့ ကွန်းဖရင့် ဆီဒင်ရပ်တည်မှုအထက်ကို ပြန်ရောက်လာဖို့ ကြိုးစားသွားမယ်ထင်ပါတယ်။မီဝေါ်ကီဘက်စ်တို့ ဘက်မှာတော့ ဂျီယန်နစ်အန်တက်တိုကွန်ပို ရှိနေပြီးတော့ အန်ဘီအေရဲ့ MVP ဆုနဲ့အကောင်းဆုံးကစားသမားဆု၊နောက်ပြီးတော့ တစ်နှစ်တာ အကောင်းဆုံးခံစစ်ကစားသမားဆုတွေရရှိဖို့ နီးစပ်နေပါတယ်။အန်တက်တိုကွန်ပိုဟာ ခံစစ်ရော တိုက်စစ်စွမ်းရည်ပါပြည့်နှက်နေတဲ့ကစားသမားဖြစ်ပါတယ်။ဒီပွဲကတော့ခန့်မှန်းရခက်ပြီးတော့ မီဝေါ်ကီဘက်စ်တို့က်ု ပိုသဘောကျပါတယ်။

 

ဝါရှင်တန်၀စ်ဇတ်နဲ့ ဘရွတ်ကလင်းနတ်စ်

၀စ်ဇတ်တို့ ပြီးခဲ့တဲ့အန်ဘီအေပွဲမှာ ဖီးနစ်ဆန်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ကိုတက်ရောက်ဖို့အတွက် အဆင့်၈နေရာက နတ်စ်တို့နဲ့ ကွာဟချက်ကြီးမားသွားခဲ့ပါတယ်။ဒါပေမယ့် ဒီပွဲမှာ‌တော့ ၀စ်ဇတ်တို့ ရှုံးထွက်အဆင့် တစ်နေရာအတွက် ပြန်လည်ကြိုးစားဖို့အ‌ခွင့်အရေးကောင်းတစ်ခုလည်းဖြစ်ပါတယ်။ရမှတ် ၃၀လောက်ရယူပေးထားနိုင်တဲ့ ဘရက်ဒလေဘီးလ်နဲ့ ဘရွတ်ကလင်းနတ်စ်ရဲ့ အဓိကကစားသမား အာဗင်းတို့ ရဲ့ စွမ်းဆောင်ရည်တွေကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ပထမပွဲမှာ အသီးသီးရှုံးနိမ့်ထားတဲ့ နှစ်သင်းဒီပွဲမှာ ရလဒ်ကောင်းပြန်ရှာဖို့ကြိုးစားကြမယ့်ပွဲပါ။ဘရွတ်ကလင်းနတ်စ်တို့ အဓိကကစားသမား စပန်ဆာဒင်၀စ်ဒီလက်စွမ်းကျနေတယ်ဆိုပေမယ့် ပုံစံကောင်းပြန်မရသေးတဲ့ ၀စ်ဇတ်ကို ဘရွတ်ကလင်းနတ်စ်တို့ အနိုင်ရသွားဖို့များပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်