နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေ ဩဂုတ်လ ၆ ရက်နေ့ပွဲကြိုသုံးသပ်ချက်

SBOTOP ရဲ့ အန်ဘီအေ ပရိသတ်တွေအတွက် ဩဂုတ်လ ၆ရက်နေ့မှာ ကစားမယ့် ပွဲစဉ်တွေထဲက ပွဲကောင်း ၃ပွဲကို ရွေးချယ်သုံးသပ်ပေးချင်ပါတယ်။
 

အဲလ်အေလိတ်ကာ vs ဟောက်စတန်ရော့တ်ကတ်

အဲလ်အေလိတ်ကာတို့ ပြီးခဲ့တဲ့ အန်ဘီအေပွဲမှာ အိုကလားဟားမားသန်ဒါကို ရှုံးနိမ့်ထားပါတယ်။ အန်ဘီအေ ချန်ပီယံဆုကို ချိန်ရွယ်နေတဲ့ အသင်းလို့ သတ်မှတ်ထားကြပေမယ့် လိတ်ကာတို့ရဲ့ နိုင်ပွဲဆာလောင်မှုတွေလုံး၀ပျောက်ဆုံးနေပါတယ်။ MVP ကစားသမားတွေ အဖြစ်ရည်ရွယ်ခြင်းခံထားရတဲ့ အန်တိုနီဒေးဗီးစ်နဲ့ လီဘရွန်ဂျိမ်းစ်တို့ လက်စွမ်းမပြနိုင်သေးတာကိုတွေ့ရပါတယ်။မြောက်ဘက်ကွန်းဖရင့်ကို ဆီဒင် ၁နေရာကနေဦးဆောင်နေတဲ့ လိတ်ကာတို့ ၄ပွဲကစားထားပြီး ၂ပွဲနိုင်၂ပွဲရှုံးထားတဲ့အပြင် ရှုံးနိမ့်ခဲ့တဲ့အသင်းတွေကလည်း ဆီဒင်နိမ့်အသင်းတွေဖြစ်နေပါတယ်။ဟောက်စတန်ရော့တ်ကတ်ကတော့ ဂျိမ်းစ်ဟာဒန်ရဲ့ ဦးဆောင်မှုနဲ့အတူ ဒီနှစ်အတွက် ချန်ပီယံဆုကို ချိန်ရွယ်နေတဲ့ အသင်းဖြစ်ပါတယ်။  ဒဲလက်စ် မက်ဗားရစ်ခ် နဲ့ မီဝေါ်ကီဘက်စ်ကို အနိုင်ရထားတဲ့ ရော့တ်ကတ်တို့ ပြီးခဲ့တဲ့ ထရေး‌ဘလေဇာနဲ့ပွဲမှာ ရှုံးနိမ့်ထားပါတယ်။ ဒီရာသီမှာ လိတ်ကာနဲ့ ရော့တ်ကတ်တို့ ၄ကြိမ်တွေ့ဆုံထားပြီး နှစ်ပွဲစီအနိုင်ရထားပါတယ်။ လက်ရှိကစားပုံတွေအရဆိုရင် ဟောက်စတန်ရော့တ်ကတ်ရဲ့ တိုက်စစ်ကအားရစရာကောင်းနေလို့ လိတ်ကာတို့ နောက်ထပ်ရှုံးပွဲတွေ့သွားနိုင်ပါတယ်။နှစ်သင်းပေါင်း ရမှတ် ၂၃၀ကျော်သွားဦးမယ့် ပွဲဖြစ်ပါတယ်။
 

အဲလ်အေကလစ်ပါးစ် နဲ့ ဒဲလက်စ်မက်ဗားရစ်ခ်

နှစ်သင်းစလုံးရှုံးထွက်အဆင့်ကို တက်ရောက်ပြီးသားဖြစ်ပါတယ်။ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းလို့ သတ်မှတ်ခံထားရတဲ့ အဲလ်အေကလစ်ပါးစ်တို့ အန်ဘီအေပွဲစဉ်တွေပြန်စကတည်းက ပုံမှန်လက်စွမ်းပြန်မရသေးပါဘူး။အသင်းရဲ့ကစားပုံကို ပရိသတ်တွေ စိတ်ပျက်နေပြီး ပယ်လီကန့်စ်ကို အနိုင်ရပေမယ့်  လိတ်ကာနဲ့ ဖီးနစ်ဆန်းကိုရှုံးနိမ့်ထားပါတယ်။ ပြိုင်ဘက် ဒဲလက်စ်မက်ဗားရစ်ခ် ဟာလည်း ကလစ်ပါးစ်တို့လိုပဲ နှစ်ပွဲရှုံးပြီး တစ်ပွဲနိုင်ထားပါတယ်။ ရော့တ်ကတ်နဲ့ ဖီးနစ်ဆန်းကို ရှုံးနိမ့်ပြီး စခရီမန်တိုကင်းန်စ်ကိုတော့ အနိုင်ရထားပါတယ်။နောက်ဆုံးတွေ့ဆုံမှု ၅ကြိမ်မှာ ကလစ်ပါးစ်တို့ ၃ကြိမ်အနိုင်ရပြီး မက်ဗားရစ်ခ်က ၂ကြိမ်အနိုင်ရထားပါတယ်။ကလစ်ပါးစ်တို့ မက်ဗားရစ်ခ်ခံစစ်က လူကာဒွန်ကစ်နဲ့ ခရစ်တပ်စ်  ပေါ်ဇင်ဂစ်တို့နှစ်ဦးကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီး ရမှတ်ကွာဟချက်နည်းနည်းနဲ့ အနိုင်ရသွားဖို့ များပါတယ်။
 

ပို့တ်လန်းထရေးလ်ဘလေဇာ နဲ့ ဒန်ဗားစ်နူးဂတ်စ်

ပို့တ်လန်းထရေးလ်ဘလေဇာတို့ အန်ဘီအေရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး မျှော်လင့်ချက်ရှိလာပါတယ်။‌
နောက်ဆုံး၃ပွဲမှာ ၂ပွဲအနိုင်ရပြီး ဆီဒင်အဆင့်၈နေရာကို လိုက်မှီလာတဲ့ ထရေးလ်ဘလေဇာအသင်း

ပို့တ်လန်းထရေးလ်ဘလေဇာတို့ အန်ဘီအေရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး မျှော်လင့်ချက်ရှိလာပါတယ်။‌ မြောက်ပိုင်းကွန်းဖရင့် ဆီဒင် ၉နေရာမှာရှိနေတဲ့ ထရေးလ်ဘလေဇာတို့ နောက်ဆုံးဆီဒင်ပွဲစဉ် ၃ပွဲမှာ ၂ပွဲအနိုင်ရပြီး တစ်ပွဲရှုံးထားပါတယ်။ဆီဒင် ၈နေရာက ရှုံးပွဲဆက်နေတဲ့ မန်းဖစ်ဂရစ်ဇ်လီကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေတဲ့ ထရေးလ်ဘလေဇာတို့ ပြီးခဲ့တဲ့ပွဲမှာ ဟောက်စတန်ရော့တ်ကတ်လို အသင်းကို အနိုင်ရထားပါတယ်။အဓိကကစားသမားတွေဖြစ်တဲ့ လစ်လဒ်နဲ့ နာကစ်တို့ ပြန်ပါလာလို့ ထရေးလ်ဘလေဇာတို့ ရလဒ်တွေကောင်းနေတာဖြစ်ပါတယ်။ဒန်ဗားစ်နူးဂတ်စ်တို့ကတော့ မီယာမီဟိထ်ကိုရှုံးနိမ့်ပြီး အိုကလာဟားမားစီးတီး သန်ဒါနဲ့ ဆန်အန်တိုနီယို စပါးစ်တို့ကို ပြန်ပြီး အနိုင်ရထားပါတယ်။ဆီဒင်‌ ၄နေရာက အူတာဂျက်ဇ်တို့ ဖိအားပေးတာခံနေရတယ်ဆိုပေမယ့် ရှုံးထွက်အဆင့် တက်ရောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီပွဲမှာတော့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေး ကြိုးစားနေတဲ့ ထရေးလ်ဘလေဇာ အနိုင်ရသွားမယ်ထင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်