နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေ ရှုံးထွက်အဆင့်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

အန်ဘီအေ ရှုံးထွက်အဆင့် Best Of Seven ပွဲစဉ်တွေ စတင်နေခဲ့ပြီး လာမယ့်ဩဂုတ် ၁၉ရက်နေ့မှာတော့ ရှုံးထွက် ပထမအဆင့် ဒုတိယပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်ကစားရဖို့ရှိပါတယ်။ ပထမပွဲစဉ်မှာတော့ တိုရွန်တိုရက်ပ်တာ့စ်၊ ဘော်စတွန်ဆဲလ်တစ်၊ ဒန်ဗားနူးဂတ်စ် နဲ့ အဲလ်အေကလစ်ပါးစ် တို့ အနိုင်ရထားပါတယ်။

 

တိုရွန်တိုရက်ပ်တာ့စ် Vs ဘရွတ်ကလင်းနတ်စ်

ပထမပွဲစဉ်ရလဒ်

တိုရွန်တိုရက်ပ်တာ့စ် ၁၃၄ – ၁၁၀ ဘရွတ်ကလင်းနတ်စ်)

ပထမပွဲမှာ တိုရွန်တိုရက်ပ်တာ့စ်တို့ ၁၃၄-၁၁၀နဲ့ ဘရွတ်ကလင်းနတ်စ်ကို အပြတ်အသတ်အနိုင်ရထားပါတယ်။ အန်ဘီအေ လက်ရှိချန်ပီယံ ရက်ပ်တာ့စ်တို့ နတ်စ်ကို သိပ်ခက်ခက်ခဲခဲမကစားခဲ့ရပဲ ပွဲချိန်အားလုံးနီးပါးအသာရခဲ့ပါတယ်။ ဖရက်ဗန်ဗလိတ် နဲ့ ပါစကယ်ဆစ်ဆာကမ်တို့ လက်စွမ်းပြနေသလို တစ်ဖက်ကလည်း ခရစ်လီဗတ်၊ ဂျိုးဟဲရစ်၊ ဂျဲရတ်အဲလန်တို့ အမှတ်တွေယူပေးဖို့လိုအပ်နေပါတယ်။ တိုရွန်တိုရက်ပ်တာ့စ်တို့ ဒုတိယပွဲစဉ်မှာလည်း နိုင်ပွဲထပ်ရှာတွေ့ဖို့များပြီး ရှုံးထွက်အဆင့်မှာတော့ ၂-၀ နဲ့ ဦးဆောင်သွားမယ့် ပွဲပါ။

 

အူတာဂျက်ဇ် Vs ဒန်ဗားနူးဂတ်စ်

ပထမပွဲစဉ်ရလဒ်

အူတာဂျက်ဇ် ၁၂၅ – ၁၃၅ ဒန်ဗားနူးဂတ်စ်

ဒီနှစ်သင်းရဲ့ ရှုံးထွက်အဖွင့်ပွဲကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပါတယ်။ အူတာဂျက်ဇ်တို့ အကောင်းဆုံးကစားခဲ့ပေမယ့် အချိန်ပိုမှာ ဒန်ဗားနူးဂတ်စ်က အမှတ် ၂၀ထိ သွင်းယူနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့တာပါ။ အူတာဂျက်ဇ်ရဲ့ ကစားသမား ဒိုနိုဗန်မစ်ချယ် တစ်ဦးတည်း ၅၇မှတ်ထိ ရှာဖွေပေးခဲ့ပြီး နူးဂတ်စ်ကတော့ ဂျိုကစ်နဲ့ ဂျမဲလ် မာရေးတို့ လက်စွမ်းပြနိုင်ခဲ့ပါတယ်။ နူးဂတ်စ်ကို အမြဲခက်ခဲစေတဲ့ အူတာဂျက်ဇ်တို့ ဆီဒင်ပွဲစဉ် ၃ပွဲလုံးရှုံးထားခဲ့သလို ရှုံးထွက်မှာလည်း လက်ရည်တူပေမယ့် အရှုံးပေးခဲ့ရပြန်ပြီ။ ဒုတိယပွဲစဉ်မှာလည်း အူတာဂျက်ဇ် အထာကိုနပ်နေတဲ့ ဒန်ဗားနူးဂတ်စ်ပဲ နိုင်ပွဲထပ်ရသွားမယ် ထင်ပါတယ်။

 

ဖယ်လီဒယ်ဖီးယား Vs ဘော်စတွန်ဆဲလ်တစ်

အန်ဘီအေချန်ပီယံဆု ၁၇ကြိမ်ထိရထားတဲ့ ဆဲလ်တစ်တို့ ၃နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ပါတယ်။
အန်ဘီအေသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်း

ပထမပွဲစဉ်ရလဒ်

ဖယ်လီဒယ်ဖီးယား 76ers ၁၀၁ – ၁၀၉ ဘော်စတွန်ဆဲလ်တစ်

ဘော်စတွန်ဆဲလ်တစ်တို့ ပထမပွဲစဉ်မှာ ဖယ်လီဒယ်ဖီးယားကို ခက်ခက်ခဲခဲကစားပြီး အနိုင်ရထားပါတယ်။ အန်ဘီအေချန်ပီယံဆု ၁၇ကြိမ်ထိရထားတဲ့ ဆဲလ်တစ်တို့ ၃နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ပါတယ်။ ဖယ်လီဒယ်ဖီးယားတို့ ပထမပွဲစဉ်မှာ အကောင်းဆုံးကစားသွားခဲ့တယ် ဆိုပေမယ့် ‌ဒုတိယပွဲစဉ်မှာလည်း ကျိန်းသေပေါက် ရုံးကန်ရဦးမှာပါ။ ဆဲလ်တစ်ဘက်မှာ ဂေါ်ဒွန်ဟေးယဒ် မပါနိုင်ပေမယ့် ဂျေလန်ဘရောင်း၊ ဂျေဆန်တို့ ဖယ်လီဒယ်ဖီးယားဘက်ကို ကောင်းကောင်း ထိုးဖောက်နိုင်ပါတယ်။ ပထမပွဲစဉ်မှာ ဖယ်လီဒယ်ဖီးယား တို့ရဲ့ ကြိုးစားမှုကို  မြင်တွေ့ထားရလို့ ဒီပွဲမှာတော့ အနိုင်ပြန်ရနိုင်မယ်ထင်ပါတယ်။ ဂျိုဝဲလ်အမ်ဘစ် နဲ့ တိုဘီရာစ်ဟားရစ်တို့ကို အားကိုးလာမယ့် ဖယ်လီဒယ်ဖီးယား အခွင့်အရေးပြန်ယူပြီး ၁-၁ဖြစ်သွားမှာပါ။

 

ဒဲလက်စ်မက်ဗရစ်ခ် Vs အဲလ်အေကလစ်ပါးစ်

ပထမပွဲစဉ်ရလဒ်

ဒဲလက်စ်မက်ဗရစ်ခ် ၁၁၀ – ၁၁၈ အဲလ်အေကလစ်ပါးစ်

လိတ်ကာပြီးရင် အဲလ်အေရဲ့ နောက်ထပ် အင်အားကြီးတစ်သင်းဖြစ်တဲ့ အဲလ်အေကလစ်ပါးစ်တို့ ပထမပွဲမှာ ဒဲလက်စ်မက်ဗရစ်ခ်ကို အသာအယာကစားပြီး ၈မှတ်အကွာနဲ့ အနိုင်ရထားပါတယ်။ ဒဲလက်စ်မက်ဗရစ်ခ်တို့ ပထမပိုင်းမှာ အသာရခဲ့ပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာ ဆက်တိုက်အမှတ်တွေ ပြန်ပေးခဲ့ရလို့ညရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပွဲစဉ်မှာလည်း မက်ဗရစ်ခ်က လူကာဒိုနစ် နဲ့ ကလစ်ပါးစ်က လီယိုနတ်ဒ်တို့ ဘယ်သူပိုပြီး အမှတ်တွေရှာဖွေနိုင်မလဲ စောင့်ကြည့်ရမှာပါ။ အသင်းကြီးဖြစ်တဲ့ ကလစ်ပါးစ်ပဲ အနိုင်ရပြီး ၂-၀နဲ့ ထပ်ဦးဆောင်သွားမှာပါ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်