နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖာဂူဆန်နဲ့ ဘုတ် အဖွဲ့ဝင်တွေကို အသင်းရဲ့ အဝတ်လဲခန်း အတွင်း လာခွင့် ပိတ်ပင်လိုက်တဲ့ ရက်ကလစ်ဖ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကို အိုးထရက်ဖို့ဒ်မှာ အသင်းရဲ့ အဝတ်လဲခန်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ 

ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ အသင်းရဲ့ အသုံးစရိတ်ကို လျှော့ချတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖာဂူဆန်ကို အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန် အဖြစ် ကနေ အခုရာသီ အကုန်မှာ ဖယ်ရှားဖို့ အံ့အားသင့်ဖွယ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ် အနေနဲ့ အသင်းရဲ့ သမိုင်းအစဉ်အလာကို ဆန့်ကျင်ပြီး အသင်းရဲ့ အအောင်မြင်ဆုံး နည်းပြ ဆာ အဲလက်စ် ဖာဂူဆန်ကို အသင်းရဲ့ အဝတ်လဲခန်းထဲသို့ ဝင်ရောက်ခြင်း မပြုဖို့ တောင်းဆိုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ သည်။ 

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းနဲ့ ဘောလုံး ဘုတ်အဖွဲဝင်တွေ အနေနဲ့ အသင်းရဲ့ အဝတ်လဲခန်းထဲကို ဆာမတ်စ် ဘက်စ်ဘီ လက်ထက် ကတည်းက ဝင်ရောက်လေ့ ရှိပါတယ်။ ဒါ့အပြင် ဖာဂူဆန်နဲ့ လက်ရှိ မန်ချက်စတာယူနိုက်တက် ဘောလုံးအဖွဲဝင်တွေ ဖြစ်တဲ့ ဒေးဗစ် ဂီးလ်နဲ့ အက်ဒယ်ဆန် တို့မှာလည်း အခါသင့်သလို အသင်းရဲ့ အဝတ်လဲခန်းထဲကို လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။ ယခုအခါ ဆာဂျင်မ် ရက်ကလစ်ဖ်က အသင်းရဲ့ ပေါ်လစီကို အပြောင်းအလဲ ပြုလုပ်မည်ဟု ဆိုကာ ဖာဂူဆန်နဲ့ အသင်းရဲ့ ဘောလုံးအဖွဲဝင်များကို အသင်း အဝတ်လဲခန်း အတွင်း ဝင်ရောက်ခြင်း မပြုဖို့ အတွက် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း Daily Mail က ဖော်ပြထားပါတယ်။ 

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ ရုန်းကန်နေရပေမယ့် ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ခြေစွမ်းပိုင်းက အားရစရာ မရှိသလို ပြီးခဲ့တဲ့ ရာသီက သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန် မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ပြီး အမှတ်ပေးဇယား မှာလည်း အဆင့် ၈ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ 

ဒီရာသီ မှာတော့ ရာသီအစပိုင်းမှာတင်ပဲ အသင်းက သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရာသီအစနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၇ ပွဲ ကစား၊ ၈ မှတ်သာ ရထားသလို အဆင့် ၁၄ နေရာ အထိပါ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ် ၇ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးတော့ ဒီရာသီမှာ ဆောက်သမ်တန် ပြီးရင် တိုက်စစ် အဆိုးရွှားဆုံး အသင်းလည်း ဖြစ်နေခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့်ပဲ တန်ဟက်ဂ်ရဲ့ အနာဂတ်က ပိုမို မတည်မငြိမ် ဖြစ်လာခဲ့ပြီးတော့ ဒီရက်ပိုင်းအတွင်း ရာထူး ကနေ ဖယ်ရှားခံရနိုင်တယ် ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မနက်ဖြန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် ဘရန့်ဖို့ဒ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်