စီးရီးအေ ကလပ် အတ္တလန္တာရဲ့ ခြေစွမ်းပြ တိုက်စစ်မှူး လွတ်ခ်မန်း ကတော့ သူ့အနေနဲ့ အခုလို အောင်မြင်ဖို့ အတွက် ဘယ်လိုမျိုး ကြိုးစားခဲ့ရသလဲ ဆိုတာကို ပြန်လည် ပြောကြားလာခဲ့ပါတယ်။ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ် ကစားသမား အဒမ်မိုလာ လွတ်ခ်မန်း ကတော့ ၂၀၂၄ ခုနှစ် အတွက် အာဖရိက တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူး ရရှိထားသူလည်း ဖြစ်ပါတယ်။
လွတ်ခ်မန်းရဲ့ ပြောကြားချက် အရ သူဟာ နာကျင်မှုတွေကို ခွန်အား အဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် အောင်မြင်မှုတွေ ရရှိလာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား လွတ်ခ်မန်းဟာ ၂၀၂၄ ခုနှစ်ရဲ့ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိဖို့ မော်ရိုကိုနဲ့ ပီအက်စ်ဂျီ ညာနောက်ခံလူ အာချက်ဖ် ဟာကီမီကို ကျော်ဖြတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
လွတ်ခ်မန်းက အာဖရိက တစ်နှစ်တာ အကောင်းဆုံးဆု ရယူပြီးနောက် မိန့်ခွန်း ပြောကြားခဲ့ရာမှာ သူ့ရဲ့ ကစားသမား ဘဝမှာ စိတ်အပျက်ရဆုံး အခြေအနေ ကတော့ ဖူလ်ဟမ်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ချိန် ဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ပါသေးတယ်။ လွတ်ခ်မန်းက “ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ နောက်ဆုံး မိနစ်မှာ ပယ်နယ်တီ ရခဲ့ပါတယ်။ ဒီပယ်နယ်တီကို ကျွန်တော် ပါနန်ကာ ပုံစံ ကန်ခဲ့ပြီးတော့ ဂိုးသမား မိသွားတဲ့ အချိန်မှာ ကျွန်တော် လုံးဝ ပြိုလဲသွားခဲ့ပါတယ်။ ကျွန်တော် လှောင်ပြောင်မှုတွေ အများကြီးကို ရရှိခဲ့ပြီး ဘောလုံး ဆက်ကစားချင်စိတ်တောင် ပျောက်ခဲ့ရတယ်။ ဒါပေမယ့် အတ္တလန္တာကို ရောက်ရှိခဲ့ပြီးတဲ့နောက် ဒီအရာတွေကို ခွန်အား အဖြစ် ပြောင်းလဲနိုင်ခဲ့လို အောင်မြင်မှုတွေ ပြန်လည် ရရှိလာခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
လွတ်ခ်မန်း ကတော့ အင်္ဂလန် ကလပ် ချာလ်တန်နဲ့ ကစားသမား ဘဝ စတင်ခဲ့ပြီးတော့ ၄၉ ပွဲ ကစားကာ ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် လွတ်ခ်မန်းက အဲဗာတန်ကို ပြောင်းရွှေ့ခဲ့ပြီးတော့ လိုက်ပ်ဇစ် မှာလည်း အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ခဲ့ပြီး ဖူလ်ဟမ်၊ လက်စတာစီးတီး စတဲ့ အသင်းတွေမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပြန်ပါတယ်။ လွတ်ခ်မန်းဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လ မှာတော့ စီးရီးအေ ကလပ် အတ္တလန္တာကို ထပ်မံ ပြောင်းရွှေ့ခဲ့ကာ လက်ရှိ အချိန်ထိ ၉၇ ပွဲကစားပြီး ၄၃ ဂိုး သွင်းယူပေးထားပါတယ်။ လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အတ္တလန္တာ ကလည်း အသင်းသမိုင်း တစ်လျှောက် ပထမဦးဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လွတ်ခ်မန်းက ဒီရာသီ မှာလည်း အတ္တလန္တာ အတွက် ခြေစွမ်းပြ ကစားနေပြီး စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၁၁ ဂိုး သွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.