မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကတော့ နောက်ထပ် နာမည်ကျော် ခေါ်ယူမှု တစ်ခု အဖြစ် မန်စီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနားကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ပူးတွဲ ပိုင်ရှင် ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီ ကတော့ နောက်ပိုင်း နှစ်တွေမှာ နာမည်ကျော် ကစားသမားဟောင်းတွေကို ခေါ်ယူ အားဖြည့်နေပြီးတော့ အောင်မြင်မှုတွေ ရရှိဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
လက်ရှိ အင်တာမိုင်ယာမီမှာ လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ်၊ ဘူးစကွက်စ်၊ ယော်ဒီ အဲလ်ဘာ အပြင် ဘာစီလိုနာ ကစားသမားဟောင်း ဖြစ်တဲ့ နည်းပြ ဂျာဗီးယား မာရှေယာနို တို့ပါ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မေဂျာလိဂ် ကလပ် တာဝန်ရှိသူတွေ ကတော့ လာမယ့် အနာဂတ်မှာ အသင်းကို အခုထက် ပိုပြီး တိုးတက်မှုတွေနဲ့ မြင်တွေ့ချင်တာကြောင့် နာမည်ကြီး ကစားသမားတွေကို ခေါ်ယူချင်နေသေးတာပါ။ အခု နောက်ဆုံး အင်တာမိုင်ယာမီရဲ့ ပစ်မှတ် ကတော့ မန်ချက်စတာစီးတီးရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနား ဖြစ်ပြီး အဓိက နံပါတ် ပစ်မှတ် အဖြစ်ပါ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒီဘရွန်းနားဟာ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၃ နှစ် ရှိနေပြီ ဖြစ်ပေမယ့်လည်း မန်စီးတီးလို အသင်းမျိုး အတွက်တောင် ခြေစွမ်းပြနေဆဲ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမားဟာ သူ့ရဲ့ တိကျပြီး အကွက်မြင်လှတဲ့ ပေးပို့ ဖန်တီးမှုတွေကြောင့် နာမည်ကျော်သူ ဖြစ်ပြီး လက်ရှိမှာတော့ အသက်အရွယ်ကြောင့် ကြံ့ခိုင်မှု အပိုင်းမှာ အားနည်းလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအခြေအနေကို မန်စီးတီး ကတော့ သိပ်ပြီး သဘောမကျတော့တာ တွေ့ရပြီး စာချုပ်သက်တမ်း နောက်ဆုံး နှစ်ကို ရောက်ရှိလာချိန်မှာ အသင်း ပြောင်းခွင့်ပေးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ မန်တီး ဘက်က ဒီဘရွန်းနားကို သက်တမ်းတိုးဖို့ထက် သူ့ရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတွေ ကိုသာ လိုက်လံ ရှာဖွေနေတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ မန်စီးတီးဟာ ဒီဘရွန်းနားကို ပြောင်းရွှေ့ကြေးနဲ့ ဖြစ်စေ စာချုပ်သက်တမ်းကုန်ချိန်မှ အလွတ်နဲ့ ဖြစ်စေ ထွက်ခွာခွင့်ပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဒါကြောင့် ဒီဘရွန်းနားဟာ မကြာခင်မှာ မန်စီးတီး ကနေ ကျိန်းသေပေါက် ထွက်ခွာရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အသင်းလက်မဲ့ ဖြစ်တော့မယ့် ဒီဘရွန်းနားကို ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်ဟီလယ်၊ အဲလ်နာဆာနဲ့ အဲလ်အစ်တီဟတ် တို့က ခေါ်ယူချင်နေကြပြီး လက်ရှိမှာလည်း မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကပါ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ မက်ဆီ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်နဲ့ အယ်လ်ဘာ တိုကို့ ခေါ်ယူထားပြီး နောက်ထပ် ထိပ်တန်း ကစားသမားတွေ ကိုပါ ဆက်လက် ခေါ်ယူသွားဖို့ အသင့် ရှိနေခဲ့ပါတယ်။ အကယ်၍ အင်တာမိုင်ယာမီသာ ဒီဘရွန်းနားကို ခေါ်ယူနိုင်ခဲ့ရင်တော့ အသင်းရဲ့ ပုံရိပ်ကို သာမက ခြေစွမ်းပိုင်း ကိုလည်း သိသိသာသာ မြှင့်တင်နိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.