ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြသစ် ရူဘင် အမော်ရင် ကတော့ မနေ့ကပဲ ယူနိုက်တက်ရဲ့ ကယ်ရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အမော်ရင်ဟာ လာမယ့် အစ်ပ်ဆွစ်ချ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက်ကို စတင် ကိုင်တွယ်သွားမှာလည်း ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ အမော်ရင် အနေနဲ့ စပို့တင်းလစ္စဘွန်း ကစားသမားတွေကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း ယူနိုက်တက်ဆီ မခေါ်ယူဖို့ ပေါ်တူဂီ ကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ သဘောတူညီမှု ရယူထားခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ ဗြိတိန် နာမည်ကြီး သတင်းစာ Mirror က ဖော်ပြခဲ့တာ ဖြစ်ပြီး ဖြစ်နိုင်ချေများတဲ့ သတင်းလည်း ဖြစ်ပါတယ်။
အသက် ၃၉ နှစ် အရွယ် ပေါ်တူဂီ လူမျိုး လူငယ် နည်းပြ ရူဘင် အမော်ရင်ဟာ စပို့တင်းလစ္စဘွန်းကို ရာသီကုန် အထိ ကိုင်တွယ်ဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ရရှိခဲ့တဲ့ အတွက် စပို့တင်းလစ္စဘွန်းနဲ့ လမ်းခွဲပြီးတော့ ယူနိုက်တက်ကို ပြောင်းလဲ ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အမော်ရင်ရဲ့ ပြောကြားချက်အရ ဆိုရင်တော့ သူ့ အနေနဲ့ ယူနိုက်တက် နည်းပြ ရာထူးကို လက်ခံမခံ ဆုံးဖြတ်ဖို့ အတွက် အချိန် ၃ ရက်သာ ယူခဲ့ရတယ်လို့လည်း သိရပါတယ်။
အမော်ရင်ဟာ စပို့တင်းလစ္စဘွန်း ဘက်က အလိုရှိတဲ့ အတိုင်း နိုဝင်ဘာလ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် အထိ အသင်းကို ကိုင်တွယ်ပေးခဲ့သလို၊ စပို့တင်းလစ္စဘွန်းရဲ ကစားသမားတွေ ကိုလည်း ဇန်နဝါရီ အပြောင်းအရွှေ့မှာ မခေါ်ယူဖို့ ကိုလည်း ကတိပေးခဲ့ကြောင်း ယုံကြည်ရတဲ့ သတင်းဌာနတွေက ဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာ စပို့တင်းလစ္စဘွန်းရဲ့ ခြေစွမ်းပြ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက ပစ်မှတ်ထားနေပြီး အဲဒီ ကလပ်တွေထဲမှာ ယူနိုက်တက်လည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အနေနဲ့ အမော်ရင်နဲ့ စပို့တင်းလစ္စဘွန်း တို့အကြား ထားရှိခဲ့တဲ့ ကတိကဝတ်ကြောင့် ယိုကီးရက်စ်ကို လက်ရှိမှာ ခေါ်ယူဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ယိုကီးရက်စ်ကို တခြားသော အသင်းတွေရဲ့ လက်ဦးမှုလည်း ရယူသွားနိုင်ကြောင်း Mirror က သုံးသပ် ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ရူဘင် အမော်ရင် ကတော့ လာမယ့် နွေရာသီမှာ ယိုကီးရက်စ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေကြောင်းလည်း သိရပါတယ်။
ဗစ်တာ ယိုကီးရက်စ် ကတော့ လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိနေပြီ ဖြစ်ပြီး ဒီရာသီ စပိုတင်းလစ္စဘွန်း အတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီး ၂၃ ဂိုး သွင်းယူထားပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသထားသူပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အင်္ဂလန် အသင်းငယ် ကိုဗင်ထရီ ကနေ စပို့တင်းလစ္စဘွန်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ယိုကီးရက်စ်ဟာ သူရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာပဲ သွင်းဂိုး ၄၃ ဂိုး၊ ဂိုးဖန်တီးမှု ၁၅ ကြိမ် အထိတောင် ပြုလုပ်ကာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.