နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မော်ရင်ဟိုရော သူပါ နှစ်ဦးစလုံး ဒီရာသီမှာ အောင်မြင်မှု ရလိမ့်မယ်လို့ ဆိုလိုက်တဲ့ တန်ဟက်ဂ် | ယူရိုပါလိဂ်

ဟိုဆေး မော်ရင်ဟိုရဲ့ ဖီနာဘာချီ ကတော့ ယူရိုပါလိဂ် လိဂ် အဆင့် ပွဲစဉ် ၃ အဖြစ် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုက သူ့ရဲ့ အသင်းဟောင်းကို အောင်မြင်စေချင်ကြောင်း ပြောဆိုလာခဲ့သလို ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကလည်း သူရော ဟိုဆေး မော်ရင်ဟိုပါ ဒီနှစ် ဘောလုံး ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြန်လည် ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။

ဒီနည်းပြ နှစ်ဦးဟာ ယခင်ကလည်း ယူရိုပါလိဂ်ရဲ့ ဗိုလ်လုပွဲ အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက မော်ရင်ဟိုက ယူနိုက်တက်ကို ကိုင်တွယ်နေတာ ဖြစ်ပြီးတော့ တန်ဟက်ဂ် ကတော့ အေဂျက်စ်မှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဗိုလ်လုပွဲ မှာတော့ မော်ရင်ဟိုရဲ့ ယူနိုက်တက်က အေဂျက်စ်ကို အနိုင်ယူပြီးတော့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ လက်ရှိမှာ တန်ဟက်ဂ်က ယူနိုက်တက် နည်းပြဘဝ တတိယမြောက်ရာသီကို ဖြတ်သန်းနေရပြီးတော့ ခက်ခက်ခဲခဲ ရုန်းကန်နေရသလို နည်းပြ ရာထူး ကနေပါ အချိန်မရွေး ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ မော်ရင်ဟို ကတော့ ဖီနာဘာချီကို ၁၄ ပွဲသာ ကိုင်တွယ်ရသေး ပြီးတော့ တူရကီလိဂ် မှာတော့ အဆင့် ၄ နေရာမှာ ရှိနေခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီနည်းပြ ၂ ဦးက ယူရိုပါလိဂ်မှာ ထိပ်တိုက် ပြန်လည် တွေ့ဆုံကြတော့မှာ ဖြစ်သလို နည်းပြ မော်ရင်ဟိုနဲ့ ပတ်သက်ပြီးတော့ တန်ဟက်ဂ်က အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ်က “မော်ရင်ဟိုနဲ့ ကျွန်တော် တို့က ပြီးခဲ့တဲ့ နှစ်တွေမှာ ဆုဖလားတွေ အမြောက်အများ ရယူနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော် တို့က နှစ်တိုင်းလိုလို သက်သေပြနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တိုသာ ဆုဖလားတွေ မရခဲ့ဘူး ဆိုရင် အမြဲတမ်းလိုလို ဝေဖန်ခံနေရမှာပါ။ ကျွန်တော် တို့မှာ အတွေ့အကြုံတွေ အလုံအလောက် ရှိနေတယ် ဆိုတာ ကိုလည်း ကျွန်တော် သိပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံး ဆိုတာက နိုင်ပွဲတွေ အကြောင်းပဲ အရေးကြီးပါတယ်။ အနိုင်မရခဲ့ဘူး ဆိုရင်တော့ ဝေဖန်မှုတွေ ရောက်လာမှာပါပဲ။” လို့ ဆိုပါတယ်။

အဲဒီ ဗိုလ်လုပွဲ မှာတော့ မော်ရင်ဟိုရဲ့ ယူနိုက်တက်က အေဂျက်စ်ကို အနိုင်ယူပြီးတော့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကနေ အထုတ်ခံရဖို့ နီးနေပြန်တဲ့ တန်ဟက်ဂ်

ဆက်လက်ပြီး တန်ဟက်ဂ်က “ဒါပေမယ့် အဆုံးသတ်ကို ရောက်လာပြီ ဆိုရင် ရာသီကုန်ချိန်မှာ ခင်ဗျားက ခင်ဗျား အသင်းကို ဘယ်နေရာထိ ရောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သလဲ ဆိုတာ အရေးကြီးပါတယ်။ မော်ရင်ဟိုက အတွေ့အကြုံများစွာ ရှိတဲ့ သူပါ။ သူ့အသင်း ကိုလည်း အကောင်းဆုံး ပုံစံနဲ့ သူ ဦးဆောင်သွားပါလိမ့်မယ်။ သူရော ကျွန်တော် တို့ပါ အောင်မြင်နိုင်ပါလိမ့်မယ်။ ကျွန်တော် တို့တွေ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ် ဆိုတာ ယုံကြည်နေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုက ယူနိုက်တက်မှာ နည်းပြ လူးဝစ္စ ဗန်ဟားလ် နေရာကို အစားထိုး ဝင်ရောက်လာခဲ့သူ ဖြစ်ပြီးတော့ သူရဲ့ ပထမဆုံး ဘောလုံး ရာသီမှာပဲ ကွန်မြူနတီဒိုင်း၊ ခရာဘောင်ဖလားနဲ့ ယူရိုပါလိဂ် ဖလား တို့ကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ တတိယမြောက် ရာသီ ကျိန်စာဆိုးကြောင့်ပဲ ရာသီဝက် မတိုင်ခင်မှာပဲ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်