နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ဟာ ပိုကောင်းလာကြောင်း ချီးကျူးလိုက်တဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးရဲ့ နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ သူတို့ အသင်းရဲ့ အနီးကပ် ပြိုင်ဘက် အာဆင်နယ်ဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီး ကောင်းမွန်လာခဲ့တယ်လို့ မှတ်ချက်ပေး ပြောဆိုလာခဲ့ပါတယ်။ မန်စီးတီးဟာ ဒီကနေ့ ညမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် အာဆင်နယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပြီး ဒီပွဲ မတိုင်ခင်မှာ ဂွာဒီယိုလာက ပြိုင်ဘက်ကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ အစောပိုင်း နှစ်တွေမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယာဂင် ကလော့ပ်ရဲ့ လစ်ဗာပူးလ်နဲ့ ယှဉ်ပြိုင်ခဲ့ရာပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အာဆင်နယ်နဲ့ အဓိက ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ နှစ်ရာသီ ဆက်တိုက် မန်ချက်စတာစီးတီးကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့သလို ချန်ပီယံ ဖြစ်ဖို့အထိ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွာဒီယိုလာရဲ့ အသင်း ကသာ ပရီးမီးယားလိဂ် ဖလားကို ၄ နှစ် ဆက်တိုက် အမှားအယွင်း မရှိ ရယူနိုင်ခဲ့ကာ တပည့် ဖြစ်သူ မီခဲလ် အာတေးတားရဲ့ အသင်း ကိုတော့ ဒုတိယလူ အဖြစ်နဲ့သာ နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂ဝ၂၃-၂၄ ဘောလုံးရာသီမှာ မန်စီးတီးဟာ အာဆင်နယ်ထက် ၃ မှတ် အသာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တာလည်း ဖြစ်သလို အိမ်ကွင်း အဝေးကွင်း နှစ်ပွဲစလုံး အသာမရခဲ့ပါဘူး။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးတို့ ရှုံးနိမ့်ခဲ့သလို အက်တီဟတ် မှာတော့ ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ အစောပိုင်း နှစ်တွေမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယာဂင် ကလော့ပ်ရဲ့ လစ်ဗာပူးလ်နဲ့ ယှဉ်ပြိုင်ခဲ့ရာပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အာဆင်နယ်နဲ့ အဓိက ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေတဲ့ အာဆင်နယ်

ဒီလို အခြေအနေမှာ ပပ် ဂွာဒီယိုလာက အာဆင်နယ်ဟာ ပိုကောင်းသထက် ကောင်းလာတဲ့ အသင်း ဖြစ်ကြောင်း အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြက “အာဆင်နယ် က တစ်နှစ်ထက် တစ်နှစ် ပိုပြီးတော့ ကောင်းမွန်လာပါတယ်။ ဒါက ဘာကြောင့်လဲ ဆိုတော့ သူတို့က အသင်းရဲ့ ကစားသမား အင်အား အပေါ် အများကြီး ရင်းနှီးမြှပ်နှံထားကြလို့ပါပဲ။ အသင်းရဲ့ ကစားသမား အင်အား ကိုမှ နောက်ထပ် အရည်အသွေးကောင်းတဲ့ ထိပ်တန်း ကစားသမားတွေပါ ဖြည့်တင်းလိုက်တာမို့လို့ ပိုပြီးတော့ တောင့် တင်းလာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂွာဒီယိုလာက “ကျွန်တော်က အခုလို တစ်စုံ တစ်ခု ပြောလာမယ် ဆိုရင် ဒါက ကျွန်တော် ပွဲမစခင်မှာ mind game တွေ ဒါမှမဟုတ် တခြား တစ်ခုခုကို ပြောနေကြတာ ဆိုပြီး လူတွေက ထင်မြင်ကြတယ်။ ဒါပေမယ့် ကျွန်တော်က သူတို့ အသင်းနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ထင်မြင်ချက် တစ်ခုကို ထုတ်ပြောရုံပါပဲ။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

လက်ရှိ ဘောလုံးရာသီ မှာတော့ မန်စီးတီးက ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပြီး အခုလာမယ့် အာဆင်နယ်နဲ့ ပွဲမှာ ရလဒ်ကောင်းခဲ့ရင်တော့ အဆင့် ၁ နေရာကို ပြန်လည် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အာဆင်နယ် ကလည်း ဒီပွဲမှာသာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် ဇယားကို ဦးဆောင်နိုင်မှာ ဖြစ်တာကြောင့် အားစိုက်လာကြမှာ သေချာပါတယ်။ ဒါ့အပြင် ဒီပွဲဟာ နှစ်သင်းစလုံးရဲ့ အမှတ်ပေးချန်ပီယံဆု အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိလာနိုင်လို့ အမှားမခံစတမ်း ကစားရမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်