နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ ကြိုးပမ်းတော့မှာ မဟုတ်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ခေါ်ယူပြီးတာနဲ့ နွေရာသီ အပြောင်းအရွှေ့ကို အဆုံးသတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ယူနိုက်တက် အနေနဲ့ ဥရုဂွေး ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် အခြားသော ကစားသမားတွေကို ထပ်မံ ခေါ်ယူတော့မှာ မဟုတ်ပါဘူး။ သတင်းတွေအရ ဆိုရင် ယူနိုက်တက်ဟာ ဘရန့်ဖိုဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို စိတ်ဝင်စားခဲ့ပေမယ့် ခေါ်ယူသွားမှာတော့ မဟုတ်ပါဘူး။

ယူနိုက်တက်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ် အတွက် ဂျော်ရွှာ ဇီယက်ခ်ဇီး၊ နောက်တန်း အတွက် လီနီ ယိုရို၊ မက်ဇရာရီနဲ့ ဒီလစ်ဂျ်၊ အခုနောက်ဆုံးမှာတော့ ကွင်းလယ်ပိုင်း အတွက် မန်ဝဲလ် အူဂါတီ တို့ကို ခေါ်ယူ အားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ကစားသမား အားဖြည့်မှုတွေက တော်တော်လေးကို အားရစရာ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းက ဘယ်နောက်ခံလူနေရာနဲ့ ကွင်းလယ်ပိုင်း အတွက်လည်း ထပ်မံ အင်အား ဖြည့်တင်းဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်း ကလည်း ဟွိုက်ဂျ်လန်း ဒဏ်ရာကြောင့် တစ်လကျော်ကြာ အနားယူနေရသလို ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုတွေကြောင့် တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ အိုင်ဗန် တိုနေးကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အပြင် ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အာလီ တို့ကပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဆော်ဒီပရိုလိဂ် ကလပ်တွေနဲ့ အပြိုင် အိုင်ဗန် တိုနေးကို ကြိုးပမ်းဖွယ် ရှိနေတဲ့ ချဲလ်ဆီး

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကစားသမားသစ် ၅ ဦး အတွက် အသုံးစရိတ် စုစုပေါင်း ယူရို ၂၂၄.၅ သန်း အထိတောင် အသုံးပြုထားပါတယ်။ အကယ်၍သာ ကစားသမားသစ်တွေ ထပ်ခေါ်မယ် ဆိုရင်တော့ အငှားကမ်းလှမ်းမှုနဲ့သာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဘရန့်ဖိုဒ်ရဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားတော့မှာ မဟုတ်ပဲ အူဂါတီကို ခေါ်ယူနိုင်ပြီ ဆိုတာနဲ့ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုကို အဆုံးသတ်သွားဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိုင်ဗန် တိုနေးကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အပြင် ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အာလီ တို့ကပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင် ချဲလ်ဆီးက နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး မရခဲ့ရင်တော့ အိုင်ဗန် တိုနေးကို ပြောင်းလဲ ပစ်မှတ်ထားဖို့ ရှိသလို လက်ရှိမှာ အဲလ် အာလီက အိုင်ဗန် တိုနေးကို အရ ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက် ရှိပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် အိုင်ဗန် တိုနေးဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး ဘရန့်ဖို့ဒ်မှာ ၁၄၁ ပွဲ ကစားပြီး ၇၂ ဂိုး သွင်းယူထားပါတယ်။ လက်ရှိ မှာတော့ တိုနေးက ပွဲပယ် ပြစ်ဒဏ်ကျခံနေရပြီး ရာသီသစ်မှာ ဘရန့်ဖို့ဒ် အတွက် ပွဲစဉ် တစ်ပွဲမှ မကစားရသေးသူလည်း ဖြစ်ပါတယ်။ တိုနေးဟာ ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖို့ဒ် အတွက် ၁၇ ပွဲ ကစားပြီး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်