နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အူဂါတီကို အငှား+အပြီးသတ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို တစ်ရာသီ အငှားစာချုပ်+အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့တာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ ဥရုဂွေး လက်ရွေးစင် ကစားသမား အတွက် ဆွေးနွေး ညှိနှိင်းမှု များ လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။

ပီအက်စ်ဂျီ ဘက်ကတော့ အူဂါတီကို အသင်း ကနေ ရောင်းထုတ်သွားချင်နေပေမယ့်လည်း သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ လောက် အထိ အလိုရှိနေတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ယူရို သန်း ၁၆၀ ကျော် သုံးစွဲထားပြီး ဖြစ်တဲ့ ယူနိုက်တက် အတွက်တော့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့ကို အလျင်အမြန် ဖြစ်ပေါ်စေဖို့ အတွက် အူဂါတီရဲ့ အေးဂျင့် ဖြစ်တဲ့ ဂျော့ဂျ် မန်းဒက်စ်က ပါ အပြောင်းအရွှေ့ထဲကို ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပြီး နှစ်သင်းအကြားကို ဆွေးနွေး ညှိနှိင်းမှုတွေ လုပ်ဆောင်ပေးလျက် ရှိပါတယ်။

ယူနိုက်တက်က လက်ရှိ နွေရာသီဈေးကွက်မှာ တိုက်စစ်ပိုင်း အတွက် ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ ခံစစ်ပိုင်း အတွက် မားသီးယက်စ် ဒီလစ်ဂျ်၊ လီနီ ယိုရို၊ နူဆာ မက်ဇရာရီ တို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပြီးနောက် ဈေးကွက် မပိတ်ခင်မှာ ကွင်းလယ်ပိုင်း ကစားသမားသစ် နောက်ထပ် တစ်ဦးလောက် ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လိုအပ်နေတဲ့ ကွင်းလယ်ပိုင်း အတွက် ယူနိုက်တက် ဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ပစ်မှတ်ထား ကြိုးပမ်းနေခဲ့ရာ ပြီးခဲ့တဲ့ ဇူလိုင်လ ထဲက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ အလျင်အမြန် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်း နှစ်သင်း အကြား မှာတော့ အူဂါတေးရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ ညှိနှိင်းနေဆဲ ဖြစ်ပါတယ်။

မန်ဝဲလ် အူဂါတီဟာ ပြီးခဲ့တဲ့ ရာသီကမှ ပေါ်တူဂီ ကလပ် စပိုတင်းလစ္စဘွန်း ကနေ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အူဂါတီဟာ အသင်းနဲ့ တစ်ရာသီသာ ဖြတ်သန်းရပြီးချိန်မှာပဲ ပီအက်စ်ဂျီက သူ့ကို ရောင်းထုတ်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပြီး အူဂါတီ ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့ချင်စိတ် ပြင်းပြနေပါတယ်။ ဒါကြောင့် ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးပမ်းလာချိန် မှာတော့ အူဂါတီက ချက်ချင်းပဲ လက်ခံခဲ့တာ ဖြစ်ပါတယ်

သတင်းတွေ အရ ဆိုရင်တော့ အူဂါတီ ကိုယ်တိုင်က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တော်တော်လေး စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့် ရဖို့ ကိုလည်း ပီအက်စ်ဂျီ အသင်းထံ ဖိအားပေး တောင်းဆိုမှုတွေ ဆက်တိုက် ပြုလုပ်လျက် ရှိနေပါတယ်။ လက်ရှိမှာ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းဖို့ ကလည်း ရက်ပိုင်းလောက်သာ လိုတော့တာကြောင့် ဒီအပြောင်းအရွှေ့က ယူနိုက်တက် ကမ်းလှမ်းချင်နေတဲ့ အငှား + အပြီးသတ် ကမ်းလှမ်းမှု နဲ့ပဲ ဖြစ်ပေါ်လာဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်