နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယာအို ဖီးလစ်နဲ့ အိုဆင်မ်ဟန်ကို ထပ်မံ ခေါ်ယူဦးမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

လက်ရှိ နွေရာသီဈေးကွက်မှာ ကစားသမားသစ်တွေ များစွာ ခေါ်ယူ အားဖြည့်လျက်ရှိတဲ့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ ဒီရက်ပိုင်း အတွင်း မှာလည်း တိုက်စစ် အတွက် ကစားသမားသစ် ၂ ဦး ခေါ်ယူ အားဖြည့်ထားပေမယ့် မကျေနပ်သေးပဲ နိုင်ဂျီးရီးယား တိုက်စစ် ကြယ်ပွင့် ဗစ်တာ အိုဆင်မ်ဟန် ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နာပိုလီက အိုဆင်မ်ဟန်ကို လက်လွတ်ရဖို့ ရှိနေတာကြောင့် သူ့ရဲ့ နေရာ အတွက် ချဲလ်ဆီး တိုက်စစ်မှူး ရိုမယ်လူ လူကာကူကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အိုဆင်မ်ဟန်နဲ့ လူကာကူ တို့ အကြား ကစားသမား အလဲအလှယ်တွေ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ အိုဆင်မ်ဟန်ကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက အငှား+အပြီးသတ်နဲ့ ခေါ်ယူပြီး လူကာကူ ကိုတော့ နာပိုလီဆီ အပြီး အလိုက်ပေးမယ် ဆိုတဲ့ ကောလဟာလတွေလည်း လက်ရှိမှာ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ အိုဆင်မ်ဟန်ရဲ့ အေးဂျင့် ကတော့ လုံးဝ ငြင်းဆိုထားခဲ့ပြီးတော့ သူရဲ့ ကစားသမား အပေါ် လေးစားမှု ရှိဖို့လည်း သတိပေးထားခဲ့ပါတယ်။ ဒီရက်ပိုင်းထဲ မှာလည်း နာပိုလီရဲ့ အားကစား ဒါရိုက်တာက အိုဆင်မ်ဟန် အနေနဲ့ အသင်း ကနေ ထွက်ခွာခွင့် တောင်းဆိုထား ကြောင်းနဲ့ ဈေးကွက် မပိတ်ခင်မှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အိုဆင်မ်ဟန်ကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက အငှား+အပြီးသတ်နဲ့ ခေါ်ယူပြီး လူကာကူ ကိုတော့ နာပိုလီဆီ အပြီး အလိုက်ပေးမယ် ဆိုတဲ့ ကောလဟာလတွေလည်း လက်ရှိမှာ ထွက်ပေါ်နေပါတယ်။
လူကာကူကို အလိုက်ပေးပြီး အိုဆင်မ်ဟန်ကို ခေါ်ယူမယ့် ချဲလ်ဆီး

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ တိုက်စစ်မှူးသစ် ထပ်မံ ခေါ်ယူဖို့ ကိစ္စတွေမှာ တော်တော်လေး ရှုပ်ထွေးနေပါတယ်။ ဂယ်လာဟာကို အသက်လက်တီကိုမက်ဒရစ်ဆီ ရောင်းချခဲ့ ပြီးနောက် စပိန် လူငယ် တိုက်စစ်မှူး ဆာမူ အိုမိုရိုဒီယန်ကို ပြန်လည် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက ရက်ပိုင်း အကြာမှာပဲ စိတ်ပြောင်းပြီး ဆာမူကို မခေါ်တော့ဖို့ ဆုံးဖြတ်ကာ ယာအို ဖီးလစ် ဘက်ကို မျှားဦးလှည့်လာခဲ့ပါတယ်။ ဒါ့အပြင် မထင်မှတ်ပဲ ခေါ်ယူမှု အဖြစ် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ ပေါ်တူဂီ တောင်ပံကစားသမား ပတ်ဒရို နီတို ကို ရုတ်တရက် ခေါ်ယူခဲ့ပါတယ်။ အကယ်၍ ချဲလ်ဆီးဟာ ယာအို ဖီးလစ်ကို ခေါ်ယူနိုင်ခဲ့ရင်တောင် သူတို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ ဗစ်တာ အိုဆင်မ်ဟန် ကိုပါ ထပ်မံ ကြိုးပမ်းဖွယ်လည်း ရှိနေပြန်ပါတယ်။ နာပိုလီ တိုက်စစ်မှူး အိုဆင်မ်ဟန်က ဒီနွေရာသီမှာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ နာပိုလီ ဘက်ကနေ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့ရသူ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေ အရတော့ ဗစ်တာ အိုဆင်မ်ဟန်ကို ချဲလ်ဆီးက မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ ရှိနေပြီး ချဲလ်ဆီးရဲ့ ကမ်းလှမ်းချက်ထဲ မှာလည်း လူကာကူက တစ်စိတ် တစ်ပိုင်း အဖြစ် သေချာပေါက် ပါဝင်လာဖို့တော့ ရှိနေပါတယ်။ အဓိက အကြောင်းရင်း ကတော့ နာပိုလီ နည်းပြ ကွန်တီက သူ့ရဲ့ တပည့်ဟောင်း လူကာကူနဲ့ ပြန်လည် လက်တွဲချင်နေတာကြောင့် ဖြစ်ပါတယ်။ လက်ရှိ ချဲလ်ဆီးရဲ့ တိုက်စစ်မှာ ကစားသမား ၁၄ ဦး အထိ ရှိနေပြီးတော့ လူကာကူ၊ ရာဟင်းမ် စတာလင်နဲ့ မူဒရစ်ခ် တို့ထဲကမှ တစ်ဦးဦးကို ရှင်းထုတ်ရဖို့တော့ ရှိနေပါတယ်။ ဒါ့အပြင်  အာမန်ဒို ဘရိုဟာနဲ့ ဖိုဖာနာ တို့ကိုလည်း အရောင်းစာရင်း တင်ထားတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်