နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် နည်းပြ ရာထူးကို စိတ်မဝင်စားတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကိုတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ဆောက်ဂိတ် နေရာမှာ အစားထိုး ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်သား နည်းပြက သူ့ အနေနဲ့ မန်စီးတီးမှာသာ ပျော်ရွှင်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

ဂါရက်သ် ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့လ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ပြီးနောက် နည်းပြ ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က ဂါရတ်သ် ဆောက်ဂိတ်ရဲ့ နေရာကို ဆက်ခံမယ့် နည်းပြ တစ်ဦးကို အသည်းအသန် ရှာဖွေနေရတာ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ နည်းပြသစ် လျာထား စာရင်း မှာတော့ ပပ် ဂွာဒီယိုလာ အပြင် ယာဂင် ကလော့ပ်၊ ပိုချက်တီနို၊ ပေါ်တာနဲ့ အက်ဒီဟောင်းဝ် တို့လည်း ပါဝင်နေခဲ့ပါတယ်။

ပပ် ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးကို ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် မန်ချက်စတာ ကနေ ထွက်ခွာဖို့ နီးနေပြီ ဖြစ်ကြောင်း ပြောကြားထားခဲ့သူပါ။ လက်ရှိ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ဂွာဒီယိုလာက မန်စီးတီး ကနေ နောက်ရာသီ အကုန်မှာ ထွက်ခွာလိမ့်မယ်လို့ လက်ရှိ အချိန်ထိ သတင်းတွေ ထွက်နေပါသေးတယ်။

အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂွာဒီယိုလာက မန်စီးတီးကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ လိဂ်ပွဲ ၃၀၄ ပွဲမှာ ၂၂၅ ပွဲ အထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အသင်းက သွင်းဂိုး အနေနဲ့လည်း ၇၇၅ ဂိုး ရရှိခဲ့သလို ပျမ်းမျှ အနိုင်ရရှိနှုန်း ကလည်း ၇၄.၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဂွာဒီယိုလာကို အင်္ဂလန် နည်းပြ ရာထူး အလားအလာနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာတော့ စပိန်သားက“ကျွန်တော် ဒီကိုရောက်နေလို့ တကယ်ကို ဝမ်းသာပါတယ်။ ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ ဒီခံစားချက်က ဘယ်ကလာမှန်းလဲ မသိဘူး။ ဒီနေရာမှာ ရှိနေရတာ ကျွန်တော် တကယ် ကျေနပ်ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဂွာဒီယိုလာက “ကစားသမားတွေ အားလုံး အတူတကွ လေ့ကျင့်ဖို့နဲ့ ကျွန်တော်တို့ လုပ်ရမယ့် အရာတွေကို ပြန်လည် ဆန်းသစ်ဖို့ ပြန်လာပါပြီ။ နောက်ပြီး အဆင်သင့်လည်း ဖြစ်နေတာကြောင့် ကျန်တာ ကျွန်တော် စိတ်မ၀င်စားပါဘူး။” လို့ ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန် ထိပ်သီး ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီး ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရယူပေးခဲ့ပါတယ်။

ဂွာဒီယိုလာ အနေနဲ့ မန်စီးတီး နည်းပြ အဖြစ် ကိုင်တွယ်နေစဉ် အတွင်း ပရီးမီးယားလိဂ် အပါအဝင် အဓိက ဆုဖလား ၁၅ လုံး အထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူ့ အနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် တစ်ကြိမ်နဲ့ အက်ဖ်အေဖလား ဖိုင်နယ် တစ်ကြိမ်သာ ရှုံးနိမ့်ပြီး ဆုဖလား ၂ လုံးသာ လက်လွှတ်ခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်