နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မောင့်ကို အလွယ်တကူ အကဲမဖြတ်ကြဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရိသတ်တွေ အနေနဲ့ မေဆန်မောင့် အပေါ် ခပ်လွယ်လွယ် မဆုံးဖြတ်ဖြတ်ကြဖို့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ် တိုက်တွန်းလိုက်ပါတယ်။

မေဆန်မောင့်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကနေ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ အင်္ဂလန် ကွင်းလယ် ကြယ်ပွင့်က သူ့ရဲ့ အသင်းသစ် ယူနိုက်တက် အတွက် ပြီးခဲ့တဲ့ တစ်ရာသီလုံးမှ ပွဲ ၂၀သာ ကစားပေးနိုင်ခဲ့သလို 1 ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မေဆန်မောင့်ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းနဲ့ နောက်ဆုံးရာသီမှာ ဆီးခုံရိုး ပြဿနာကြောင့် ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့သူ ဖြစ်ပါတယ်။ အဲ့နောက် မောင့်က ယူနိုက်တက်ကို ရောက်ရှိချိန်မှာလည်း ၂ ပွဲ ကစားနောက် ဒဏ်ရာ အသစ် ထပ်မံ ရရှိခဲ့ပြီး ကာလရှည် ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ၄ လလောက် လွဲချော်ခဲ့ရပါတယ်။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မေဆန်မောင့်ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းနဲ့ နောက်ဆုံးရာသီမှာ ဆီးခုံရိုး ပြဿနာကြောင့် ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့သူ ဖြစ်ပါတယ်။
ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ၄ လကျော် အနားယူခဲ့ရတဲ့ မောင့်

ပေါင်သန်း ၆၀ ပေးပြီး‌ ခေါ်ယူခဲ့ရပေမယ့် အသင်း အတွက် အကျိုးမပြုနိုင် ဖြစ်နေတဲ့ မေဆန်မောင့် ကိုတော့ ပရိသတ်တွေက လက်ရှိမှာ စိတ်မရှည် ဖြစ်နေပြီး ဝေဖန်မှုတွေလည်း ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ အဲရစ်ခ် တန်ဟက်ဂ်က “ခင်ဗျားတို့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ အခြေအနေကို အကဲဖြတ်လို့ မရပါဘူး ဘာလို့လည်း ဆိုတော့ သူက ဒဏ်ရာရနေလို့ပါ။ သူ့ကို အကဲမဖြတ်ပါနဲ့။ ဒါပေမယ့် ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ အခါမှာ သူက ကျွန်တော်တို့ အတွက် အရမ်းကောင်းတဲ့ ကစားသမား ဖြစ်ပြီးတော့ စွယ်စုံသုံးလို့ ရပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး တန်ဟက်ဂ်က “ကျွန်တော်တို့ အသင်းမှာ သူ့လို ကစားသမားမျိုး လိုအပ်ပါတယ်။ ဘက်စုံသုံးလို့ရတဲ့ ကစားသမားမျိုးပေါ့။ သေချာတာကတော့ သူဟာ နေရာ တော်တော်များများမှာ ကစားနိုင်တဲ့ ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်ပြီး အသင်းကို ကူညီပေးမှာပါ။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။

မေဆန်မောင့်ဟာ ဂိုးဖန်တီးမှု ကောင်းသလို ဂိုးသွင်းအားလည်း ကောင်းတဲ့ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တယ် ဆိုတာ သူ့ရဲ့ ၂၀၂၁/၂၂ ဘောလုံး ရာသီက ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားပြီး ၂၉ ဂိုး သွင်း၊ ၂၉ ကြိမ် ဖန်တီးခဲ့တာက သက်သေပဲ ဖြစ်ပါတယ်။ မောင့် အနေနဲ့ ကြံ့ခိုင်မှု ပြဿနာကြောင့်သာ ပွဲစဉ် တော်တော်များများကို လွဲချော်နေခဲ့ရတာ ဖြစ်ပြီး သူ့အနေနဲ့ အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ၂၀၂၂ ကမ္ဘာ့ဖလား ကတည်းက မကစားပေးနိုင်ခဲ့ပါဘူး။ မောင့်ဟာ ဒီနှစ်နွေရာသီမှာတော့ ရာသီကြို ခြေစမ်းပွဲတွေ အတွက် ကြံ့ခိုင်မှု ရာသီသစ် အတွက်လည်း အဆင်သင့် ဖြစ်နေပြီလို့ ပြောရပါမယ်။ လက်ရှိမှာ ယူနိုက်တက်က ကွင်းလယ်ပိုင်း အတွက် ပီအက်စ်ဂျီက မန်ဝဲလ် အူဂါတီကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိသလို အဲရစ်ခ်ဆင်၊ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ မက်တော်မီနေး၊ ဟာနီဘယ်၊ မိန်းနူး တို့လည်း အသင်းမှာ ရှိနေပါတယ်။ အကယ်၍ မေဆန်မောင့်သာ ရာသီသစ်မှာ ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်မယ် ဆိုရင်တော့ ယူနိုက်တက် ကွင်းလယ်က တော်တော်လေး တောင့်တင်းသွားပြီလို့တောင် ဆိုနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်