ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် အသင်းရဲ့ ဥက္ကဋ္ဌ အူလီ ဟိုးနက်စ် ကတော့ ဒီနွေရာသီမှာ ဗဟိုခံစစ်မှူး မားသီးယက်စ် ဒီလစ်ဂျ်ကို အသင်း ကနေ ထွက်ခွာခွင့်ပြုထားကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒီလစ်ဂျ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်က အပြင်းအထန် စိတ်ဝင်စားနေချိန်မှာ ဟိုးနက်စ်က အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် နယ်သာလန် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ပုံမှန် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပြီး နည်းပြဟောင်း သောမတ်စ် တူချယ်က ဗဟိုခံစစ်မှာ ကင်မင်ဂျေးနဲ့ ဒါယော့တ် အူပါမီကာနို ကိုသာ အဓိကထား အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားကို ယူနိုက်တက်က အစောပိုင်းမှာ ခေါ်ယူဖို့ အသည်းအသန် ခေါ်ယူချင်ခဲ့ပေမယ့် လက်ရှိမှာတော့ လိုင်လီက ဆယ်ကျော်သက် ဗဟိုခံစစ် ကြယ်ပွင့် လီနီ ယိုရို ကိုသာ ပေါင်သန်း ၅၀ ကျော်နဲ့ အရ ခေါ်ယူထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီကစားသမားလေးကို လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးပမ်းပြီးမှ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ယူနိုက်တက်ဟာ ဘွန်ဒက်စ်လီဂါ ခံစစ်မှူး ဒီလစ်ဂျ်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှုတွေ လက်ရှိအချိန်မှာတော့ လျော့ကျသွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
တချို့ သတင်းတွေမှာတော့ ယူနိုက်တက် ပူးတွဲ ပိုင်ရှင်တွေဟာ သူတို့ အသင်းကို ပရီးမီးယားလိဂ်မှာ အခြား ထိပ်သီး အသင်းတွေနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင် နိုင်စေရေး အတွက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူပေးဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကလည်း အခုလက်ရှိ ခေါ်ယူထားတဲ့ ကစားသမား နှစ်ဦးနဲ့ပဲ ကျေနပ်အားရခြင်း မရှိသေးဘူလို့လည်း သိရပါတယ်။
ဒီလစ်ဂျ်ဟာ တန်ဟက်ဂ်နဲ့ နိုင်ငံချင်းတူသလို နယ်သာလန်သား နည်းပြ ကာလအတန်ကြာ သဘောကျခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ အေဂျက်စ်မှာ အတွဲညီခဲ့တဲ့ ဆရာတပည့်တွေ ဖြစ်ပြီး မကြာသေးခင်က ရရှိတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ဒီလစ်ဂျ် အတွက် ပေါင် ၂၉.၄ သန်းနဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် ဘေယန်မြူးနစ် ဘက်ကတော့ ပယ်ချထားခဲ့ပါတယ်။
Sky Germany နဲ့ အင်တာဗျူးမှာတော့ ဘေယန်မြူးနစ် ဥက္ကဌ ဟိုးနက်စ်က သူ့ အနေနဲ့ ဒီလစ်ဂျ် ကလပ်မှာ ဆက်ရှိနေလို့ ပျော်ရွှင်မိကြောင်း ဝန်ခံခဲ့ပေမယ့် သေသေချာချာ လာရောက် ကမ်းလှမ်းရင်တော့ ရောင်းချသွားဖွယ် ရှိတဲ့ စကားမျိုး အရိပ်အမြွက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဟိုးနက်စ်က “နောက်ခံလူ တစ်ယောက် ထွက်သွားဖို့ ဖြစ်နိုင်ချေ ရှိပါတယ် ဒီလစ်ဂျ် ဒီမှာ ဆက်ရှိနေတာက ကျွန်တော်တို့ အတွက် ပြဿနာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေး အရ ဆိုရင်တော့ ကျွန်တော် အူပါမီကာနိုကို ရောင်းမှာ မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဟိုးနက်စ်က “တကယ်လို့ သီအိုရီအရ အခု ဘယ်သူမှ ထွက်သွားမှာ မဟုတ်ဘူး ဆိုရင်၊ ကျွန်တော်တို့မှာ ကစားသမား သုံးယောက်နဲ့ အထက် ရှိနေမှာ ဖြစ်ပြီးတော့ ပိုပြီး တောင့်တောင့်တင်းတင်းနဲ့ ကစားနိုင်မှာပါ။ ဘေယန်မြူးနစ်မှာ ထင်ရှားတဲ့ ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးသာ အရင် ထွက်ခဲ့မယ် ဆိုရင်တော့ ကစားသမားသစ်တွေ ဘေယန်ကို ရောက်လာနိုင်ပါတယ်။ ဘေယန်က ငွေဖြုန်းမှာ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံမှာ ကျရှုံးခဲ့ပြီးနောက် ရာသီသစ်မှာတော့ အောင်မြင်မှုတွေ ပြန်လည် ရရှိဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် ဗင်းန်ဆင့် ကွန်ပနီကို ခန့်အပ်ထားခဲ့သလို မိုက်ကယ် အိုလစ်ဆီ၊ ယာအို ပေါ်လင်ဟာနဲ့ ဟီရိုကီ အီတို တို့လို ကစားသမားတွေကို ခေါ်ယူထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.