နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

X မှာ တင်ခဲ့တဲ့ ပို့စ်ကြောင့် ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာဖွယ် ရှိနေတဲ့ ဒါးဗစ် ဒက်ဟဲယား | ပရီးမီးယားလိဂ်

စပိန် နာမည်ကြီး ဂိုးသမားဟောင်း ဒါးဗစ် ဒက်ဟဲယား ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် တစ်နှစ်ကျော်ကြာ အသင်းလက်မဲ့ ဖြစ်နေသူပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်က သူ့ရဲ့ X အကောင့် ကနေ တဆင့် တင်ခဲ့တဲ့ ပို့စ် တစ်ခုကြောင့် ဒက်ဟဲယား အနေနဲ့ ဘောလုံးလောကထဲကို ပြန်လည် ရောက်ရှိလာတော့မလား ဆိုပြီး စောင့်ကြည့်ရဖို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

ဒက်ဟဲယားက ပြီးခဲ့တဲ့ စနေနေ့က X မှာ သဲနာရီ အီမိုဂျီကို တင်ခဲ့တာ ဖြစ်ပြီး ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ အကြားမှာ စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပို့စ်က အကြိမ်ရေ ၁၀ သန်း ကြည့်ရှုခံခဲ့ရပြီး Like ၈၇၀၀၀ နဲ့ ပြန်လည် ဝေမျှမှု ကတော့ အကြိမ်ရေ ၇၀၀၀ အထိ ရှိခဲ့ပါတယ်။ 

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒက်ဟဲယားဟာ ဂိုးသမား တစ်ယောက် အတွက်တော့ အကောင်းဆုံး အချိန်တစ်ခုမှာ ရှိနေသေးတယ်လို့ ပြောလို့ ရနေဆဲ ဖြစ်ပါတယ်။ ဒီစပိန် ဂိုးသမားက ယူနိုက်တက်မှာ ၁၁ ရာသီကြာ ကစားပြီးနောက် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ စပိန်သား အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ကမ်းလှမ်းမှုတွေ မရခဲ့ပေမယ့်လည်း ဥရောပ ကလပ်တွေနဲ့ အပြိုင် ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ 

The Athleticရဲ့ အဆိုအရ ဆော်ဒီအာရေးဗီးယား၊ အမေရိကန်နဲ့ အီတလီ ကလပ် တစ်ခုစီက ဒက်ဟဲယားကို ကမ်းလှမ်းမှုတွေ ရှိထားတာကြောင့် လက်ရှိမှာ သူ့ အနေနဲ့ ဘောလုံးလောကသို့ ပြန်လည် ဝင်ရောက်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒက်ဟဲယား အနေနဲ့ သူ့ရဲ့ အနာဂတ် အတွက် လာမယ့် တစ်ပတ်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချသွားဖို့ ရှိပြီး ဘယ်အသင်းကို ပြောင်းမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒက်ဟဲယားကို ခေါ်ယူချင်တဲ့ အသင်း ၃ သင်း ရှိနေတယ်လို့ သိရပေမယ့် ဘယ်အသင်းတွေလဲ ဆိုတာတော့ မသိရသေးပါဘူး။ သတင်းတွေ အရ ဆိုရင် ဒက်ဟဲယားက ယူနိုက်တက်က လွဲလို့ အင်္ဂလန်မှာရှိတဲ့ ဘယ်အသင်းမှာမဆို ကစားဖို့ ငြင်းဆိုထားပုံ ရပြီး သူ့ရဲ့ မွေးရပ်မြေက စပိန်တွေ ကတော့ ကမ်းလှမ်းထားခြင်း မရှိဘူးလို့ သိရပါတယ်။

တချို့ သတင်းတွေမှာတော့ ဒက်ဟဲယားက သူ့ရဲ့ မိသားစုနဲ့ အတူ အေးအေးဆေးဆေး နေထိုင်နိုင်မယ့် ကလပ်နဲ့ မြို့ကို ရှာဖွေနေပြီး အမေရိကန် မေဂျာလိဂ် ကလပ် တစ်ခုကို ပြောင်းရွှေ့နိုင်ဖွယ်လည်း ရှိနေတယ်လို့ ဖော်ပြကြပါတယ်။ တချို့ကလည်း ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ ပြန်လည် ပူးပေါင်းသွားဖွယ် ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ 

ဒက်ဟဲယားဟာ အက်တလက်တီကိုမက်ဒရစ် အသင်းနဲ့ အတူ စတင် တောက်ပခဲ့ပြီးတော့ ၂၀၁၁ ခုနှစ် မှာတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒက်ဟဲယားက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် မှာတော့ ပွဲပေါင်း ၅၄၅ ပွဲ အထိ ကစားပေးခဲ့သလို စပိန် လက်ရွေးစင် အသင်း အတွက်တော့ ၄၅ ပွဲ ကစားထားခဲ့ပါတယ်။ ဒက်ဟဲယားဟာ အက်တလက်တီကို မက်ဒရစ်နဲ့ အတူ ယူရိုပါလိဂ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ ရရှိခဲ့ပါတယ်။ ယူနိုက်တက် မှာတော့ ကစားသမားဘဝ အောင်မြင်မှုတွေ ပိုမို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းဆုဖလား အားလုံး ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်