နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီသစ်မှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်နေတဲ့ အန်ကွန်ကူ | ပရီးမီးယားလိဂ်

ခရစ္စတိုဖာ အန်ကွန်ကူ ကတော့ လက်ရှိမှာ ဒဏ်ရာ ကနေ ပြန်ကောင်းလာဖို့ အတွက် အစွမ်းကုန် ကြိုးစားနေပြီး ချဲလ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ရာသီသစ်ကို ဖြတ်သန်းဖို့ မျှော်လင့်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အန်ကွန်ကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ လိုက်ပ်ဇစ် ကနေ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ ပရီးမီးယားလိဂ် မှာ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်တွေကို ပြသနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း ဒီပြင်သစ် ကစားသမားက ချဲလ်ဆီး အတွက် ၂၀၂၃/၂၄ ဘောလုံးရာသီမှာ ၁၄ ပွဲသာ ကစားထားနိုင်ခဲ့ပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ အန်ကွန်ကူက လိုက်ပ်ဇစ် မှာတော့ ၄ ရာသီ ဖြတ်သန်းခဲ့ပြီး ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်ခဲ့သလို ၁၇၂ ပွဲ ပါဝင်ကစားပြီး သွင်းဂိုး ၇၀ အထိ ရရှိခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှူးဟာ ချဲလ်ဆီး ကစားသမား အဖြစ် သူ့ရဲ့ ပထမဆုံး ရာသီမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒူးနဲ့ တံကောက်ကြော ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မြက်ခင်းစိမ်းနဲ့ မကြာခဏ ဝေးကွာနေခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် ရာသီသစ် ရောက်ရှိလာတော့မယ့် အချိန်မှာ အန်ကွန်ကူက သူ့ရဲ့ ကစားသမား ဘဝကို အသစ်တဖန် ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်လျက် ရှိပြီး ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်လာနိုင်ဖို့ အတွက် အပြင်းအထန် ကြိုးစားလေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်လို့ အန်ကွန်ကူက ကလပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် ကနေ တဆင့် အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “မနှစ်က ခက်ခဲတဲ့ ရာသီ အပြီးမှာတော့ ကျွန်တော် ပိုကောင်းလာပါတယ်။ နွေရာသီမှာ ကျွန်တော် ကောင်းကောင်း အနားယူခဲ့တယ်။ ဒီလို လုပ်ဖို့လည်း ကျွန်တော် လိုအပ်တယ်။ ကျွန်တော် ရာသီကြို ခြေစမ်းပွဲတွေ မတိုင်ခင် အလုပ်ပိုကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒီနှစ် မတိုင်ခင် ကျွန်တော် အနားယူဖို့ အရေးကြီးပါတယ်၊ ကျွန်တော့် ခေါင်း အတွက်လည်း ပိုကောင်းအောင်လို့ပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အန်ကွန်ကူက “အခု ကျွန်တော် လေ့ကျင့်ခန်းတိုင်းမှာ ကြံ့ခိုင်နေဖို့နဲ့ ကောင်းမွန်တဲ့ ပုံစံနဲ့ ရှေ့ဆက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ရာသီကြို ကာလက အရမ်းကောင်းမွန်နေပြီး အသင်း ကလည်း ကောင်းမွန်နေပါတယ်။ ကျွန်တော်တို့ ဟာ ဆန်းသစ်တဲ့ အသွင်နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ အဆင်သင့် ဖြစ်နေအောင် ကြိုးစား လေ့ကျင့်နေပါတယ်။ နည်းပြသစ်က ကျွန်တော်တို့ အတွက် အကြံဉာဏ်ကောင်းတွေ ယူဆောင်လာပေးတယ်။ သူနဲ့ အတူ လေ့ကျင့်ရတဲ့ အချိန်တိုင်းမှာ ပျော်ပါတယ်။ အခုက အစပဲ ရှိပါသေးတယ်။ သူကစားချင်တဲ့ ပုံစံ အတိုင်း လေ့ကျင့်ဖို့နဲ့ သင်ယူပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ သင်ယူဖို့ ဒီလမ်းကို ရောက်နေတာပါ။ ရာသီအစမှာ ကျွန်တော် တို့ရဲ့ ပြန်လည် ပရိသတ်တွေကို မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချဲလ်ဆီး ကတော့ ရာသီကြို ခြေစမ်းပွဲတွေကို အမေရိကန်မှာ သွားရောက် ကစားမှာ ဖြစ်ပြီး ပွဲစဉ် ၆ ပွဲ ကစားဖို့ စီစဉ်ထားပါတယ်။ သူတို့ရဲ့ ၂၀၂၄/၂၅ ဘောလုံးရာသီ ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် လက်ရှိ ချန်ပီယံ မန်စီးတီးကို စတန်းဖို့ဒ် ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်