နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အော်တီဂါသာ မကယ်ရင် အာဆင်နယ် ဖလားရသွားပြီ ဆိုတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပွဲမှာ စပါးကို ၀-၂ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးဟာ စပါးကို ခက်ခက်ခဲခဲ ရင်ဆိုင် ကစားခဲ့ရပြီး ဟာလန်းရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ သူတို့ လိုချင်တဲ့ နိုင်ပွဲ တစ်ပွဲကို ဖော်ဆောင်သွားနိုင်ခဲ့တာပါ။ ဟာလန်း ဦးဆောင်ဂိုး သွင်းပြီးနောက် စပါးတို့ ချေပဂိုး ပြန်ရနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပြီး အသုံးမချနိုင်ခဲ့သလို အာရှသား ဆွန်ဟောင်မင် ကလည်း အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ တစ်ဖက်က ကြည့်ရင်တော့ လူစားဝင် ဂိုးသမား အော်တီဂါ မန်စီးတီး အတွက် ဟီးရိုး ဖြစ်ခဲ့ပြီး သူသာ မကာကွယ်နိုင်ခဲ့ရင် ပွဲအဖြေ တမျိုး ပြောင်းလဲသွားမှာ ဖြစ်သလို မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်လည်း စုတ်ဖြဲခံလိုက်ရမှာ ဖြစ်ပါတယ်။ ပပ် ဂွာဒီယိုလာ ဆိုရင် ဆွန် ဘောလုံး ဆွဲသွားတဲ့ အချိန်မှာ ဆောက်တည်ရာမရ ဖြစ်ခဲ့ပြီး အော်တီဂါ ကာကွယ်လိုက်ချိန်မှာတော့ ပက်လက်လန်လဲ ခဲ့တဲ့ အထိ စိတ်လှုပ်ရှားခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဂွာဒီယိုလာက “အော်တီဂါဟာ ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကာကွယ်မှုတွေ လုပ်ပေးခဲ့ပါတယ်။ သူသာ မရှိရင် အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားလောက်ပါပြီ။ တစ်ဦးချင်း တွေ့တဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အော်တီဂါက ကျွန်တော် မြင်ဖူးသမျှထဲ အကောင်းဆုံး ဂိုးသမား တစ်ဦးပါပဲ။” လို့ တခုတ်တရကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ၁၀ ပွဲစလုံး တပြိုင်နက်ထဲ ကစားသွားမှာ ဖြစ်ပါတယ်။
လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်သွားတဲ့ စပါး

အသက် ၃၁ နှစ် အရွယ် ဂျာမနီ ဂိုးသမားဟာ အီဒါဆင်ရဲ့ နောက်မှာ အရန်ဂိုးသမား အဖြစ်နဲ့ပဲ ပွဲထွက်ခဲ့ရပေမယ့် မန်စီးတီး အရေးကြုံတိုင်းမှာ အကောင်းဆုံး ဖြည့်စွမ်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ စပါး နည်းပြ ပိုစတီကိုဂလူးက သူ့ရဲ့ ကစားသမားတွေဟာ မန်စီးတီးကို တမင် အရှုံးခံခဲ့တယ်လို့ အဓိပ္ပါယ်ရတဲ့ စကားတွေ ပြောကြားသွားခဲ့သလို ပရိသတ်တွေ ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။ ဒါ့အပြင် သူက နိုင်ပွဲတွေ ဆာလောင်နေတဲ့ အသင်းကိုပဲ တည်ဆောက်ချင်ကြောင်း ပြိုင်ဘက်တိုင်းကို အနိုင်ရချင်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

အာဆင်နယ် အတွက် ယူနိုက်တက်နဲ့ ပွဲက အရေးကြီးခဲ့သလို စီးတီး အတွက်လည်း စပါးနဲ့ ပွဲက သေရေရှင်ရေး တမျှ အရေးပါခဲ့ပါတယ်။ နှစ်သင်းစလုံး အရေးပါတဲ့ ပွဲတွေမှာ ၃ မှတ် ရအောင် ယူနိုင်ခဲ့ပြီး လက်ကျန် ပွဲတွေ မှာတော့ အာဆင်နယ်က အဲဗာတန်၊ မန်စီးတီးက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ ဒီအခြေအနေကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိသွားခဲ့ပြီး အာဆင်နယ် အတွက် ကတော့ နောက်ထပ် တစ်ရာသီ ဒုတိယလူ အဖြစ်နဲ့ ဆက်ရှိနေဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီး အနေနဲ့ ပွဲစဉ် ၃၈ မှာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့ရင် ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာ ဖြစ်သလို မြို့ခံ ပြိုင်ဘက် ယူနိုက်တက်ရဲ့ ၃ နှစ်ဆက် ချန်ပီယံ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ရှုံးနိမ့်ခဲ့ရတဲ့ စပါး ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ဗီလာ လက်ထဲ ထိုးအပ်ခဲ့ရပြီး ယူရိုပါလိဂ် ဝင်ခွင့်နဲ့ပဲ ကျေနပ်ရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ၁၀ ပွဲစလုံး တပြိုင်နက်ထဲ ကစားသွားမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်