နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှားအယွင်းမရှိ နိုင်ပွဲတွေ ဆက်နေပြီး ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထဲမှာ ဆက်ရှိနေသေးတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၃-၀ ဘုန်းမောက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘုန်းမောက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်က အမ်းမရိတ်စ်မှာ ၃-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်တို့ တစ်ပွဲလုံး ဘုန်းမောက်ကို အသက်ရှူခွင့်မပေးပဲ ကစားသွားနိုင်ခဲ့ပြီး အဆုံးသတ်တွေသာ သေချာခဲ့ရင် အခုထက် ပိုများတဲ့ ဂိုး အရေအတွက်နဲ့ အနိုင်ရရှိခဲ့မှာ သေချာပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်က အရင်ပွဲတွေအတိုင်း လူစာရင်း အခင်းအကျင်း အပြောင်းအလဲ မရှိပဲ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ရာယာ၊ နောက်တန်းမှာ ဂါဘရီရယ်၊ ဆလီဘာ၊ ဝှိုက်၊ တိုမီယာဆု၊ ကွင်းလယ်မှာ ပါတေး၊ ရိုက်စ်နဲ့ အိုဒီဂတ်၊ တိုက်စစ် မှာတော့ ဆာကာ၊ ထရော့ဆက်ဒ်နဲ့ ဟာဗက်ဇ် တို့ပဲ ပါဝင်လာခဲ့ပါတယ်။ ဘုန်းမောက် ကတော့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ အတူ ထရေဗာစ်၊ ဆီနက်ဆီ၊ ဇဘာညီ၊ စမစ်သ်၊ အော့တာရာ၊ စကော့တ်၊ ကွတ်ခ်၊ ခရစ္စတီ၊ ကလွိုင်ဗက်၊ ဆီမီညို၊ ဆိုလန်ကီ တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

အထက်မှာ ပြောခဲ့သလိုပဲ အာဆင်နယ်ဟာ ဘုန်းမောက်ကို ပွဲစဉ် တစ်လျှောက်လုံး အသက်ရှူခွင့်မပေးပဲ တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပါတယ်။ ဒါဟာ မီခဲလ် အာတေးတား တည်ဆောက်ထားတဲ့ ဂန်းနား တို့ရဲ့ ကစားဟန်စစ် ဖြစ်ပြီး တကယ်တမ်း ဆိုရင် အခုထက် ပိုပြီး ပြတ်သားတဲ့ ရလဒ်မျိုးကိုတောင် ပိုင်ဆိုင်ခဲ့သင့်တာ ဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ ပတ်သတ်ပြီး ချီးကျူးရမှာက Area Block တွေ ဖြစ်ပြီး အာဆင်နယ် အသင်းရဲ့ အပိုင်ကန်ချက် တော်တော်များများကို (၁၈) ကိုက်စည်း အတွင်းမှာ စုပြုံ ပိတ်ဆို့ခဲ့ကြတာ ဖြစ်ပါတယ်။ အာဆင်နယ် ရသွားတဲ့ အဖွင့်ဂိုးကို ကြည့်ရင်တော့ ပင်နယ်တီ ကနေ ဖြစ်ပြီး အော်ဒီဂတ်ရဲ့ ပေးပို့မှုကို ကိုင်ဟာဗက်ဇ်က အပါးနပ်ဆုံး ဖြတ်ကျော်ကာ ပင်နယ်တီ ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီ ကိုတော့ ဆာကာက အေးစက် တည်ငြိမ်စွာနဲ့ အမှားအယွင်း မရှိ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂါဘရီရယ် တစ်ယောက် အမှားတွေ များခဲ့ပေမယ့် အသင်းဖော်တွေက ဖာထေးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဘုန်းမောက်ရဲ့ ရုန်းအားကြောင့် အာဆင်နယ်တို့ အနည်းငယ် သတိထား ကစားခဲ့ရပေမယ့် ဂိုးတွေ ထပ်မံ ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ် အတွက် နောက်ထပ် ဂိုးတွေ ကိုတော့ ထရော့ဆက်ဒ်နဲ့ ဒီကလန် ရိုက်စ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲအတွင်း ခြေစွမ်းပိုင်း အရလည်း အဆုံးသတ်ပိုင်း အားနည်းချက် အချို့ ရှိခဲ့တာက လွဲရင် ဂန်းနားတို့ အပြစ်အနာအဆာ မရှိသလောက်ပါပဲ။ ထိုက်တန်တဲ့ ပေးဂိုးမဲ့ နိုင်ပွဲ တစ်ပွဲ အဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ဒါ့အပြင် ဂိုးသမား ဒါးဗစ် ရာယာ ကလည်း တစ်ရာသီလုံး ပရီးမီးယားလိဂ် ပွဲ ၃၀ ကစားရမှာ ပေးဂိုးမရှိ ပွဲစဉ် ၁၅ ပွဲ ရှိခဲ့တာကြောင့် ရွှေလက်အိတ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ အာဆင်နယ် အသင်း အတွက် နှစ်ပေါင်းများစွာ အကြာမှာ ရွှေလက်အိတ်ဆု ပြန်လည် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပေမယ့် မန်စီးတီးရဲ့ တစ်ပွဲလျော့ ကစားပြီး တစ်မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးတာ ခံနေရဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ကျန် ပွဲစဉ် ၂ ပွဲသာ ကစားရဖို့ ရှိပြီး မန်စီးတီး ကတော့ ၃ ပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် လက်ကျန် ၂ ပွဲမှာ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲက ခက်ခဲဖို့ ရှိပြီး မန်စီးတီး‌ အတွက်တော့ စပါးနဲ့ ကစားရမယ့် အဝေးကွင်း ပွဲစဉ် ဖြစ်ပါတယ်။ ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် ရှုံးပွဲ ပြန်တွေ့ခဲ့ပြီး အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်