နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆလော့တ် အနေနဲ့ လစ်ဗာပူးလ်မှာ အသားကျဖို့ အချိန်ယူစရာ မလိုဘူး ဆိုတဲ့ နယ်သာလန် ခံစစ်မှူးဟောင်း | ပရီးမီးယားလိဂ်

နယ်သာလန် ခံစစ်မှူးဟောင်း ရွန်ဗလာက သူ့နဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း အာနေး ဆလော့တ် အနေနဲ့ ပရီးမီးယားလိဂ် ကစားဟန်နဲ့ အလျင်အမြန် အသားကျသွားနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ ရွန်ဗလာနဲ့ ဆလော့တ် တို့ဟာ နယ်သာလန် ကလပ် အေဇက် အဲလ်ခမာ အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေလည်း ဖြစ်ပါတယ်။
ရွန်ဗလာက အာနေး ဆလော့တ် အနေနဲ့ လစ်ဗာပူးလ် နည်းပြ အဖြစ် တာဝန်ယူချိန်မှာ ပရီးမီးယားလိဂ် နဲ့ လိုက်လျောညီထွေဖို့ အတွက် အချိန် မလိုအပ်နိုင်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဖီယင်နော့ဒ် နည်းပြ ဖြစ်တဲ့ အာနေး ဆလော့တ်ကို ကလော့ပ် နေရာမှာ အစားထိုးဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ပြီးနောက် တရားဝင် လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ဆလော့တ်ဟာ ပရီးမီးယားလိဂ် ကလပ်ရဲ့ ဝန်ထမ်း ဖြစ်လာခဲ့ပြီး ရာသီအကုန် ကလော့ပ် ထွက်ခွာချိန်မှာ နည်းပြ တာဝန်ကို လွှဲပြောင်း ရယူမှာ ဖြစ်ပါတယ်။

နယ်သာလန်သား နည်းပြဟာ ၂၀၂၁ ခုနှစ်က အေဇက် အဲလ်ခမာ ကနေ ဖီယင်နော့ဒ်ကို ပြောင်းရွှေ့ခဲ့ပြီးတော့ ပြီးခဲ့သည့်ရာသီက ဖီယင်နော့ဒ်ကို နယ်သာလန် အမှတ်ပေးဖလား ရယူပေးနိုင်ခဲ့ပါတယ်။ ဆလော့တ်ဟာ ဖီယင်နော့ဒ်နဲ့ အတူ အမှတ်ပေးဖလား အပြင် KNVB ဖလား ရယူနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်က ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်ပွဲလည်း ရောက်ခဲ့ပါတယ်။ ဆလော့တ်ဟာ ကလော့ပ်လိုပဲ တိုက်စစ် အသားပေး ကစားဟန်နဲ့ အသင်းကို တည်ဆောက်သူ ဖြစ်တာကြောင့် ကလော့ပ်နဲ့ နှိုင်းယှဉ်ခံထားရသူ ဖြစ်ပါတယ်။

အဲလ်ခမာ အသင်းမှာတုန်းက ဆလော့တ် လက်အောက်မှာ ကစားခဲတဲ့ ဗလာက သူ့ရဲ့ နည်းပြဟောင်းဟာ မာဆေးဆိုက်ဒ် ကလပ်မှာ အခြေချဖို့ အချိန် အများကြီး ယူစရာ မလိုကြောင်း တကူးတက ချီးကျုးသွားခဲ့တာ ဖြစ်ပါတယ်။ ဗလာက “သူတတ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့မှာ အခု ရှိပြီးသား အရာတွေနဲ့ အတော်လေး ဆင်တူပေမယ့် ဒါဟာ နည်းပြအသစ် မို့လို့ တချို့အရာတွေက အပြောင်းအလဲ ရှိနိုင်ပါတယ်” လို့ Stats Perform ကို ပြောကြားခဲ့ပါတယ်။

“အသေးစိတ် အချက်အလက်တွေ ပိုများလာမယ်လို့ ထင်ပါတယ်။ သူ့ အနေနဲ့ အသင်းသစ်မှာ သူဘယ်လို ကစားချင်လဲ ဆိုတာကို ဗီဒီယိုတွေနဲ့ ပြသမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ကျွန်တော့်ကို နည်းပြခဲ့တုန်းက လစ်ဗာပူးလ်ကို စံနမူနာ အဖြစ် ထားခဲ့ပါတယ်။”

“အခု သူသုံးမယ့် ဥပမာက လစ်ဗာပူးလ် အတွက် ဖြစ်လာပါပြီ။ ကစားသမားတွေက သူ့ရဲ့ အစီအစဉ်တွေကို လိုက်လုပ်နိုင်ဖို့ မှတ်မိဖို့ ထက်မြက်ကြတယ်လို့ ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ ဒါကို စီမံခန့်ခွဲနိုင်ရင် အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။”
ဇန်နဝါရီလမှာ ကလပ်နဲ့ ၉ နှစ် နီးပါး အကြာ ဖြတ်သန်းပြီးနောက် ထွက်ခွာဖို့ အသိပေးကြေညာခဲ့တဲ့ ကလော့ပ်က ဆလော့တ်ရဲ့ တိုက်စစ် ကစားဟန်ကို နှစ်သက်ကြောင်း ပြောကြားခဲ့ပြီး ဆလော့တ်ကို ခန့်အပ်ဖို့လည်း ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဗလာက “နည်းပြ နှစ်ဦးလုံးရဲ့ ပုံစံချင်း တူညီနေတယ်လို့ ထင်ပါတယ်။ ကျွန်တော်က အဲလ်ခမာ မှာ Arne ရဲ့ လက်အောက်မှာ ကစားခဲ့ပြီး ကွင်းထဲမှာ High Pressing နဲ့ ကစားခဲ့ရပါတယ်။ High Pressing က တစ်ဖက်ကို အရမ်းဖိအားပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ခေတ် လစ်ဗာပူးလ်ကို ကြည့်မယ်ဆိုရင် ဒါဟာ အတော်လေး ဆင်တူတယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူတို့ဟာ တူညီတဲ့ နည်းပြတွေလို့ ကျွန်တော်ထင်ပါတယ်။

“သူက အရမ်းပွင့်လင်းပြီး ရှင်းပါတယ်။ ပြီး‌တော့ အသင်းကို စိတ်အားထက်သန်မှု၊ တက်ကြွမှုနဲ့ တတ်နိုင်သမျှ ကူညီဖို့ ကြိုးစားပါတယ်။ လိုအပ်ရင် ကစားသမားတွေကို အကောင်းဆုံး နည်းပြပေးမှာပါ။ ဒီအသင်းဟာ ကမ္ဘာ့ အအောင်မြင်ဆုံး ကလပ်တွေထဲက တစ်ခုဖြစ်လို့ သူ့အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ ဖီယင်နော့ဒ် လစ်ဗာပူးလ်ကို သွားဖို့က သူ့အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ခု ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်