နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အကြိတ်အနယ် ကစားကြဦးမယ့် ဒေါ့မန်နဲ့ စတုဂတ် | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

ဒေါ့မန် – စတုဂတ်

ဘွန်ဒက်စ်လီဂါ မှာတော့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် ဒေါ့မန်နဲ့ စတုဂတ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းတွေရဲ့ အားပြိုင်မှုကို ရှုစားရဦးမှာ ဖြစ်လို့ စိတ်ဝင်စားရာတော့ ကောင်းနေဦးမှာ သေချာပါတယ်။

ဒေါ့မန်က နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၄ ပွဲဆက်တိုက် အနိုင်ရထားပြီး ယူနီယံဘာလင်၊ ဝါဒါဘရီမင်၊ ဖရန့်ဖတ်နဲ့ ဘေယန်မြူးနစ် တို့ကို နိုင်ထားတာပါ။ လက်ရှိမှာ ဒေါ့မန်က အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေပြီး စတုဂတ်ကို ၄ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနေတာ ဖြစ်ပါတယ်။ ဒေါ့မန်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင် ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

စတုဂတ် ကတော့ ကတော့ ဒီရာသီမှာ အားလုံး မထင်မှတ်တဲ့ ခြေစွမ်းနဲ့ ကစားနေပြီး လက်ရှိ မှာလည်း ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ စတုဂတ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၉ ပွဲဆက် ရှုံးပွဲ မရှိပဲ ပြီးခဲ့တဲ့ ပွဲမှာတော့ ဟိုင်ဒန်ဟိမ်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပါတယ်။ စတုဂတ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၈ ပွဲနိုင်၊ ၅ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး သရေတော့ မရှိခဲ့ပါဘူး။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဒေါ့မန် က မယ်လန်နဲ့ ဘန်ဆီဘိုင်နီ တို့ လွဲချော်ဖို့ ရှိပြီး စတုဂတ် ဘက်မှာတော့ ကစားသမား တော်တော်များများ လွဲချော်မှာ ဖြစ်ပါတယ်။ စတုဂတ်မှာ အန်တွန် ပွဲပယ် ပြစ်ဒဏ်ထိထားပြီး ရူးအော့တ်၊ ဇာဂါဒူ၊ နာတေး၊ မက်ဆီမို၊ ဘန်နီဒက်တို၊ အမ်ဗမ်ပါ တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဒေါ့မန် – ကိုဘယ်၊ ရွိုင်ရာဆန်၊ ဟမ်းမဲလ်စ်၊ ရှလော့တ်တာဘက်ခ်၊ မတ်ဆန်၊ ဆဘစ်ဇာ၊ ချန်၊ ဘရန့်တ်၊ ဆန်ချို၊ ဖူးလ်ခရက်ဂျ်၊ ဘိုင်နို ဂစ်တန်စ်

စတုဂတ် – နူဘယ်၊ ဗက်ဂ်နိုမန်၊ စတာဂီ၊ အီတို၊ မစ်တဲလ်စတက်ဒ်၊ မီလော့တ်၊ ဒါဟွတ်၊ စတီလာ၊ ဖူးဟရစ်ချ်၊ ဂူရက်ဆီ၊ အန်ဒက်ဗ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဒေါ့မန်က ၁၅ ကြိမ်နိုင်၊ စတုဂတ်က ၄ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ စတုဂတ်က ၁ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဒေါ့မန် ကတော့ ၃ ကြိမ် နိုင်ခဲ့ပါတယ်။ ဒေါ့မန်က ပြီးခဲ့တဲ့ ၅ ပွဲမှာတော့ ၅ ပွဲစလုံး အနိုင်ရထားပြီး စတုဂတ်ရဲ့ နောက်ဆုံး ၅ ပွဲ မှာတော့ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဒေါ့မန် နိုင်ရင် ၂.၂၃ ဆ၊ စတုဂတ် နိုင်ရင် ၂.၆၈ ဆ၊ သရေ ဆိုရင် ၃.၅၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး ကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၄ လုံး သွင်းမှ ရမှာပါ။ လက်ရှိ ခြေစွမ်းအရ သိပ်မကွာတဲ့ နှစ်သင်း ဖြစ်လို့ မှန်းဆရတော့ ခက်ပါတယ်။ ကျနော် ကတော့ အိမ်ကွင်း အားသာချက်လည်း ရှိနေတဲ့ ဒေါ့မန်ကို ပိုကြိုက်နေပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ဒေါ့မန် ၃-၂ စတုဂတ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်