နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန်တို့ အမှတ်ပေးချန်ပီယံဆု ရဖို့ သေချာနေခဲ့ပြီလား | စီးရီအေ

အခု ဆက်လက် ပြီးတော့ စီးရီအေ (စကူဒက်တို) ချန်ပီယံဆု အတွက် ဘယ်အသင်းတွေ အခြေအနေ ကောင်းနေသလဲ ဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စီးရီအေ ချန်ပီယံဆု အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေတာက လက်တလော အမှတ်ပေးဇယား ထိပ်ကနေ အမှတ်ဖြတ် ဦးဆောင်နေတဲ့ ဆိုင်မွန် အင်ဇာဂီရဲ့ အင်တာမီလန် ဖြစ်ပါတယ်။ အင်တာမီလန်က စီးရီအေ ပွဲစဉ် ၂၉ ပွဲ ကစားပြီးချိန်မှာ ၂၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရမှတ် ၇၆ မှတ် အထိ စုဆောင်းထားနိုင်ပါတယ်။ ဒုတိယနေရာက မြို့ခံ ပြိုင်ဘက် အေစီမီလန်ကို ၁၄ မှတ် အထိ ဖြတ်တောက်ထားနိုင်တဲ့ အင်တာမီလန်က ချန်ပီယံ ဖြစ်ပြီလို့တောင် ပြောလို့ ရနေပါပြီ။

သင်္ချာနည်းအရတော့ လက်ရှိ အချိန်ထိ ချန်ပီယံ ဖြစ်ပြီလို့ တက်အပ် ပြောလို့ မရသေးပေမယ့် လက်ရှိ တည်ငြိမ်လွန်းနေတဲ့ ခြေစွမ်းအရတော့ အင်တာမီလန်ပဲ ဖလား သိမ်းနိုင်ချေ ရှိနေပါတယ်။ အင်တာမီလန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီအေ ၁၀ ပွဲမှာ နာပိုလီ တစ်သင်းတည်းနဲ့ပဲ သရေကျခဲ့ပြီး ကျန်ပွဲစဉ် အားလုံး အနိုင်ရထားပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် အင်တာမီလန်က သူနဲ့ ခြေစွမ်း ကွာတဲ့ အသင်းတွေ ဆီကနေ အမှတ်ပြည့် ယူထားနိုင်တယ်လို့ ပြောလို့ ရပါတယ်။ အင်တာမီလန်က ဒီနှစ် စီးရီအေမှာ ဂျူဗင်တပ်စ်၊ လက်ချီ၊ နာပိုလီ၊ ဘိုလော့ဂ်နာ တို့နဲ့ သရေကျခဲ့ပြီး ဆာဆူအိုလို ကိုတော့ ပွဲစဉ် ၆ မှာတုန်းက ရှုံးနိမ့်ထားတာပါ။

ဒါ့အပြင် အင်တာမီလန်တို့ ၂၀၂၃ ဒီဇင်ဘာလ နောက်ပိုင်း ကတည်းက ရှုံးပွဲနဲ့ ဝေးနေခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၇ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပါတယ်။ ဒါကလည်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ အက်တလက်တီကို မက်ဒရစ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အင်တာမီလန်က ချန်ပီယံလိဂ်နဲ့ အခြားသော ပြည်တွင်း ရှုံးထွက်ပွဲစဉ်တွေ ကစားဖို့ မရှိတော့တာကြောင့် စီးရီအေကို အပြည့်အဝ အာရုံစိုက်လို့ ရနေပြန်ပါတယ်။

ဒီတော့ စီးရီအေ ချန်ပီယံဆု အတွက် လွတ်လွတ်ကျွတ်ကျွတ် ထိပ်ဆုံးက ပြေးနေပြီး ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိနေတဲ့ အသင်းကို ပြောပါ ဆိုရင်တော့ အင်တာမီလန် ကိုပဲ မလွဲမသွေ လက်ညှိုးညွှန်ရတော့မှာ ဖြစ်ပါတယ်။
အမှတ်ပေးဇယား ဒုတိယနေရာက အသင်းကို ၁၄ မှတ် ဖြတ်ထားတဲ့ အင်တာမီလန်

အင်တာမီလန်ရဲ့ လက်ကျန် ပွဲစဉ် အနေအထားကို ပြန်ကြည့်ရင် အမ်ပိုလီ၊ အူးဒီးနီးစ်၊ ကက်ဂလီယာရီ၊ အေစီမီလန်၊ တိုရီနို၊ ဆာဆူအိုလို၊ ဖရိုဆီနုန်း၊ လာဇီယို၊ ဗီရိုနာ တို့နဲ့ ကစားဖို့ ကျန်ရှိပါတယ်။ ဒီထဲမှာ အင်တာမီလန် အတွက် စိုးရိမ်စရာ ဆိုလို့ အေစီမီလန်၊ လာဇီယို နှစ်ပွဲပဲ ရှိပြီး ဒီနှစ်ပွဲ ရှုံးခဲ့ဦးတော့ ကျန်ပွဲတွေမှာ အမှတ်ရအောင် ယူနိုင်ရင် ချန်ပီယံ ဖြစ်ပါပြီ။

ဒီအခြေအနေကို ပြိုင်ဘက် အေစီမီလန်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း ကောင်းကောင်း နားလည်နေပုံရပြီး သူတို့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အခိုင်အမာ ရရေးကိုပဲ အာရုံစိုက်မယ့် သဘော မြင်တွေ့နေရပါပြီ။ ဒါ့အပြင် အေစီမီလန်က လက်ကျန် ပွဲစဉ်တွေမှာ ဖီအိုရင်တီးနား၊ ရိုးမား၊ အင်တာ၊ ဂျူဗင်တပ်စ် တို့လို အသင်းကောင်းတွေနဲ့ ကစားဖို့ ကျန်ရှိနေတာကြောင့် မလွယ်ကူပါဘူး။

စီးရီးအေ
နာပိုလီ
အတ္တလန်တာ
1X2 နာပိုလီ @ 2.13
နာပိုလီ အာရှ ဟန်းဒီးကပ် -0.50 @ 2.13
ဂိုးပေါ် 2.75 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ်လည်း ထိုနည်းလည်းကောင်းပါပဲ။ အင်တာမီလန်နဲ့ ၁၇ မှတ် အထိ ပြတ်တောက်နေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ပဲ အာရုံစိုက်ရတော့မယ့် အခြေအနေပါ။ ဒီတော့ စီးရီအေ ချန်ပီယံဆု အတွက် လွတ်လွတ်ကျွတ်ကျွတ် ထိပ်ဆုံးက ပြေးနေပြီး ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိနေတဲ့ အသင်းကို ပြောပါ ဆိုရင်တော့ အင်တာမီလန် ကိုပဲ မလွဲမသွေ လက်ညှိုးညွှန်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်