နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလောင်း အသွင်နဲ့ ပြောင်းလဲ မြင်တွေ့လာရတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဒီတစ်ပတ် အာဆင်နယ်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆင်သင့် ဖြစ်ပြီလား ဆိုတဲ့ အကြောင်းကို ပြောဖို့က စောလွန်းနေပါသေးတယ်။ ဒါပေမယ့် သူတို့ရဲ့ လက်ရှိအနေအထား၊ ပြိုင်ဘက်တွေရဲ့ အနေအထားက မနှစ်ကနဲ့ မတူ ပြောင်းလဲနေတာတော့ အမှန်ပါပဲ။

အာဆင်နယ် အကြောင်းကို အရင်ဆုံး ပြောကြစတမ်း ဆိုရင် ဒီအသင်းဟာ မနှစ်ကထက် ပိုမို ရင့်ကျက်တဲ့ အသင်း တစ်သင်း ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ တစ်လျှောက်လုံး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ရင်း ကနေ ချန်ပီယံဆုနဲ့ လွဲချော်သွားတော့ အာဆင်နယ်တို့ နောက်နှစ်မှာ ဒါမျိုး မစွမ်းဆောင်နိုင်တော့ဘူးလို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အခုရာသီ၊ အခုချိန်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်၊ ပိုမိုကောင်းမွန်လာတဲ့ ရင့်ကျက်မှု၊ တိုးတက်မှုတွေက ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိနေပါတယ်။
ပရီးမီးယားလိဂ် နိုင်ပွဲ ၁၂ ပွဲ အထိ ရရှိထားခဲ့တဲ့ အာဆင်နယ်

ဒါပေမယ့်လည်း အခုရာသီ၊ အခုချိန်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်၊ ပိုမိုကောင်းမွန်လာတဲ့ ရင့်ကျက်မှု၊ တိုးတက်မှုတွေက ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိနေပါတယ်။ အင်မတန်ကို သိသာ ထင်ရှားတဲ့ အချက် ကတော့ ခက်ခဲတဲ့ ပွဲတွေ၊ နိုင်ကို နိုင်သင့်လိုက်တဲ့ ပွဲတွေကို အနိုင်ကစားနေတာပါပဲ။ ဒီပွဲတွေမှာ အာဆင်နယ်တို့ နောက်ကနေ လိုက်ကစားရတာမျိုး ရှိမယ် ဒါမှမဟုတ် ရုန်းကန်ရင်း အနိုင်ဂိုး ရသွားတာမျိုး ရှိပါမယ်။ ယူနိုက်တက်နဲ့ ပွဲ၊ လူတန်တောင်းနဲ့ ပွဲတွေမှာ ဒါတွေကို နီးနီးစပ်စပ် မြင်တွေ့ခဲ့ရပါတယ်။

ယူနိုက်တက်နဲ့ ပွဲမှာ ခြေစွမ်း အသာစီးနဲ့ ကစားနိုင်ခဲ့တယ်၊ ဦးဆောင်ဂိုး ပေးလိုက်ရတယ်၊ ပွဲပြီးခါနီးမှ ဦးဆောင်ဂိုး ပေးလိုက်ရမလို ထပ်ဖြစ်တယ်၊ ဒါပေမယ့် သူတို့ရဲ့ စိတ်ဓာတ်က မပျက်ပြားသွားဘဲ နောက်ဆုံး မိနစ် သွင်းဂိုးတွေနဲ့ အနိုင်ရသွားပါတယ်။ လူတန်တောင်းနဲ့ ပွဲမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဂိုးသမား ရာယာရဲ့ အားနည်းချက်တွေက တစ်ဆင့် ပြိုင်ဘက်ကို ဆက်တိုက် ဂိုးတွေ ပေးခဲ့ရတယ်၊ တန်းတက် အသင်း တစ်သင်းရဲ့ အိမ်ကွင်းမှာ ဦးဆောင်တာ ကိုတောင် ခံလိုက်ရတယ်၊ ဒါပေမယ့် နောက်ဆုံး မှာတော့ အနိုင်ဂိုးရခဲ့ပြီး ရုန်းထွက်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်
ခရစ္စတယ်ပဲလေ့စ်
ဘရိုက်တန်
1X2 ဘရိုက်တန် @ 2.17
ဂိုးအောက် 2.50 @ 1.90
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မနေ့က ဘရိုက်တန်နဲ့ ပွဲမှာ ဆိုရင် ကလန်ဒါကျအရ ခက်ခဲမယ်လို့ အားလုံးက ယူဆခဲ့တာမျိုး ရှိပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ခြေစွမ်းက တည်ငြိမ်လွန်းပါတယ်။ ဒီပွဲမှာ အာဆင်နယ်ဟာ ဘရိုက်တန် ဂိုးပေါက်ကို ၂၆ ကြိမ် အထိ ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့ပြီးတော့ ဂိုးပေါက် တည့်မှုလည်း ၉ ကြိမ် အထိ ရှိခဲ့တာပါ။ ဂါဘရီရယ် ဂျေဇုစ် မရှိရင် အန်ကတ်တီးယား၊ အန်ကတ်တီးယား မရှိရင် အိုဒီဂတ်၊ ဆာကာ၊ သူတို့မှ မဟုတ်ရင် ကိုင် ဟာဗက်ဇ်၊ ဒီကလန် ရိုက်စ် တို့က ဂိုးသွင်းပေးလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်မျိုးက ချန်ပီယံ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အသင်းကြီးမှာ ရှိထားသင့်တဲ့ Morale မျိုးပါပဲ။ အဲဒီ စိတ်ဓာတ်ပိုင်း ကိုသာ သူတို့ ရာသီကုန် အထိ ပြသနိုင်ရင် ဆုဖလား အတွက်က သူတို့ ကိုယ်တိုင် ဖန်တီးနိုင်မယ့် အနေအထားမှာ ရှိနေပါလိမ့်မယ်။ အရင်နှစ်တွေလို မဖြစ်အောင် မီခဲလ် အာတေးတား စီစဉ်ထားနိုင်ဖို့ပဲ လိုတာပါ။

ဘရိုက်တန်ကို ဆိုရင် တောက်လျှောက် အသာစီးနဲ့ ကစားခဲ့ပြီး အခွင့်အရေးတွေ လွဲချော်ခဲ့တာတောင်မှ မယိမ်းယိုင်သွားဘဲ အနိုင် သုံးမှတ်ကို အရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ သူတို့ကို ကျော်တက်သွားတဲ့ မန်စီးတီး တောက်လျှောက် အမှတ်တွေ ဆုံးရှုံးနေချိန်မှာ အာဆင်နယ် တို့က အမှတ်တွေ အားလုံးကို သိမ်းကြုံး ရယူနေပြီး ဒါက အင်မတန်ကို ကောင်းမွန်တဲ့ Character, ချန်ပီယံ ဖြစ်ထိုက်တဲ့ အသင်းတွေမှာ မြင်တွေ့ရလေ့ရှိတဲ့ ပုံစံမျိုး ဆိုတာ သေချာနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်