နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် ဂိုးသွင်းပြီး သရေကျသွားနိုင်တဲ့ ပွဲပါ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – ချဲလ်ဆီး 

ဒီဇင်ဘာ ၇ ရက်နေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ရဲ့ အကောင်းဆုံးပွဲ အဖြစ် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပိုချက်တီနိုရဲ့ ချဲလ်ဆီးတို့ အိုးထရက်ဖို့ဒ်မှာ ကစားသွားကြမှာလည်း ဖြစ်ပါတယ်။ 

ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ပွဲမှာ နယူးကာဆယ်ကို အရေးနိမ့်ခဲ့လို့ ဖိအားတွေ များနေပါတယ်။ အဆင့် ၇ နေရာမှာ ရမှတ် ၂၄ မှတ်နဲ့ ရပ်တည်နေပြီး ခရစ္စမတ်ကာလ မတိုင်ခင် ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာ ဝင်ရောက်နိုင်ဖို့တောင် ခက်ခဲနေတာပါ။ ချဲလ်ဆီး ကလည်း ခြေစွမ်း အတက်အကျ ကြမ်းနေပြီး ခန့်မှန်းရခက်တဲ့ အသင်း ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေရပြီး ဥရောပဝင်ခွင့် အတွက်တောင် ရုန်းကန်နေရတာပါ။ ဒီတော့ ဒီပွဲက အနိုင်ရဖို့ နှစ်သင်းစလုံး အတွက် အရေးပါနေတာပါ။ ခြေကုန်ထုတ်ကန်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေရပြီး ဥရောပဝင်ခွင့်အတွက်တောင် ရုန်းကန်နေရတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက် ဘက်မှာ မာလာစီယာ၊ မေဆန် မောင့်၊ လီဆန်ဒရို မာတီနက်ဇ်၊ အီဗန်စ်၊ အဲရစ်ဆင်၊ ကက်စီမီရိုတို့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ ချဲလ်ဆီး ဘက်မှာ ကူကူရယ်လာနဲ့ ရီးစ် ဂျိမ်းစ်တို့ ပွဲပယ်ခံတာ ကနေ ပြန်ကစားနိုင်တော့မှာပါ။ ဒါပေမယ့် ဖိုဖာနာ၊ ချာလိုဘာ့၊ လာဗီယာ၊ ဘက်တီနယ်လီ၊ ဂူစတို၊ အန်ကွန်ကူ၊ ချူကဝူမီကာ၊ ချေးဝဲလ်တို့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ဒါလော့၊ မက်ဂွိုင်းယား၊ ရှော၊ မက်တော်မီနေး၊ မိန်းနိုး၊ ဂါနာချို၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဟွိုက်လန်း

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဒီဆာဆီ၊ ဆေးလ်ဗား၊ ရီးစ်ဂျိမ်းစ်၊ ကူကူရယ်လာ၊ ကိုင်ဆေဒို၊ ဖာနန်ဒက်ဇ်၊ ပါလ်မာ၊ ဂယ်လေဂါ၊ စတာလင်၊ ဂျက်ဆင်

ပရီးမီးယားလိဂ်
လုတန် တောင်း
အာဆင်နယ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ၄ ပွဲ သရေကျခဲ့ပြီး ယူနိုက်တက်က ဒီနှစ်အတွင်း ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်ဟာ လိဂ်ပွဲ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ နိုင် ၂ ပွဲ ရှုံးခဲ့ပြီး ဂိုးပေါ် ၂ပွဲ၊ ဂိုးအောက် ၃ ပွဲ ကစားခဲ့တာ တွေ့ရသလို နိုင်တဲ့ ပွဲဆို ဂိုးမပေးရသလို ရှုံးရင်လည်း ဂိုးမသွင်းနိုင်ခဲ့တာက ထူးခြားပါတယ်။ ချဲလ်ဆီး ကတော့ လိဂ်ပွဲ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲ နိုင်၊ ၂ ပွဲ ရှုံး၊ ၁ ပွဲ သရေကျခဲ့ပြီး ၄ ပွဲ အထိ ဂိုးပေါ်ကစားခဲ့ပြီး နောက်ဆုံး ၃ ပွဲ ဆက်တိုက်က ကြီးမားတဲ့ ဂိုးပေါင်း ရလဒ်တွေ ထွက်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာတော့ ယူနိုက်တက် နိုင်ရင် ၂.၆၅ ဆ၊ ချဲလ်ဆီး နိုင်ရင် ၂.၃၃ဆ၊ သရေ ဆိုရင် ၃.၄ ဆ ပေးထားပါတယ်။ Handicap မှာ ဒဲ့ကြေး ပေးထားပြီး ဂိုးပေါင်းက ၂ လုံး အရှုံးပါ။ ဒီရာသီမှာ ဆိုရင် အိမ်ကွင်းဆိုတာ ဘာမှန်းမသိတော့အောင် ဖြစ်နေတဲ့ ယူနိုက်တက်က မှန်းဆရခက်ပါတယ်။ အိမ်ကွင်း နောက်ဆုံး ၆ပွဲမှာ ဆိုရင် ၃ ပွဲနိုင်၊ ၃ ပွဲ ရှုံးပြီး သရေရလဒ် မရှိခဲ့ဘဲ ဂိုးပေါ် ၄ ပွဲ ရှိခဲ့ပါတယ်။ ချဲလ်ဆီးက အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ ၃ ပွဲ နိုင် ၂ ပွဲ ရှုံးပြီး ဂိုးပေါ် ၄ ပွဲ ပါခဲ့ပါတယ်။ ဒီနှစ်သင်းက အနိုင်ရဖို့ အတွက် အားကုန်ထည့်ကစားမှာမို့ အပြန်အလှန် ဂိုးတွေ သွင်းတာမျိုး မြင်ရနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ BTTS YES ကိုပဲ ရွေးချင်ပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၁-၁ ချဲလ်ဆီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်