အာဆင်နယ် – ဘန်လေ
အာဆင်နယ်ဟာ စနေနေ့မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ခြေနားက တန်းတက် ဘန်လေကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
မီခဲလ် အာတေးတားရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ ဆီဗီလာ ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ရှုံးပွဲတွေ အောက်ကနေ ပြန်လည် ရုန်းထွက်ထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ နယူးကာဆယ်ကို အရေးနိမ့်ပြီး ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ထားရတဲ့ အာဆင်နယ်တို့ အဆင့် ၄ နေရာကို ဆင်းပေးထားရပါတယ်။ ဒါပေမယ့် အမှတ်ပေးဇယား ထိပ်က မန်စီးတီးနဲ့ ၃ မှတ်သာ ကွာဟသလို စပါးနဲ့ ၂ မှတ်၊ လစ်ဗာပူးလ်နဲ့တော့ ရမှတ်တူနေခဲ့ပါတယ်။
ဘန်လေ ကတော့ ၁၁ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ ၁ ပွဲ၊ သရေ ၁ ပွဲ၊ ရှုံးပွဲ ၉ ပွဲ အထိ ရှိထားလို့ ၄ မှတ်သာ ရထားပြီး အဆင့် ၁၉ နေရာမှာ ရောက်ရှိနေပါတယ်။ ဘန်လေရဲ့ အခြေအနေက ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာပေမယ့် ရာသီကုန်ရင် ချန်ပီယံရှစ် ပြန်ရမယ့် အလားအလာ မြင်နေရတာ ဖြစ်ပါတယ်။ သေချာတာက ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးထားတဲ့ ဘန်လေတို့ အာဆင်နယ်ကို အန်းမရိတ်စ်မှာ ဘယ်လိုမှ ခံကန်ဖို့ မဖြစ်နိုင်ပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ဘန်လေ ဘက်မှာလည်း အိုဘာဖီမီ၊ ဘန်ဆန်၊ လိုင်လီ ဖော်စတာ၊ အက်ခ်ဒယ်တို့ လွဲချော်မှာ ဖြစ်ပြီး အာရွန် ရမ်းဆေး ကလည်း ပါဝင်ကစားပေးဖို့ မရေမရာ ဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီယဲလ်၊ တိုမီယာဆု၊ ဂျော်ဂျင်ဟို၊ ဟာဗတ်ဇ်၊ ဗီအဲရာ၊ မာတီနယ်လီ၊ ရိစ် နယ်လ်ဆင်၊ ထရော့ဆက်ဒ်
ဘန်လေ – ဂျွန်စတုန်း၊ ဝ့ါဒ်၊ အန်ဒါဆန်၊ ဂေးဟီ၊ မစ်ချယ်၊ လာမာ၊ ဒူကူရေး၊ အယူး၊ ဟုချ်၊ ရှလပ်၊ အေဒူယာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းကြား ၁၅ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၁ ကြိမ်နိုင် ၃ ကြိမ် သရေ ဘန်လေက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၃ ပွဲနိုင် ၂ ပွဲ ရှုံးခဲ့ပြီး ဘန်လေက ၅ ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ထူးခြားတာ ကတော့ နောက်ဆုံး ၅ ကြိမ်စလုံးမှာ ဂိုးအောက်တွေချည်းပဲ ကစားခဲ့တာ ဖြစ်ပြီး အာဆင်နယ်ဟာ ဘန်လေကို အိမ်ကွင်းမှာ နောက်ဆုံး ၂ ပွဲ ဆက်တိုက် နိုင်ပွဲ မရခဲ့တာပါပဲ။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၁၈ ဆ၊ ဘန်လေ နိုင်ရင် ၁၁.၅၀ ဆနဲ့ သရေ ဆိုရင် ၆ ဆပါ။ Handicap မှာ အာဆင်နယ်က ၂ အရှုံး ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး အရှုံးပါ။ အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ဆီဗီလာကို အမ်းမရိတ်စ်မှာ သက်တောင့်သက်သာ နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အကောင်းဆုံး ပုံစံ ပြန်လည် ရရှိနေပြီး ဘန်လေတို့ ဂိုးမပြတ်ဖို့သာ ဆုတောင်းရမှာ ဖြစ်လို့ အိမ်ရှင်တွေ ဘက်ကနေပဲ ရပ်တည်ရမှာပါ။
ခန့်မှန်းရလဒ်
အာဆင်နယ် ၃-၀ ဘန်လေ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.