နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန် မြို့ခံ ပြိုင်ဘက်ဆီ ပြောင်းရွှေ့တော့မယ့် ချဲလ်ဆီး ကြယ်ပွင့် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၄ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လန်ဒန် မြို့ခံ ပြိုင်ဘက်ဆီ ပြောင်းရွှေ့တော့မယ့် ချဲလ်ဆီး ကြယ်ပွင့်

ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းက ပြီးခဲ့တဲ့ ၃ ပတ်စလုံး ယူ-၂၁ အသင်းနဲ့ပဲ လေ့ကျင့်ရေးဆင်းနေခဲ့ရတာကြောင့် တတ်နိုင်သမျှ ခပ်မြန်မြန် ချဲလ်ဆီးကို စွန့်ခွာချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီ အသင်းက ဟတ်ဒ်ဆန် အိုဒွိုင်းရဲ့ စျေးကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းနေခဲ့ပြီး လာဇီယို အသင်းကို ပြိုင်ပွဲထဲ ဝင်လာအောင် ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

မူရီဇီယို ဆာရီဟာ ချဲလ်ဆီးမှာ ဟတ်ဒ်ဆန် အိုဒွိုင်းကို ပွဲထွက်ခွင့်ပေးခဲ့ပြီးနောက် လာဇီယိုရဲ့ စိတ်ဝင်စားမှုကို အခုထက်ပိုပြီး မြင့်တက်လာအောင် တွန်းအားပေးနေပြီး စီးရီးအေ ကလပ်ဟာ ချဲလ်ဆီး တောင်ပံကစားသမားကို အခုချိန်ထိတော့ ဆက်သွယ်ခြင်း မရှိသေးပေမယ့်လည်း အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။


ာနန်ဒက်စ်ကို ကပ္ပတိန် လက်ပတ် ပေးတာ သဘောမကျတဲ့ လစ်ဗာပူးလ် ဂန္တဝင်

လစ်ဗာပူးလ် ဂန္တဝင် ဂရေမီ ဆောင်းနက်စ်က မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်သစ် ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
ကိုလမ်ဘီယာ
တောင်ကိုရီးယား
1X2 ကိုလမ်ဘီယာ @ 2.63
ဂိုးပေါ် 2.00 @ 1.97
ဂိုးပေါင်း 0-1 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ဟယ်ရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူး ကနေ ဖယ်ရှားပြီးနောက် ဘရူနို ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂရေမီ ဆောင်းနက်စ်က ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆောင်းနက်စ်ဟာ ဖာနန်ဒက်စ် အပေါ် အမြင်ကို မေးမြန်းခြင်းခံခဲ့ရပြီး ပေါ်တူဂီ ကြယ်ပွင့်ဟာ အရာအားလုံး ခက်ခဲလာချိန်မှာ ပြောင်းလဲပေးနိုင်တဲ့ ကစားသမားမျိုးလားလို့ မေးမြန်းခဲ့ရာမှာ မန်ယူနိုက်တက် ကွင်းလယ် ကစားသမားကို ပြင်းထန်တဲ့ သုံးသပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “သူက ခေါင်းဆောင်မဟုတ်တာ သိသာပါတယ်။ အဲဒါက လယ်ပြင်မှာ ဆင်သွားသလို ရှင်းနေတာပဲ။ သူက ခေါင်းဆောင် မဟုတ်ဘူး။ လစ်ဗာပူးလ်ကို ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့တဲ့ အချိန်တုန်းက သူ့ စိတ်သဘောထားက ဒါကို အဖြေပေးခဲ့တာပဲ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ဇင်ချန်ကိုဆီက သင်ယူနေတယ် ဆိုတဲ့ တီယာနေး

တီယာနေး ဟာ စနေနေ့က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ ဝင်ကစားပေးခဲ့ပြီး ပရိသတ်တွေ ဆီကနေ ချီးကျူး လက်ခုပ်သံတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဇင်ချန်ကို ရောက်ရှိလာပြီး နောက်ပိုင်း ပုံမှန် ပွဲထွက်ခွင့် ပျောက်နေခဲ့တဲ့ တီယာနေး

အာဆင်နယ် နောက်ခံလူ ကီရန် တီယာနေးဟာ ပထမအသင်းထဲမှာ နည်းပြရဲ့ နည်းဗျူဟာပိုင်းအရ တောင်းဆိုမှုကို ဘယ်လို အသားကျအောင် လုပ်ရမလဲ ဆိုတာ ဇင်ချန်ကို ဆီကနေ လေ့လာ သင်ယူနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

စကော့တလန် နောက်ခံလူဟာ မန်စီးတီး ကနေ ဇင်ချန်ကို ရောက်လာပြီး နောက်ပိုင်း ပထမအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရတော့တာ ဖြစ်ပြီး အရန်ခုံသာ ထိုင်နေရတာ ဖြစ်ပါတယ်။ တီယာနေး ဟာ စနေနေ့က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာ ဝင်ကစားပေးခဲ့ပြီး ပရိသတ်တွေ ဆီကနေ ချီးကျူး လက်ခုပ်သံတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း နောက်ခံလူဟာ သာမန်မဟုတ်တဲ့ နေရာနဲ့ ပတ်သက်ပြီး တီယာနေးက “ကျွန်တော် ပြီးခဲ့တဲ့နှစ်တွေကတည်းက အဲဒါကို လုပ်ခဲ့တယ်။ ကျွန်တော် အဲဒါကို သင်ယူခဲ့တယ်။ အဲလက်စ်က အဲဒီနေရာမှာ ဘယ်လို ကစားရမလဲ ဆိုတာကို အရမ်းကောင်းတဲ့ ဥပမာ ဖြစ်ခဲ့တယ်။ အဲဒီတော့ ခင်ဗျား တစ်ယောက်ယောက်ဆီကများ သင်ယူမယ် ဆိုရင် အဲဒါက ဇင်ချန်ကိုပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် သူ့ဆီကနေ သင်ယူခဲ့ပြီး သူ့ကို မေးခွန်းတွေ မေးခဲ့တယ်။ ဒါပေမယ့် ကစားပုံ အများကြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ ကျွန်တော် အဲဒါကို မလုပ်ခဲ့ဘူး။ ကျွန်တော့် အတွက် အားလုံးက အသစ်တွေချည်းပဲ မို့လို့ အကုန် သင်ယူနေရပါတယ်။ ကျွန်တော် အရင်တုန်းက ကွင်းလယ်မှာ တစ်ခါမှ မကစားဖူးဘူး။ အရင်တုန်းက ကျွန်တော် မကြာခဏ ဆိုသလို ကစားခဲ့ရတဲ့ နေရာလည်း မဟုတ်တော့ လေ့လာသင်ယူတာက ခင်ဗျားကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်