နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိစ် ဂျိမ်းစ်က ချဲလ်ဆီးကို ပြန်လာဖို့ ခေါ်လေ့ ရှိကြောင်း ဖွင့်ဟခဲ့တဲ့ အေဘရာဟမ်၊ ဖီးလ် ဂျုံးစ် လေ့ကျင့်ခန်း ဆင်းတာ မိနစ် ၂၀ ပဲ မြင်ဖူးတယ် ဆိုတဲ့ တန်ဟက်ဂ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ရိစ် ဂျိမ်းစ်က ချဲလ်ဆီးကို ပြန်လာဖို့ ခေါ်လေ့ ရှိကြောင်း ဖွင့်ဟခဲ့တဲ့ အေဘရာဟမ်၊ ဖီးလ် ဂျုံးစ် လေ့ကျင့်ခန်း ဆင်းတာ မိနစ် ၂၀ ပဲ မြင်ဖူးတယ် ဆိုတဲ့ တန်ဟက်ဂ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၂၂ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရိစ် ဂျိမ်းစ်က ချဲလ်ဆီးကို ပြန်လာဖို့ ခေါ်လေ့ ရှိကြောင်း ဖွင့်ဟခဲ့တဲ့ အေဘရာဟမ်

ပရီးမီးယားလိဂ် အသင်းဖော်ဟောင်း ရိစ် ဂျိမ်းစ်က ချဲလ်ဆီးကို ပြန်လာဖို့ အတွက် ဖိတ်ခေါ်လေ့ ရှိကြောင်း ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ်က ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အေဘရာဟမ်ဟာ ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး ရိုးမားရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားလျက် ရှိနေတာပါ။ အဆိုပါ အင်္ဂလန် တိုက်စစ်မှူးကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ် တို့က သတင်းတွေ ထွက်ခဲ့ဖူးပြီး ကစားသမားရဲ့ အနာဂတ် ကတော့ လက်ရှိအချိန်ထိ ရိုးမားမှာ ရှိနေဆဲပါ။

ဒါပေမယ့်လည်း အေဘရာဟမ်က ချဲလ်ဆီး ကစားသမား အများအပြားနဲ့ စကားပြောလေ့ ရှိကြောင်း၊ ရိစ် ဂျိမ်းစ်က ကျွန်တော့်ကို ချဲလ်ဆီး ပြန်လာဖို့ အမြဲတမ်း ပြောကြောင်း၊ ကျွန်တော် တို့က အတူတကွ ကြီးပြင်းခဲ့တာ ဖြစ်ကြောင်း၊ မေဆန် မောင့်၊ ဒီကလန် ရိုက်စ်နဲ့ အက်ဒီ အန်ကီတီယာ တို့က နှစ်ပေါင်းများစွာ ကြာအောင် သိကျွမ်းခဲ့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


အေစီမီလန်ကို ပြောင်းရွှေ့ဖို့ အခြေအနေကောင်းနေတဲ့ ချဲလ်ဆီး ကွင်းလယ်လူ

လာလီဂါ
ရီးယဲလ် ဘက်တစ်
ဂီတာဖေး
1X2 ရီးယဲလ် ဘက်တစ် @ 2.05
ဂီတာဖေး ပထမပိုင်း အာရှ ဟန်းဒီးကပ် 0.00 @ 2.51
ဂိုးပေါ် 1.00 @ 2.38
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီး ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ဟာ စီးရီးအေ ကလပ် အေစီမီလန်ကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး တိုးတက်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

ရူဘင် လော့ဖ်တပ်စ်ချိခ်ဟာ လာမယ့်နွေရာသီမှာ ချဲလ်ဆီးရဲ့ ရောင်းထုတ်ခံရမယ့် ကစားသမား စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပြီး အေစီမီလန် ကလည်း ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ချဲလ်ဆီးနဲ့ လော့ဖ်တပ်စ်ချိခ် အကြား စာချုပ်သက်တမ်း ကလည်း (၁) နှစ်သာ ကျန်ရှိတော့တာကြောင့် အေစီမီလန်က ဒီကစားသမားကို ခေါ်ယူဖို့ အခုကတည်းက ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ အေစီမီလန်တို့ အကြား နောက်ခံလူ ဖီကာယို တိုမိုရီရဲ့ အပြောင်းအရွှေ့ကတည်းက ဆက်ဆံရေး ကောင်းတွေ ရှိခဲ့ပြီး လက်ရှိအချိန် မှာလည်း လော့ဖ်တပ်စ်ချိခ် အတွက် ဆွေးနွေးမှုတွေက အဆင်ပြေ ချောမွေ့လျက် ရှိကြောင်း သိရပါတယ်။


ဖီးလ် ဂျုံးစ် လေ့ကျင့်ခန်း ဆင်းတာ မိနစ် ၂၀ ပဲ မြင်ဖူးတယ် ဆိုတဲ့ တန်ဟက်ဂ်

အင်္ဂလန် နောက်ခံလူဟာ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ကို ရောက်ရှိပြီးနောက်ပိုင်း ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။
ရာသီအကုန်မှာ ယူနိုက်တက် ကနေ ထွက်ခွာမယ့် ဖီးလ် ဂျုံးစ်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ့် နောက်ခံလူ ဖီးလ် ဂျုံးစ် လေ့ကျင့်ခန်းဆင်းတာကို မိနစ် (၂၀) သာ မြင်တွေ့ခဲ့ဖူးကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဘုန်းမောက်နဲ့ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ တန်ဟက်ဂ်က အခုလိုမျိုး ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် နောက်ခံလူဟာ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ကို ရောက်ရှိပြီးနောက်ပိုင်း ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ အသင်းမှာ (၁၂) နှစ်ကြာ ဖြတ်သန်းပြီးတဲ့နောက် ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

တန်ဟက်ဂ်က “ဖီးလ် ဂျုံးစ်က သူရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ကြည့်လိုက်ရင် ကြီးကျယ် ခမ်းနားတဲ့ ကစားသမား ဘဝကို ဖြတ်သန်းနိုင်ခဲ့တာပါ။ သူက ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ် တို့ကို ရရှိခဲ့ပါတယ်။ ယူနိုက်တက်မှာ ကြီးမားတဲ့ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ပြီး သူ့ရဲ့ ကစားသမား ဘဝက ချီးကျူးစရာတွေ ရှိခဲ့ပါတယ်”

“ဒါပေမယ့် ဟုတ်ပါတယ်။ ကျွန်တော် ဖီးလ် ဂျုံးစ် လေ့ကျင့်ခန်းဆင်းတာကို မိနစ် (၂၀) ပဲ မြင်တွေ့ခဲ့ဖူးတာပါ။ ဒါကလည်း ဒီရာသီရဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဥ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖီးလ် ဂျုံးစ် တစ်ယောက် ဘယ်အသင်းကို ပြောင်းရွှေ့မယ် ဆိုတာ ကိုတော့ မသိရှိရသေးဘဲ သူ့ရဲ့ ဒဏ်ရာ မှတ်တမ်းကြောင့် ဥရောပထိပ်တန်း အဆင့်မှာ ဆက်ကစားဖို့ ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်