နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒိုကို ဘွန်ဒက်စ်လီဂါဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂျာမန် စီးပွားရေးသမား၊ ဘယ်လင်ဟမ် အတွက် ဒီယက်ဇ်ကို အသုံးချမှာ မဟုတ်တဲ့ ရီးရဲလ်မက်ဒရစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ရော်နယ်ဒိုကို ဘွန်ဒက်စ်လီဂါဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂျာမန် စီးပွားရေးသမား၊ ဘယ်လင်ဟမ် အတွက် ဒီယက်ဇ်ကို အသုံးချမှာ မဟုတ်တဲ့ ရီးရဲလ်မက်ဒရစ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၂၂ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒိုကို ဘွန်ဒက်စ်လီဂါဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဂျာမန် စီးပွားရေးသမား

ဂျာမန် စွန့်ဦးတီထွင် စီးပွားရေးသမား တစ်ဦး ဖြစ်တဲ့ မားကပ်စ် ရွှန်က ခရစ္စတီယာနို ရော်နယ်ဒိုကို ဘွန်ဒက်စ်လီဂါ ဆီ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ လာမယ့် နွေရာသီမှာ ဥရောပကို ပြန်လာဖို့ အတွက် စိတ်ဝင်စားနေပြီး ဘေယန်မြူးနစ် ကလည်း အရင်ကတည်းက ရော်နယ်ဒိုနဲ့ သတင်းထွက်ခဲ့ဖူးတဲ့ အသင်း တစ်သင်းပါ။ အဲ့ဒါကြောင့်လည်း ရွှန်က သူ့ရဲ့ လွှမ်းမိုးမှုကို အသုံးချကာ ရော်နယ်ဒိုကို ဘေယန်မြူးနစ်ထံ ရောက်ရှိလာဖို့ အတွက် ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ရွှန်က ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ပြောင်းရွှေ့ကြေးကို လျှော့ချပြီး ခေါ်ယူနိုင်ဖို့ ဖြစ်ဖြစ် ဒါမှမဟုတ် အငှားနဲ့ ခေါ်ယူနိုင်တာပဲ ဖြစ်ဖြစ် ဒါက ကုမ္ပဏီ အတွက် တတ်နိုင်တဲ့ ပမာဏတစ်ခု ဖြစ်ကြောင်း၊ ဘဏ္ဍာရေးအရ အန္တရာယ်များမှုကို ကျွန်တော့် အနေနဲ့ ဂျာစီရောင်းအားက တစ်ဆင့် ဖြေရှင်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒို အနေနဲ့ ဘွန်ဒက်စ်လီဂါ ဘီလူးကြီးထံ အမှန်တကယ် ပြောင်းရွှေ့လိုတယ် ဆိုရင်တော့ လက်ရှိ အယ်လ်နာဆာမှာ ရရှိနေတဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း (၂၀၀) ထက် လျှော့ယူဖို့တော့ လိုအပ်ကြောင်းလည်း သိရှိရပါတယ်။


ကင်မစ်ချ်ကို ရောင်းချဖို့ အစီအစဥ် လုံးဝ မရှိတဲ့ ဘေယန်မြူးနစ်

လာလီဂါ
ဗီလာရီးယဲလ်
ကာဒပ်ဇ်
1X2 သရေ (Draw) @ 4.10
ပထမပိုင်း ဂိုးအောက် 1.00 @ 2.28
ဂိုးပေါင်း 2-3 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ်ဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ်ကို ရောင်းချဖို့ အတွက် လုံးဝ အစီအစဥ် မရှိကြောင်း သိရပြီး သူ့အတွက် ကမ်းလှမ်းမှု မှန်သမျှကို ငြင်းဆန်သွားမယ်လို့ သိရပါတယ်။

အဆိုပါ ဂျာမန် လက်ရွေးစင် ကြယ်ပွင့်ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာက စိတ်ဝင်စားနေပြီး ကစားသမားနဲ့ အသင်းကြား စာချုပ်လျော်ကြေး ယူရို သန်း (၆၀) ထက် လျော့နည်းတဲ့ ပမာဏနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် နာမည်ကျော် အပြောင်းအရွှေ့နဲ့ ဂျာနယ်လစ် တစ်ယောက် ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုက ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်း အနေနဲ့ ကင်မစ်ချ်နဲ့ ပတ်သက်လို့ ကမ်းလှမ်းမှု မှန်သမျှကို လက်ခံသွားမှာ မဟုတ်ဘဲ ဒီကစားသမားကို ရောင်းချသွားဖို့ အစီအစဥ် မရှိကြောင်း ပြောကြားခဲ့ပါတယ်။

အသက် (၂၈) နှစ် အရွယ် ကင်မစ်ချ် ကတော့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်လိုနေတာကြောင့် အသင်းက ထွက်ခွာဖို့ အတွက် စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။


ဘယ်လင်ဟမ် အတွက် ဒီယက်ဇ်ကို အသုံးချမှာ မဟုတ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အတွက် ကြိုးစားတဲ့နေရာမှာ အေစီမီလန်ကို အငှားချထားတဲ့ ဘရာဟင်မ် ဒီယက်ဇ်ကို အသုံးချသွားမှာ မဟုတ်ကြောင်း သိရပါတယ်။
ဘယ်လင်ဟမ် အတွက် ဒီယက်ဇ်ကို အသုံးချမှာ မဟုတ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အတွက် ကြိုးစားတဲ့ နေရာမှာ အေစီမီလန်ကို အငှားချထားတဲ့ ဘရာဟင်မ် ဒီးယက်ဇ်ကို အသုံးချသွားမှာ မဟုတ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ် အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဒေါ့မန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာ ကျန်ရှိပါတော့တယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဘယ်လင်ဟမ် အတွက် ကမ်းလှမ်းတဲ့ နေရာမှာ အေစီမီလန်ကို ရောက်နေတဲ့ အသင်းရဲ့ ကွင်းလယ်လူ ဒီးယက်ဇ်နဲ့ အလိုက်ပေး ကမ်းလှမ်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့်လည်း နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ် အတွက် ကမ်းလှမ်းမှုမှာ ဒီးယက်ဇ်ကို အသုံးပြုမှာ မဟုတ်ဘဲ ငွေသား သီးသန့်နဲ့သာ ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်