ကြီးမားတဲ့ သင်ခန်းစာရခဲ့တယ်လို့ ဆွန်ဟောင်မင် ညည်းညူ၊ ဘရန်ဖို့ဒ်နဲ့ ပွဲကို ပြန်ကစားပေးဖို့ အာဆင်နယ် ပရိသတ်တွေ တောင်းဆို စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကြီးမားတဲ့ သင်ခန်းစာရခဲ့တယ်လို့ ဆွန်ဟောင်မင် ညည်းညူ
လက်စတာစီးတီးကို ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ ၄-၁ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါး တိုက်စစ် ကစားသမား ဆွန်ဟောင်မင်က သူတို့ အတွက် ကြီးမားတဲ့ သင်ခန်းစာတွေ ရခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ မန်ချက်စတာစီးတီးကို အနိုင်ရထားခဲ့တဲ့ စပါးဟာ လက်စတာ ကိုတော့ အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ရာ အရေးနိမ့်ခဲ့တာပါ။
နည်းပြ ကွန်တီလည်း ပြန်လည် ကိုင်တွယ်နေခဲ့ပေမယ့် စပါးဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပြီး လက်စတာကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ပွဲအပြီးမှာ ဆွန်ဟောင်မင်က “ ကျနော်တို့ ကောင်းကောင်း စတင်နိုင်ခဲ့ပြီး ဖန်တီးမှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်၊ ၁-၁ ဖြစ်သွားတဲ့ နောက်မှာ ဒုတိယဂိုးကို မြန်မြန်ဆန်ဆန် ပေးလိုက်ရပြီး အဲဒီက စလို့ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်”
“ အရမ်း စိတ်ပျက်စရာကောင်းတဲ့ ရလဒ်၊ ဝမ်းနည်းစရာလည်း ကောင်းပါတယ်၊ ပရီးမီးယားလိဂ်မှာ လွယ်ကူတဲ့ ပွဲဆိုတာ မရှိပါဘူး၊ ပရီးမီးယားလိဂ်ရဲ့ အဆင့်အတန်းကို ဒီပွဲက ပြသသွားခဲ့တာပါ၊ ဒီနေ့ပွဲ ကနေ ကျနော်တို့ အတွက် ကြီးမားတဲ့ သင်ခန်းစာ တစ်ခု ရခဲ့ပါတယ်” လို့ ဆွန်ဟောင်မင်က ပြောဆိုသွားခဲ့ပါတယ်။
ပင်နယ်တီ မရခဲ့လို့ ချဲလ်ဆီး ပရိသတ်တွေ ပေါက်ကွဲခဲ့ကြ
မနေ့က ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ပွဲပြီးခါနီး အသင်း ရရှိသင့်တဲ့ ပင်နယ်တီ မရရှိခဲ့တာကြောင့် ချဲလ်ဆီး ပရိသတ်တွေဟာ VAR ကို ဒေါသထွက်နေကြပါတယ်။ ပွဲပြိးခါနီးမှာ ကိုင် ဟာဗက်ဇ်က ပင်နယ်တီ ဧရိယာအစွန်နားလောက် ကနေ ကော်နာ ဂယ်လက်ဂါရဲ့ ပြေးလမ်းကြောင်းထဲ ဘောလုံး ပေးပို့ခဲ့ရာမှာ ဝက်စ်ဟမ်း နောက်ခံလူ သောမက်စ် ဆိုချက်ခ် ဟန့်တားရင်း လက်နဲ့ ထိသွားခဲ့တာပါ။
ဒီဖြစ်ရပ်ကို VAR နဲ့ ပြန်စစ်ဆေးခဲ့ပေမယ့်လည်း ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကစားသမား အများအပြား ကလည်း ပင်နယ်တီ ပေးရမယ့်လို့ စောဒကတက်ခဲ့ပေမယ့် VAR ကတော့ မပေးသင့်ဘူးလို့ ဆုံးဖြတ်ကာ ပယ်ဖျက်ခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရတယ်လို့ ပရိသတ်တွေက ယူဆခဲ့ပြီး ဒေါသထွက်ခဲ့ကြပါတယ်။
ဒီနောက်တော့ တွစ်တာပေါ်မှာ ချဲလ်ဆီး ပရိသတ်တွေက ပြင်းပြင်းထန်ထန် ရေးသားပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ရွံစရာကောင်းတဲ့ ဆုံးဖြတ်ချက်ပဲလို့ ပြောခဲ့ကြပါတယ်။ ဒီပွဲကို အနိုင်မရခဲ့တာကြောင့် ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးကို သရေနဲ့သာ ကျေနပ်ခဲ့ရပြီး နိုင်ပွဲ ရဖို့ကို ထပ်မံအားထုတ်ရဦးမှာ ဖြစ်ပါတယ်။
ဘရန်ဖို့ဒ်နဲ့ ပွဲကို ပြန်ကစားပေးဖို့ အာဆင်နယ် ပရိသတ်တွေ တောင်းဆို
အိမ်ကွင်းမှာ ဘရန်ဖို့ဒ်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ အာဆင်နယ် ပရိသတ်တွေက အဆိုပါ ပွဲကို ပြန်ကစားပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီပွဲဟာ အာဆင်နယ်တို့ နှစ်ပွဲ ဆက်တိုက် ရမှတ် လျော့ခဲ့ရတာ ဖြစ်ပြီး အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပေမယ့် အသင်း ရလဒ်ပိုင်း ကတော့ ယိမ်းယိုင်လာလို့ စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။
အာဆင်နယ်ဟာ လူစားဝင်လာတဲ့ လီအန်ဒရို ထရိုဆာ့ဒ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် အိုင်ဗန် တိုနေးက လူကျွံအနေအထားကနေ ချေပဂိုး ပြန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကို VAR နဲ့ ပြန်လည် ကြည့်ရှုခဲ့ပေမယ့် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပြီး အာဆင်နယ် ပရိသတ်တွေ ကတော့ ပေါက်ကွဲနေခဲ့ကာ လုံး၀မဖြစ်သင့်ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါ့အပြင် ဒီသွင်းဂိုးမှာ အရင်ဦးဆုံး အီသန် ပင်နစ်ခ်က လူကျွံအနေအထားမှာ ရှိနေခဲ့ပြီး ဘောလုံးကို မထိခဲ့ပေမယ့် တိုနေး ဘောလုံးရအောင် ဂါဘရီယယ်ကို ပိတ်ဆို့ထားခဲ့တယ်လို့ အာဆင်နယ် ပရိသတ်တွေက ယူဆခဲ့ပါတယ်။ ဒီနောက်မှာ ခရစ္စတီယန် နော်ဂါ့ဒ် ကလည်း လူကျွံအနေအထား ကနေ ဘောလုံးရအောင် ပို့ပေးခဲ့ပြီး တိုနေးက သွင်းယူခဲ့လို့ ဒိုင်လူကြီးနဲ့ VAR ဟာ လူကျွံဘော နှစ်ခုကို လျစ်လျူရှုခဲ့တယ်လို့ ယူဆပြီး ပြန်ကစားဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.