နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဆု ဖာတီကို ပရီးမီးယားလိဂ် ကလပ် အများအပြားက အလိုရှိနေ၊ ဘရာဇီးလ် နည်းပြသစ် ဖြစ်လာတော့မယ့် အန်ဆယ်လော့တီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာဆာ တိုက်စစ်မှူး အန်ဆု ဖာတီကို ကလပ် အသင်း အများအပြားက အလိုရှိနေ၊ ဘရာဇီးလ် နည်းပြသစ် ဖြစ်လာတော့မယ့် အန်ဆယ်လော့တီ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အန်ဆု ဖာတီကို ပရီးမီးယားလိဂ် ကလပ် အများအပြားက အလိုရှိနေ

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး အန်ဆု ဖာတီ ကိုတော့ အင်္ဂလန် ပရီးမီးယားလိဂ် အသင်း အများအပြားက စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာမှာ ရောဘတ် လီဝမ်ဒေါစကီး နောက်မှာသာ ပွဲထွက်ခွင့်ရနေတဲ့ အန်ဆု ဖာတီဟာ သူ့အခြေအနေကို စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

လာလီဂါ
ဗီလာရီးယဲလ်
ဘာစီလိုနာ
1X2 ဘာစီလိုနာ 1.84
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် -1.00 @ 2.44
ဂိုးပေါ် 2.75 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့က သူ့ကို စိတ်ဝင်စားနေတာ ဖြစ်ပြီး ဘာဆာ ကတော့ သူတို့ ကစားသမားကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ ဆန္ဒ အပေါ်တော့ မူတည်နေပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

မက်ဆီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ တင်စားခံခဲ့ရတဲ့ အန်ဆု ဖာတီဟာ ဘာဆာအတွက် ခြေစွမ်းပြ ကစားနိုင်ပေမယ့် တည်ငြိမ်မှု အားနည်းတာကြောင့် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ တစ်ဖက် မှာတော့ နည်းပြ ဇာဗီက သူ့ကို အသင်း အနာဂတ် အဖြစ် သတ်မှတ်ထားတယ် လို့လည်း သိရပါတယ်။


ဘယ်လို အခြေအနေ ဖြစ်ဖြစ် ဘောလုံးအပေါ်ထားတဲ့ စိတ်ဓာတ်ကို မပြောင်းလဲသေးတဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဆော်ဒီ ကလပ် အယ်လ်နာဆာ အတွက် တပွဲတည်းမှာ ၄ ဂိုးသွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါပြီ။ ဒါဟာ ဆော်ဒီကို သူ ရောက်ခဲ့ပြီးချိန်မှာ အကောင်းဆုံး ပုံစံကို ပြသခဲ့တာ ဖြစ်ပြီး ဆော်ဒီလိဂ် သမိုင်းမှာ တပွဲတည်း ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့တာပါ။

ရော်နယ်ဒိုဟာ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အားရပါးရ အောင်ပွဲခံခဲ့ပြီး ပရိသတ်တွေ ကလည်း သူ့ရဲ့ အောင်ပွဲခံဟန်ကို သဘောကျခဲ့ကြပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ဘယ်အသင်းမှာပဲ ကစားကစား၊ ဘယ်လိဂ်ကို ရောက်ရောက်၊ ပြိုင်ဘက် အသင်းက ဘယ်လိုပဲ ဖြစ်နေပါစေ သူ့ရဲ့ ဘောလုံး အပေါ် ထားတဲ့ စိတ်အားထက်သန်မှု ကတော့ မသေဆုံးသွားဘူးလို့ ချီးကျူးခဲ့ကြပါတယ်။

ရော်နယ်ဒို ကတော့ ကစားသမားဘ၀မှာ လိဂ်ဂိုးပေါင်း ၅၀၃ ဂိုး အထိ ရရှိသွားပြီ ဖြစ်သလို ဟက်ထရစ် ၆၁ ကြိမ်၊ ၄ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ ပွဲ ၁၁ ပွဲ အထိ ရှိလာခဲ့ကာ သူ မတူတဲ့ စွမ်းဆောင်ရည်တွေနဲ့ အတူ အားလုံးရဲ့ အထက်မှာ ရပ်တည်နေပါတယ်။


ဘရာဇီးလ် နည်းပြသစ် ဖြစ်လာတော့မယ့် အန်ဆယ်လော့တီ

လာလီဂါ ကလပ် နည်းပြ ကာလို အန်ဆယ်လော့တီဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။
ကလပ် အသင်းတိုင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အန်ဆယ်လော့တီ

လာလီဂါ ကလပ် နည်းပြ ကာလို အန်ဆယ်လော့တီဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ လာမယ့် နွေရာသီမှာ စတင် ကိုင်တွယ်သွားမှာ ဖြစ်ပြီး နာမည်ကျော် အီတလီ လူမျိုး နည်းပြဟာ ကမ္ဘာ့အကောင်းဆုံး နိုင်ငံ အသင်း တသင်းကို ကိုင်တွယ်ရတော့မှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ဖလား ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အန်ဆယ်လော့တီဟာ အောင်မြင်မှု အများအပြားကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်ပါတယ်။ အေစီမီလန်၊ ဂျူဗင်တပ်စ်နဲ့ ချဲလ်ဆီး တို့လို အသင်းတွေ ကိုလည်း ကိုင်တွယ်ခဲ့ဖူးသလို လေးစားမှု အပြည့်အ ၀ရရှိထားတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

အန်ဆယ်လော့တီနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ကာလတို စာချုပ်သာ ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စာချုပ် သက်တမ်း ပြည့်ချိန်မှာ သူက အသင်း ကနေ ထွက်ခွာကာ လက်ရွေးစင် နည်းပြ ဘ၀ကို ကူးပြောင်းမှာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ နည်းပြသစ် ရှာပုံတော် ဖွင့်ရတော့မှာ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးနဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း ပိုချက်တီနိုက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်