နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို ငွေကြေးအကျပ်အတည်းတွေ ကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ လာပေါ်တာ၊ ဘူးစကွက်စ် အတွက် ကမ်းလှမ်းမှု ပြုလုပ်သွားမယ့် ဘာစီလိုနာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာစီလိုနာကို ငွေကြေး အကျပ်အတည်းတွေ ကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ လာပေါ်တာ၊ ဘူးစကွက်စ် အတွက် ကမ်းလှမ်းမှု ပြုလုပ်သွားမယ့် ဘာစီလိုနာ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာကို ငွေကြေးအကျပ်အတည်းတွေ ကနေ ကယ်တင်နိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့တဲ့ လာပေါ်တာ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဂျိုအန် လာပေါ်တာက သူဟာ အသင်းကို ငွေကြေး အခက်အခဲတွေ ကြားကနေ ကယ်တင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘဏ္ဍာရေး ပြသနာတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘာစီလိုနာဟာ အသင်းပိုင်ကွင်း ကိုတောင် မင်္ဂလာဆောင်တွေ အတွက် ငှားရမ်းခဲ့ရတဲ့ အထိ ဖြစ်ခဲ့ရတာပါ။ 

လာပေါ်တာက “ ကျနော်တို့ ကစားသမားသစ်တွေကို ယူရို ၂၁၅ သန်း အသုံးပြု ခေါ်ယူခဲ့ပြီး ပြန်ရောင်းချမှု ကနေ ယူရို ၁၄၁ သန်း ရခဲ့ပါတယ်၊ ဒါကြောင့် ယူရို ၇၄ သန်း တည်းနဲ့ ပြိုင်ဆိုင်မှု ကောင်းကောင်း လုပ်နိုင်မယ့် အသင်း တစ်သင်းကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်၊ ပြီးတော့ လုပ်ခ လစာတွေကို ယူရိုသန်း ၁၀၀ လောက် လျှော့ချလိုက်နိုင်ပါတယ်”

“ ဒီလိုလျှော့ချနိုင်ခဲ့တဲ့ အတွက် နောက်ထပ်လည်း ယူရို သန်း ၇၀ အထိ လျှော့ချဖို့ စီစဉ်နေပါတယ်၊ ဘာစီလိုနာကို ငွေကြေး ပြသနာတွေ ကြားကနေ ကယ်တင်နိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာ ကတော့ စပိန် လာလီဂါမှာ ရလဒ်တွေ ကောင်းနေပြီး ရီးရဲလ်မက်ဒရစ်ကို ၈ မှတ် ဖြတ် ဦးဆောင်နေကာ စပိန် စူပါဖလား ကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ 


ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်လို့ ရီယယ် တစ်သန်း ချီးမြှင့်ခံရတဲ့ အယ်လ်ဟီလယ် ကစားသမားများ

ဆော်ဒီ ဘီလျံနာ ဖြစ်တဲ့ မင်းသား Alwaleed bin Talal ဟာ ဖလာမင်ဂို အသင်းကို အနိုင်ရပြီး ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အယ်လ်ဟီလယ် ကစားသမားတွေကို တစ်ဦးချင်းစီ ရီယယ် တစ်သန်းစီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အယ်လ်ဟီလယ် အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဖလာမင်ဂို အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဟီလယ် အသင်းဟာ ဗိုလ်လုပွဲမှာ ဥရောပ ချန်ပီယံ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အဆိုပါ မင်းသားဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းကို အမာခံ အားပေးတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

အယ်လ်ဟီလယ် အသင်း အနေနဲ့ ရီးရဲလ်နဲ့ ကစားမယ့် ဗိုလ်လုပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ဒီလို ပမာဏ တူညီတဲ့ လက်ဆောင်မျိုးကို ထပ်ပြီးပေးသွားဦးမယ်လို့လည်း မင်းသား Alwaleed bin Talal က ကတိပေးထားပါတယ်။

ဒါ့အပြင် ဆော်ဒီ အားကစား ဝန်ကြီး ကလည်း အယ်လ်ဟီလယ် အသင်းကို ရီယယ် ၅ သိန်း ပေးမယ်လို့ သိရပါတယ်။ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ဆော်ဒီအသင်းတွေဟာ ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့တာပါ။ မော်ရိုကိုမှာ ကျင်းပနေတဲ့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လာလီဂါ
ဆယ်တာဗီဂို
အက်တလက်တီကို
1X2 သရေ @ 3.10
အက်တလက်တီကို အာရှ ဟန်းဒီးကပ် -0.50 @ 2.23
ဂိုးပေါ် 2.00 @ 1.87
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘူးစကွက်စ် အတွက် ကမ်းလှမ်းမှု ပြုလုပ်သွားမယ့် ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းခေါင်းဆောင် ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ အစောပိုင်းမှာ ဘူးစကွက်စ်ကို အသင်း ကနေ ထွက်ခွာခွင့်ပေးဖို့ စီစဉ်ထားပေမယ့် ကစားသမားရဲ့ အတွေ့အကြုံကို အလို ရှိနေသေးတဲ့ ဇာဗီ ကြောင့် အသင်းမှာ ဆက်နေဖို့ ကမ်းလှမ်းသွားမှာပါ။ 

ဘူးစကွက်စ်ကို ဆော်ဒီ ကလပ်တွေက ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေပြီး မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကလည်း အကြိုသဘောတူညီမှု ရဖို့ကို အားထုတ်နေပါတယ်။ ဘူးစကွက်စ် ကိုယ်တိုင် ကလည်း နူးကမ့် ကနေ ထွက်ခွာပြီး နယ်မြေသစ် တစ်ခုမှာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ဆိုထားတာကြောင့် ဘာဆာရဲ့ ကြိုးပမ်းမှု ကတော့ လွယ်ကူမှာ မဟုတ်ပါဘူး။ 

ဒါ့အပြင် ဘာဆာဟာ အီတလီ စီးရီးအေ ကလပ် ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို ခေါ်ယူဖို့လည်း ကြိုးစားနေပါတယ်။ ဘဏ္ဍာရေး ပြသနာတွေ ရှိနေဆဲ ဖြစ်တဲ့ ဘာစီလိုနာဟာ အသင်းမှာ ကစားသမား အပိုတွေ ထားရှိဖို့က မဖြစ်နိုင်တာကြောင့် ဘူးစကွက်စ်ကို ဆက်ရှိနေစေချင်ရင် အမ်မရာဘတ်ကို စွန့်လွှတ်ရဖို့တော့ ရှိပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်