နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘူးစကွက်စ်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အယ်လ်နာဆာ၊ ဂန္ထဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူကို ဘာစီလိုနာ ခေါ်ယူ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘူးစကွက်စ်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အယ်လ်နာဆာ၊ ဂန္ထဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူကို ဘာစီလိုနာ ခေါ်ယူ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘူးစကွက်စ်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အယ်လ်နာဆာ

ဆော်ဒီ ကလပ် အယ်လ်နာဆာ ကတော့ ဘာစီလိုနာ ကနေ ရာသီကုန်မှာ ထွက်ခွာမယ့် အသင်းခေါင်းဆောင် ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ်ကို ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဘူးစကွက်စ်ကို တစ်ရာသီ ပေါင် ၁၆ သန်း အထိ ပေးချေကာ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း အသင်းသစ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ် ကွင်းလယ်လူဟာ ဒီရာသီ လာလီဂါမှာ အသင်း အတွက် ၁၈ ပွဲ ကစားပေးထားပြီး ၁၆ ပွဲ ကတော့ ပထမလူစာရင်းမှာ ပါဝင်ခွင့်ရထားတာ ဖြစ်ပါတယ်။ သူ့ကို​ မေဂျာလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေပေမယ့် ဘဏ္ဍာရေး အင်အားအရ အယ်လ်နာဆာကို ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာ မဟုတ်လို့ ဆော်ဒီ ကလပ်က အသာစီးရနေတယ်လို့ ယူဆရပါတယ်။

အယ်လ်နာဆာဟာ ဘူးစကွက်စ်ကို ၂ နှစ် စာချုပ်နဲ့ ခေါ်ယူမှာ ဖြစ်ပြီး ကစားသမား ကတော့ သူ ဆုံးဖြတ်ချက် မချခင်မှာ ဘာစီလိုနာက စာချုပ်သစ် အတွက် ကမ်းလှမ်းမလား ဆိုတာ စောင့်မျှော်နေဆဲ ဖြစ်ပါတယ်။ ဘူးစကွက်စ်သာ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင် ပြိုင်ဘက်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အသင်းဖော်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။


ရီးရဲလ်နဲ့ စာချုပ်သစ်ချုပ်ချင်ရင် လက်ရွေးစင် အသင်း ကနေ အနားယူရမယ့် မိုဒရစ်

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်း ကွင်းလယ်လူ လူကာ မိုဒရစ် အနေနဲ့ စာချုပ်သစ် ချုပ်ဆိုရင် နိုင်ငံတကာ ကစားသမားဘ၀ ကနေ အနားယူရမယ်လို့ သတိပေးလိုက်ပါတယ်။ အသက် ၃၇ နှစ် အရွယ် မိုဒရစ်ဟာ ဘာနေဗျူးမှာ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ကို ရောက်ရှိနေပြီး ရာသီကုန်မှာ စာချုပ် သက်တမ်း ပြည့်မှာလည်း ဖြစ်ပါတယ်။

လာလီဂါ
ဗလင်စီယာ
ဘီလ်ဘာအို
1X2 ဘီလ်ဘာအို 2.51
ဘီလ်ဘာအို အာရှ ဟန်းဒီးကပ် 0.00 @1.76
ဂိုးပေါ် 2.00 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ် အတွက် ၁၁ နှစ်ကြာ ကစားပေးခဲ့ပြီး အောင်မြင်မှု အများအပြား ရယူပေးနိုင်ခဲ့တဲ့ မိုဒရစ်က အသင်းနဲ့ ၁ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်က သူတို့ ကစားသမားရဲ့ အသက်အရွယ်က အသင်း နှစ်သင်း အတွက် ကစားပေးဖို့ မလွယ်ကူတော့တာကြောင့် အသင်းမှာ ဆက်နေချင်ရင် လက်ရွေးစင် အသင်း ကနေ အနားယူရမယ်လို့ ဖိအားပေးလာတာပါ။

မိုဒရစ်က ခရိုအေးရှာ လက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အသင်းကို တတိယနေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ မိုဒရစ်ဟာ ဘလွန်းဒီအောဆု ဆွတ်ခူးထားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပြီး ရီးရဲလ် ကွင်းလယ်ပိုင်းကို နှစ်ပေါင်းများစွာ ထိန်းကျောင်းပေးခဲ့သူ ဖြစ်ပါတယ်။


ဂန္ထဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူကို ဘာစီလိုနာ ခေါ်ယူ

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီး ဖြစ်တဲ့ ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူ ယာအို မန်ဒက်စ်ကို စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို ရော်နယ်ဒင်ဟို ကိုယ်တိုင်က အတည်ပြုခဲ့တာ ဖြစ်ပြီး သားဖြစ်သူ အပေါ် ယုံကြည်ပေးခဲ့လို့ အသင်းဟောင်း ဘာကာကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ မန်ဒက်စ် အတွက် ရော်နယ်ဒင်ဟို ကိုယ်တိုင်က ပါဝင်လှုပ်ရှားပေးခဲ့ပြီး အရင်ဦးဆုံး အနေနဲ့ ဘာဆာ အကယ်ဒမီမှာ လေ့ကျင့် သင်ကြားရမှာ ဖြစ်ပါတယ်။ တိုးတက်မှုတွေ ရှိလာမှသာ သူ့ကို အသင်း အတွက် ကစားပေးဖို့ အခွင့်အရေး ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

“ သူ အခု ရောက်ရှိသွားခဲ့ပါပြီ၊ ဘာစီလိုနာက ကျနော့် ဘ၀ရဲ့ အစိတ်အပိုင်းပါပဲ၊ ဘယ်ကိုပဲ သွားသွား ကျနော်နဲ့အတူ ဘာစီလိုနာက ရှိနေပါတယ်၊ ကျနော့်သား ဘာစီလိုနာကို ရောက်ခဲ့ပြီဖြစ်လို့ အရင်ကထက် ပိုပြီး ဘာစီလိုနာက ကျနော်နဲ့ အတူ ရှိနေမှာပါ” လို့ ရော်နယ်ဒင်ဟိုက ပြောဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်