နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ငွေသုံးစွဲတာကို မရပ်သေးဘဲ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ဖို့ လုပ်နေပြန်တဲ့ ချဲလ်ဆီး၊ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမြန်နှုန်း စံချိန်ကို ရိုက်ချိုးလိုက်တဲ့ မူဒရစ်ခ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ငွေသုံးစွဲတာကို မရပ်သေးဘဲ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ဖို့ လုပ်နေပြန်တဲ့ ချဲလ်ဆီး၊ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမြန်နှုန်း စံချိန်ကို ရိုက်ချိုးလိုက်တဲ့ မူဒရစ်ခ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၆ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ငွေသုံးစွဲတာကို မရပ်သေးဘဲ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ဖို့ လုပ်နေပြန်တဲ့ ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင်မှာ ဘင်ဖီကာ ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ဖို့ နောက်ဆုံးအကြိမ် ထပ်ပြီး ကြိုးစားလာဦးမယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးချိန် ကတည်းက အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပြီး ပေါင် ၁၁၂ သန်းနဲ့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးက ၃ ကြိမ် အရစ်ကျနဲ့ ပေးချေဖို့ ဘင်ဖီကာ အသင်းထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဘင်ဖီကာ ဘက်ကတော့ အပြည့်အဝ ပေးချေမှသာ ထွက်ခွာခွင့်ပေးမယ်လို့ ပြောထားခဲ့တာပါ။ ချဲလ်ဆီး အသင်းဟာ ပေါင် ၇၉ သန်း အပြင် ဇီယက်ချ်နဲ့ ကစားသမား ၂ ဦးပါ အငှားနဲ့ ပေးမယ် ဆိုပြီး ဘင်ဖီကာ အသင်းကို ထပ်ပြီး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ် ကလည်း လက်ရှိအချိန်မှာ အပြောင်းအရွှေ့တွေကို မေ့ထားပြီး ဘင်ဖီကာ အတွက် ပြန်ပြီးတော့ အာရုံစိုက်ကစားနေတာပါ။ ဒါပေမယ့် ချဲလ်ဆီး ကတော့ နောက်ထပ် ကမ်းလှမ်းမှု အသစ်ကို ထပ်ပြီး ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပေါ်တူဂီ သတင်းစာ Record က ဖော်ပြခဲ့ပါတယ်။ ဘင်ဖီကာ ဘက်ကတော့ သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးထက် လျော့နည်းပြီး ကမ်းလှမ်းလာရင် ရောင်းချမှာ မဟုတ်ဘဲ အပြည့်အဝ ပေးချေမှသာ ရမယ်လို့  အသိပေးထားပါတယ်။ ချဲလ်ဆီး အသင်းဟာ အခု အပြောင်းအရွှေ့မှာ မူဒရစ်ခ်၊ မာဒူအီကီ၊ ဘာဒီယာရှီလီ၊ ဖိုဖာနာ စတဲ့ ကစားသမားတွေကို အားဖြည့်ထားတာ ဖြစ်ပါတယ်။


ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမြန်နှုန်း စံချိန်ကို ရိုက်ချိုးလိုက်တဲ့ မူဒရစ်ခ်

ချဲလ်ဆီး ကစားသမားသစ် မီခိုင်လို မူဒရစ်ခ်က လစ်ဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ သူ့ရဲ့ ထူးခြားတဲ့ လျင်မြန်မှုကို အားလုံး သိအောင် ထုတ်ဖော် ပြသနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မူဒရစ်ခ်က ၃၅ မိနစ်တည်းသာ ကစားခဲ့တာ ဖြစ်ပြီး ၃၆.၆၃ ကီလိုမီတာ အထိ ပြေးလွှားခဲ့ပြီး ဒီရာသီမှာ အမြန်ဆုံး စံချိန် ဖြစ်လာခဲ့ပါတယ်။ 

ချဲလ်ဆီး ကစားသမားသစ် မီခိုင်လို မူဒရစ်ခ်က လစ်ဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ သူ့ရဲ့ ထူးခြားတဲ့ လျင်မြန်မှုကို အားလုံး သိအောင် ထုတ်ဖော် ပြသနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ယူရိုသန်း ၁၀၀နဲ့ ရောက်ရှိလာတဲ့ မီခိုင်လို မူဒရစ်ခ်

သူ့အရင်မှာ အဲဗာတန် ကစားသမား အန်သိုနီ ဂေါ်ဒွန်က ၃၆.၆၁ နဲ့ အမြန်ဆုံး ဖြစ်နေခဲ့ပြီး လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်က ၃၆.၅၃၊ မန်စီးတီး တိုက်စစ်မှူး ဟာလန်းက ၃၆.၂၂ ကီလိုနဲ့ အစဉ်လိုက် ရှိနေခဲ့တာပါ။ မူဒရစ်ခ်ဟာ ပုံစံကောင်း တချို့ကိုလည်း ပြသနိုင်ခဲ့ပြီး အသင်း ပရိသတ်တွေရဲ့ ယုံကြည်မှုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ 

ယူကရိန်း ကလပ် ရှက်တာဒိုးနတ် ကနေ ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မူဒရစ်ခ်ဟာ ချဲလ်ဆီး ဘယ်တောင်ပံ တိုက်စစ်မှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါဟာ အီဒင်ဟာဇက် မရှိတော့တဲ့နောက် ဘယ်တောင်ပံတိုက်စစ် အသက်မဲ့နေတဲ့ ချဲလ်ဆီး အတွက် မျှော်လင့်ချက်လည်း ဖြစ်လာခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကို စောင့်ကြည့်ရတော့မှာပါ။


ယူဂန္ဓာမှာ အာဆင်နယ် ပရိသတ် ၈ ဦး ဖမ်းဆီးခံလိုက်ရ

မန်ချက်စတာယူနိုက်တက်ကို အာဆင်နယ်က အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာ ယူဂန္ဓာက အာဆင်နယ် ပရိသတ် ၈ ဦး အထိ အဖမ်းခံခဲ့ရပါတယ်။ အဆိုပါ ပရိသတ်တွေဟာ အာဆင်နယ်ရဲ့ နိုင်ပွဲကြောင့် နောက်တစ်နေ့ မနက်မှာ လမ်းမကြီးတွေ ပေါ်ထွက်ပြီး လူစုလူဝေးနဲ့ အောင်ပွဲခံခဲ့ရာမှာ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

စီတန်း လှည့်လည်ခွင့်နဲ့ လူအုပ်စု စုဝေးခွင့် မရှိတဲ့ ယူဂန္ဓာနိုင်ငံမှာ အာဆင်နယ် ပရိသတ်တွေက လမ်းမတွေပေါ် စုဝေး အောင်ပွဲခံခဲ့ပြီး ရဲတပ်ဖွဲ့က ဒီလို ခွင့်ပြုမထားဘူး ဆိုကာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ကန့်သတ် ချုပ်ချယ်ထားတာ ဖြစ်ပြီး အာဆင်နယ် ပရိသတ်တွေက အသင်းရဲ့ အောင်ပွဲ အတွက် ဒီစည်းကမ်းကို သတိမေ့ခဲ့ဟန် ရှိပါတယ်။ 

ရဲတပ်ဖွဲ့ဟာ အာဆင်နယ် ဂျာစီဝတ်ဆင်ထားတဲ့ ပရိသတ်တွေကို ဖမ်းဆီးနေတဲ့ ရုပ်သံဖိုင်လည်း တွစ်တာမှ ထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေရဲ့ အဖြစ်အပျက် ကတော့ ငိုအားထက် ရယ်အားသန်ဆိုသလို ဖြစ်ခဲ့ရပြီး အသင်း နိုင်ပွဲရခဲ့လို့ အောင်ပွဲခံလို့ မ၀ခင်မှာပဲ အဖမ်းခံလိုက်ရလို့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ 

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်