နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲဦးထွက်မှာပဲ အနီကတ် ထိသွားခဲ့တဲ့ ယာအို ဖီးလစ်၊ ဝက်ဂ်ဟော့စ်နဲ့ သဘောတူညီမှု ရခဲ့တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ပွဲဦးထွက်မှာပဲ အနီကတ် ထိသွားခဲ့တဲ့ ယာအို ဖီးလစ်၊ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တဲ့ ဝက်ဂ်ဟော့စ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၃ ရက်နေ့ ညရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပွဲဦးထွက်မှာပဲ အနီကတ် ထိသွားခဲ့တဲ့ ယာအို ဖီးလစ်

ယာအို ဖီးလစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီး အတွက် ပထမဆုံးပွဲကို ဝင်ရောက် ကစားပေးခဲ့ပါတယ်။ ယာအို ဖီးလစ်ဟာ အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အားကိုးရတော့မယ်လို့ ထင်ထားကာမှ ၅၈ မိနစ် အရောက်မှာ ပြိုင်ဘက်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် အနီကတ်ထိခဲ့ပါတယ်။

အဆိုပါ အနီကတ် ပြစ်ဒဏ်ကြောင့် ယာအို ဖီးလစ်ဟာ ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရတော့မှာလည်း ဖြစ်ပါတယ်။ ဒါဟာ ချယ်လ်ဆီး အသင်းရဲ့ သမိုင်းမှာတော့ ကစားသမားသစ် တစ်ဦးက သူ့ရဲ့ ပထမဆုံးပွဲမှာ ပထမဆုံး အကြိမ် အနီကတ် ပြသခံရမှုလည်း ဖြစ်လာခဲ့ပါတယ်။ ယာအို ဖီးလစ်ဟာ ဂိုးကန်သွင်းမှု ၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့​ပြီး ကွင်းအတွင်းက ဘယ်ကစားသမားထက်မဆို သာလွန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ချိန်မှာ အခုလို အနီကတ် ထိခဲ့တာပါ။

သူ့ကို ချယ်လ်ဆီးက ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ပေါင် ၁၁ သန်း အထိ ပေးချေခဲ့ရပါတယ်။ ဒါဟာ တစ်လကို ပေါင် ၂ သန်း နီးပါး ကျသင့်နေခဲ့တာ ဖြစ်ပြီး အခုတော့ ယာအို ဖီးလစ်က ၁ လ လောက် ကစားပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဖီးလစ် အနေနဲ့ သူ့ကို ၆ လ အငှားနဲ့ ခေါ်ယူခဲ့ရာမှာ ၁ လလောက်က ပွဲပယ် ပြစ်ဒဏ်ကြောင့် လန်ဒန်မှာ အနားယူနေရတော့မှာ ဖြစ်ပါတယ်။

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
ဘီလ်ဘာအို
1X2 သရေ @ 3.10
ရီးယဲလ် ဆိုစီဒက် အာရှ ဟန်းဒီးကပ် -0.50 @ 2.49
ဂိုးပေါ် 2.25 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အနီကတ်ထိခဲ့တဲ့ ယာအို ဖီးလစ်ကို လှောင်ပြောင်ခဲ့တဲ့ ဖူလ်ဟမ်

ဖူလ်ဟမ် အသင်းဟာ ချဲလ်ဆီး ကစားသမားဘဝ ပွဲဦးထွက်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ယာအိုဖီးလစ်ကို လှောင်ပြောင်တဲ့ ပို့စ်တင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။ ယာအို ဖီးလစ်ဟာ ဒီပွဲမှာ ပွဲအစကတည်းက ပါဝင်ခွင့်ရခဲ့သလို ခြေစွမ်းလည်း ပြနိုင်ခဲ့ပေမယ့် ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ သူ့အတွက် ပွဲဦးထွက် ကတော့ မမေ့နိုင်စရာ ဖြစ်ခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။

အဲ့ဒါကြောင့် ယာအို ဖီးလစ်ဟာ ချဲလ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ပထမဦးဆုံး ထုတ်ပယ်ခံခဲ့ရတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဖူလ်ဟမ် အသင်းက သူတို့ရဲ့ ဆိုရှယ်မီဒီယာ ကနေ ‘AdiosJoao’ ဆိုပြီး ယာအို ဖီးလစ်ကို လှောင်ပြောင်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ပြန်ဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း ချဲလ်ဆီးက ‘HolaJoao’ ဆိုပြီး ကြိုဆိုတဲ့ ပို့စ်ကို ဖျက်လိုက်ပြီးနောက် အခုလို ဖြစ်ခဲ့တာလို့ သိရပါတယ်။

ချယ်လ်ဆီး ကတော့ ရလဒ်ဆိုးတွေနဲ့ ဆက်လက် ရုန်းကန်နေရပြီး ဒီပွဲမှာလည်း ဖူလ်ဟမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး နည်းပြ ဂရေဟမ် ပေါ်တာ လည်း ထုတ်ပယ်ခံရဖို့ ပိုပို နီးစပ်လာပြီ ဖြစ်ပါတယ်။


ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တဲ့ ဝက်ဂ်ဟော့စ်

တူရကီ ကလပ် ဘက်ဆီးတပ်စ်မှာ ကစားနေတဲ့ ဟော်လန် တိုက်စစ်မှူး ဝတ် ဝက်ဂ်ဟော့စ် ကတော့ မန်ချက်စတာယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့အတွက် ယူနိုက်တက်က ဘက်ဆီးတပ်စ်ကို လျော်ကြေး ပေါင် ၂.၅ သန်း ပေးချေသွားရမှာ ဖြစ်ပြီး အငှားခေါ်ယူမှု ကိုတော့ မိခင် ကလပ် ဖြစ်တဲ့ ဘန်လေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဘက်ဆီးတပ်စ် အတွက် ဒီရာသီမှာ ၈ ဂိုး အထိ သွင်းယူပေးထားတဲ့ ဝက်ဂ်ဟော့စ်ဟာ ကမ္ဘာ့ဖလားပွဲမှာ အာဂျင်တီးနားကို ၂ ဂိုးသွင်းယူပြီးနောက် လူသိများလာခဲ့သူ ဖြစ်ပါတယ်။ ဘန်လေနဲ့ အတူ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးပြီး ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် တခြားသော လိဂ်တွေ မှာတော့ သူ့ရဲ့ ခြေစွမ်းက အားရစရာ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

အရပ်အမောင်း ၆ပေနဲ့ ၆ လက်မ ရှိတဲ့ ဝက်ဂ်ဟော့စ်က နံပါတ် ၉ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး ကွင်းလယ် အထိ ဆင်းကာ ဘောလုံးရယူတာ၊ ဘောလုံးဖျက်ထုတ်တာတွေကို လုပ်ဆောင်ပေးနိုင်တဲ့သူ ဖြစ်တာကြောင့် တန်ဟက်ဂျ်ရဲ့ နည်းစနစ်မှာ အံဝင်မယ်လို့ သတ်မှတ်ခံထားရပါတယ်။ ယူနိုက်တက် ကတော့ ရော်နယ်ဒို မရှိတော့တဲ့ နောက်ပိုင်း တိုက်စစ်မှူး တစ်ဦး လိုအပ်နေတာ ဖြစ်ပြီး ဝက်ဂ်ဟော့စ်ကို အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်