နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မော်ရိုကို – ပေါ်တူဂီ | ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် (ပွဲကြိုသုံးသပ်ချက်)

မော်ရိုကို – ပေါ်တူဂီ

ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီခွဲမှာတော့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ၃ အဖြစ် မော်ရိုကိုနဲ့ ပေါ်တူဂီတို့ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။ လက်ရှိမှာ ပုံစံကောင်းရနေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရဦးမှာ ဖြစ်လို့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

မော်ရိုကိုရဲ့ ခံစစ်ပိုင်း မာကျောမှု ကတော့ တကယ့်ကို အားရစရာပါပဲ။ အခုချိန်ထိ ပေးဂိုး တစ်ဂိုးတည်းသာ ရှိသေးပြီး အဲဒါကလည်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာ ဖြစ်လို့ ဘယ်ပြိုင်ဘက်ရဲ့ ဂိုးသွင်းခြင်းကိုမှ မခံဘူးလို့တောင် ပြောလို့ ရပါတယ်။ မော်ရိုကိုဟာ အခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို ရောက်လာတဲ့ တစ်သင်းတည်းသော အာဖရိက အသင်း ဖြစ်ပေမယ့် အဆိပ်ပြင်းကြောင်း စပိန်ကို ကျော်ဖြတ်ပြီး သက်သေပြပြီးပါပြီ။ ခံစစ် ကျစ်သလို ဟာကီမီ၊ မက်ဇ်ရူအီ၊ ဇီယက်ချ်၊ ဘူဖယ်လ် တို့ရဲ့ တောင်ပံတွေ ကိုလည်း ပေါ်တူဂီ ခံစစ်က သတိကြီးကြီးထားဖို့ လိုအပ်ပါလိမ့်မယ်။ မဟုတ်ရင် မော်ရိုကိုရဲ့ လျင်မြန်ပြီး ထက်မြတ်တဲ့ တန်ပြန် တိုက်စစ်ကြောင့် ပေါ်တူဂီတို့ တိုင်ပတ်သွားနိုင်ပါတယ်။ နောက်ပြီး စပိန်ရဲ့ ပင်နယ်တီ ၃ လုံးစလုံးကို ကာကွယ်ထားတဲ့ ဘွန်နူ ကလည်း ဂိုးမြူးနေတဲ့ ပေါ်တူဂီရဲ့ တိုက်စစ်ကို ခက်ခဲစေဦးမယ့်သူ ဆိုတာ မေ့ထားလို့ မရပါဘူး။

ပေါ်တူဂီ ကတော့ ဒီနှစ် ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယား တစ်သင်းတည်းကို ရှုံးထားပြီး ကျန်ပွဲအားလုံး အနိုင်ရထားပါတယ်။ တိုက်စစ်က တစ်ပွဲ ပျမ်းမျှ ၃ ဂိုး သွင်းထားပြီး ဆွစ်ဇာလန်လို ကစားရခက်ပြီး ခံစစ် ကျစ်ပါတယ် ဆိုတဲ့ အသင်းကို ၆-၁ နဲ့ ဂိုးပြတ် အနိုင်ယူထားခဲ့ပါတယ်။ နူနို မန်းဒက်စ်နဲ့ ဒန်နီလို ပါရဲရား တို့ကတော့ ဒဏ်ရာကြောင့် ထပ်မံ လွဲချော်ဦးမှာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာက GOAT ကြီး ရော်နယ်ဒို မပါရင် ပိုကောင်းတဲ့ ပေါ်တူဂီကို မြင်နေရတာ ဖြစ်ပြီး နည်းပြ ဖာနန်ဒို ဆန်းတို့စ် အနေနဲ့ ပြီးခဲ့တဲ့ ပွဲရဲ့ ဟက်ထရစ်ရှင် ဂွန်ဆာလို ရာမို့စ် ကိုပဲ ဆက်သုံးလာဖွယ်တော့ ရှိပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

မော်ရိုကိုဟာ အခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို ရောက်လာတဲ့ တစ်သင်းတည်းသော အာဖရိက အသင်း ဖြစ်ပေမယ့် အဆိပ်ပြင်းကြောင်း စပိန်ကို ကျော်ဖြတ်ပြီး သက်သေပြပြီးပါပြီ။
၁၆ သင်း ရှုံးထွက် အဆင့်မှာ နာမည်ကြီး စပိန်ကို ဖြုတ်ချလာတဲ့ မော်ရိုကို

မော်ရိုကို – ဘွန်နူ၊ ဟာကီမီ၊ အဂူရက်ဒ်၊ ဆိုင်းစ်၊ မာဇရာအူအီ၊ အမ်မာလက်၊ အမ်မရာဘတ်၊ အူနာဟီ၊ ဇီယက်ဂျ်၊ အန်နာဆီရီ၊ ဘူဖယ်လ်
ပေါ်တူဂီ – ကော်စတာ၊ ကန်ဆယ်လို၊ ပီပီ၊ ဒီယက်စ်၊ ဂွာရဲရိုး၊ နီဗက်စ်၊ ကာဗယ်ဟို၊ ဖာနန်ဒက်စ်၊ ဆေးလ်ဗား၊ ရာမို့စ်၊ ယာအိုဖီးလစ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

မော်ရိုကိုက နောက်ဆုံး ၅ ပွဲ ဆက်တိုက် မရှုံးနိမ့်ထားဘဲ ဂိုးပေါ် ၂ ပွဲ ကစားထားခဲ့ပါတယ်။ ကမ္ဘာ့ဖလား ၄ ပွဲ ကစားထားရာ မှာတော့ ၃ ပွဲ အထိ ဂိုးပေါင်းအောက် ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီ ကတော့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ နိုင်ထားပြီး ပွဲတိုင်း ဂိုးရခဲ့သလို ၄ ပွဲ အထိ ဂိုးပေါ်ခဲ့ပါတယ်။ ဒီနှစ်သင်း ကလည်း ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ရင်ဆိုင်ဖူးပြီး ပေါ်တူဂီက ၁-၀နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာ မော်ရိုကို နိုင်ရင် ၅.၇၅ ဆ၊ ပေါ်တူဂီ နိုင်ရင် ၁.၆၈ ဆ ရမှာပါ။ Handicap မှာတော့ ပေါ်တူဂီက သရေ အရှုံး ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ မော်ရိုကို ခံစစ် အရမ်းကောင်းတာက စဉ်းစားစရာပါ။ ပေါ်တူဂီက ပွဲတိုင်း ဂိုးသွင်းထားနိုင်ပေမယ့် ခံစစ်ကောင်းတဲ့ အသင်းနဲ့ ဆိုရင် နည်းနည်း တိုင်ပတ်လေ့ ရှိပါတယ်။ စပိန်ကို ဖြုတ်ချလာတဲ့ မော်ရိုကိုရဲ့ ခြေစွမ်းက ချီးကျူးစရာ ကောင်းပေမယ့် ကျနော် ကတော့ ဒီအဆင့်ဟာ သူတို့ အတွက် ဂိတ်ဆုံးလို့ပဲ ထင်နေပါတယ်။ အတွေ့အကြုံရှိတဲ့ ပေါ်တူဂီက အနိုင်ရအောင် ကစားတတ်သလို ဂိုးသွင်းနိုင်တဲ့သူတွေလည်း ပေါနေပါတယ်။ စပိန်ရဲ့ အရှုံးကို သာဓက ယူပြီး ပေါ်တူဂီတို့ ဟာကွက် မရှိအောင် ကစားလိမ့်မယ် ထင်ပါတယ်။ ပေါ်တူဂီ ကိုပဲ ရွေးချယ်ထားရမှာပါ။ မော်ရိုကိုကြောင့်တော့ ဂိုးပေါ်နိုင်ချေ နည်းပါတယ်။


ခန့်မှန်းရလဒ်

မော်ရိုကို ၀-၂ ပေါ်တူဂီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်