နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၂၄/၉/၂၀၂၂)

စက်တင်ဘာ ၂၄ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဝေးလ်းစ် နဲ့ပဲ ခဏခဏ ရင်ဆိုင်နေရတာ ပျင်းနေပြီ ဆိုတဲ့ ဒီဘရိုင်းနား

“ ကျနော့် လက်ရွေးစင် ကစားသမားဘ၀မှာ ပွဲတဝက်လောက်က ဝေးလ်းစ်နဲ့ပဲ ကစားနေရတာဗျ၊ ကြာတော့ သူတို့နဲ့ ရင်ဆိုင်ရမှာကို ကျနော် နည်းနည်းပျင်းလာပြီ၊ သူတို့နဲ့ ကစားတာ အခုဆို ၁၂ ပွဲလောက် ရှိနေပြီ ထင်တယ်၊ အမြဲတမ်း ဒီအသင်းချည်းပဲလို့တောင်ထင် နေမိပြီ” ဆိုပြီး ဝေးလ်းစ်နဲ့ ကစားရမယ့် ပွဲမတိုင်ခင်မှာ ဒီဘရိုင်းနားက ပြောခဲ့တာပါ။

တကယ်တမ်း မှာလည်း ဝေးလ်းစ်နဲ့ ကစားရတာ ၁၂ ပွဲ ရှိသွားပြီ ဖြစ်ပြီး သူတို့ နှစ်သင်း ရေစက် ကလည်း ဆုံကိုဆုံနိုင်လွန်းနေတာ ဖြစ်ပါတယ်။ ညက ပွဲမှာတော့ ဘယ်လ်ဂျီယံက ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဒီဘရိုင်းနားက ၁ ဂိုး သွင်းပြီး ၁ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီနှစ်သင်းက ခဏခဏ တွေ့ကြလွန်းလို့ နှစ်ဖက် ကစားသမားတွေ အကြား မှာလည်း တော်တော်လေးကို ရင်းနှီးနေပါပြီ။ ပွဲအပြီးမှာ ဆိုရင် သူငယ်ချင်းတွေ လိုပဲ ရယ်ရယ်မောမောနဲ့ စကား ပြောဆိုနေကြပြီး သူတို့ရဲ့ ခြေစမ်းပွဲ တစ်ပွဲ အသွင်တောင် ဆောင်နေခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီဘရိုင်းနားက ငြီးငွေ့နေပြီလို့ ပြောဆိုခဲ့တာ ဖြစ်ပြီး တခြားအသင်းတွေနဲ့ ရင်ဆိုင်ရဖို့ကို မျှော်လင့်နေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကွင်းလယ် ဖန်တီးရှင် ဒီဘရိုင်းနားဟာ နောက်ပိုင်း နှစ်တွေမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ 


မက်ဂွိုင်းယားက အင်္ဂလန်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးလို့ ချီးကျူးလိုက်တဲ့ ဆောက်ဂိတ်

မီလန်မှာ အီတလီနဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အင်္ဂလန် နည်းပြ ဆောက်ဂိတ်က နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို အင်္ဂလန်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေ ထဲက တစ်ဦး ဖြစ်နေဆဲလို့ ပြောဆိုလိုက်ပါတယ်။

ဒါဟာ သူ့ကစားသမားကို သူ ဘယ်လောက်ထိ ယုံကြည်သလဲဆိုတာ ဆောက်ဂိတ်က ထပ်မံ ထုတ်ဖော် ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဂွိုင်းယားဟာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်မှာ လုံး၀ ပွဲထွက်ခွင့် မရတော့ပါဘူး။ နည်းပြ တန်ဟက်ဂ်က သူ့အသင်းရဲ့ ဗဟိုခံစစ်မှာ ဗာရန်း-မာတီနက်ဇ် အတွဲ ကိုသာ ဦးစားပေး အသုံးပြုနေခဲ့ပြီး မက်ဂွိုင်းယားက အရန်ခုံပေါ်မှာသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဆလိုဗေးနီးယား
နော်ဝေး
1X2 သရေ (Draw) @ 3.35
ဂိုးပေါ် 2.50 @ 2.19
ဂိုးပေါင်း 0-1 @ 2.66
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့်လည်း သူ့ကို နည်းပြ ဆောက်ဂိတ်က အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခဲ့သလို အဓိက ကစားသမား ဖြစ်တယ်ဆိုပြီးတော့လည်း ထောက်ခံနေခဲ့တာ ဖြစ်ပါတယ်။ 

“ ဘယ်သူမဆို ကိုယ့်ရဲ့ ဆုံးဖြတ်ချက် အတွက် အမြဲတမ်း ကျောထောက် နောက်ခံပေးနေရမှာပါ၊ မက်ဂွိုင်းယားက ကျနော်တို့ အတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်လို့ ခံစားရပါတယ်၊ သူက ကျနော်တို့ရဲ့ အမြင့်ဘော အကောင်းဆုံး ကစားနိုင်တဲ့ ဗဟိုခံစစ်မှူးပါ၊ သူနဲ့ ဂျွန်စတုန်းစ် တို့က ဘောလုံးနဲ့ အတူ ရှိနေချိန် ဆိုရင် မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ သူတွေပါ” လို့ ဆောက်ဂိတ်က ပြောဆိုခဲ့ပါတယ်။ 


အိုင်ဗန် တိုနေးကို မသိဘူးလို့ ဆိုလိုက်တဲ့ ဘိုနူချီ

အင်္ဂလန် တိုက်စစ်မှူးတွေ အကြောင်း မေးမြန်းမှုကို ဘိုနူချီက အင်္ဂလန်ရဲ့ မျက်နှာသစ် ကစားသမား အဖြစ် ပါဝင်လာခဲ့တဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနေးရဲ့ နာမည်ကို မသိဘူးလို့ ဆိုခဲ့ပါတယ်။ အင်္ဂလန်နဲ့ အီတလီ တို့ဟာ နေးရှင်းလိဂ်ပွဲစဉ် အဖြစ် မီလန်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး ဘိုနူချီက ပြိုင်ဘက် တိုက်စစ်မှူး ဟယ်ရီကိန်း ကိုတော့ ချီးကျူးခဲ့ပါတယ်။ 

“ ဟယ်ရီကိန်းနဲ့ ကျနော် ပွဲတော်တော်များများ ရင်ဆိုင်ခဲ့ဖူးပါတယ်၊ သူက တကယ့် တိုက်စစ်မှူးကောင်း တစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦး ဆိုတာ ကျနော် ယုံကြည်ပါတယ်၊ ပြီးတော့ နောက်ထပ် တိုက်စစ်မှူးသစ်လား၊ ဘယ်သူလဲတော့ မသိဘူး၊ ပြီးခဲ့တဲ့ရက် အနည်းငယ်ကမှ သူ့ ဗီဒီယိုတွေ ကျနော် ကြည့်ဖြစ်ခဲ့တယ်၊ သူလည်း အရည်အသွေး အရမ်းကောင်းတယ်၊ အင်္ဂလန်မှာ အခွင့်အရေးတွေ အများကြီး ရှိပါတယ်၊ ဒီလို ကစားသမားတွေ ပေါ်ထွက်လာအောင် သူတို့ကို ကစားခွင့်ပေးတဲ့ ပရီးမီးယားလိဂ် ကလပ်တွေကို ကျေးဇူးတင်ရမှာပဲ” ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ဖူးပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အီတလီက အနိုင်ရရှိခဲ့ပါတယ်။ နေးရှင်းလိဂ် မှာတော့ အင်္ဂလန်က ရလဒ်တွေ ဆိုးရွားနေပြီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရကာ ကမ္ဘာ့ဖလား အတွက် အခက်ကြုံလိမ့်မယ်လို့ သုံးသပ်ခံနေရပါတယ်။ ဆောက်ဂိတ် ကတော့ ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ် အတွက် ခြေစွမ်းပြနေတဲ့ တိုနေးကို ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်