လေဗာကူဆင် ၂-၀ အက်တလက်တီကိုမက်ဒရစ်
ချန်ပီယံလိဂ် အုပ်စု (B) က လေဗာကူဆင်နဲ့ အက်တလက်တီကို မက်ဒရစ် တို့ရဲ့ ပွဲစဉ် မှာတော့ အိမ်ရှင် လေဗာကူဆင်က ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ အက်တလက်တီကိုတို့ အဓိက ကစားသမား တချို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ခြင်းနဲ့ အတူ ဂျာမန်မြေမှာ လေဗာကူဆင်ကို ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
အိမ်ရှင် လေဗာကူဆင်တို့ ၄-၂-၃-၁နဲ့ ပွဲထွက်ခဲ့ပြီး အက်တလက်တီကိုမက်ဒရစ် ကတော့ ၃-၅-၂ အခင်းအကျင်း ကိုပဲ အသုံးပြုခဲ့ပါတယ်။ လေဗာကူဆင် ဘက်မှာ ဖလော်ရီယန် ဝစ်ဇ်၊ ဘယ်လာရာဘီ၊ ပလာစီယို့စ်၊ လူနက်ဗ်၊ အက်ဒ်လီ တို့ ဒဏ်ရာပြသနာ အသီးသီး ရှိနေလို့ လွဲချော်ခဲ့သလို တီကို ဘက်မှာလည်း ခံစစ်က ဆာဗစ်၊ ရက်ဂီလွန်း၊ ဟင်မီနက်ဇ်တို့ ပါဝင်ကစားနိုင်ခြင်း မရှိလို့ အားနည်းခဲ့ပါတယ်။
ပထမပိုင်းမှာ နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက် ကစားခဲ့ကြပေမယ့် ခံစစ်မှူးတွေ အမှားနည်းနေခဲ့လို့ ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေတော့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ကြပါဘူး။ ဒုတိယပိုင်း မှာတော့ ဆီမြွန်နီရဲ့ အသင်းက လူစား ပြောင်းလဲမှုတွေ တောက်လျောက် ပြုလုပ်ပြီး ရိုဒရီဂို ဒီပေါလ်၊ ကာရက်စ်ကို၊ ဂရစ်ဇ်မန်း၊ ကော်ရီယာ၊ ကွန်ဟာ တို့ ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဂိုးရသွားခဲ့တာက အိမ်ရှင် အသင်း ဖြစ်ပြီး လူစားဝင် တောင်ပံ ကစားသမား ဖရင်ပေါင်ရဲ့ ဖန်တီးမှုတွေ ကနေ ပွဲချိန် ၈၄ မိနစ်နဲ့ ၈၇ မိနစ် တို့မှာ အန်းဒရစ်ချ်နဲ့ မူဆာ ဒီယာဘီ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မှာတော့ လေဗာကူဆင်တို့ လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး အနိုင်ရလဒ်ကို ထိန်းသွားခဲ့လို့ အက်တလက်တီကိုတို့ ချေပဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ပဲ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်
ရာသီအစကတည်းက ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့တဲ့ လေဗာကူဆင်တို့ ဒီနေ့ပွဲ မှာတော့ ပုံစံကောင်း တစ်ခု ပြန်ရခဲ့ပြီး နောက်တစ်ဆင့် တက်ရေး အတွက် အဖိုးတန် အနိုင် ၃ မှတ် ရခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အိုဒွိုင်းနဲ့ ဒီယာဘီ တို့ရဲ့ တောင်ပံ နှစ်ဖက်က ပြိုင်ဘက် နောက်တန်းကို တော်တော်လေး အလုပ်ပေးနိုင်ခဲ့သလို ဖရင်ပေါင်ကို လူစားဝင်စေခဲ့တဲ့ နည်းပြ ဂျရတ်ဒို ဆီယွန်နီရဲ့ ဗျူဟာပိုင်း အပြောင်းအလဲ မှန်ကန်ခဲ့လို့ လေဗာကူဆင်တို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့သလို အဓိက ခံစစ်မှူး တချို့ မပါနိုင်ခဲ့တာ ကလည်း အားနည်းချက် ဖြစ်ခဲ့ရတယ်လို့ပဲ ဆိုရပါတယ်။
ဒီနိုင်ပွဲကြောင့် လေဗာကူဆင်တို့ ၃ မှတ် စတင် ရရှိခဲ့ပြီး ချန်ပီယံလိဂ် အုပ်စု (B)ရဲ့ အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ် ကတော့ ချန်ပီယံလိဂ် ၂ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၃ မှတ် အတူ အဆင့် ၃ နေရာကို ဆင်းခဲ့ရပါတယ်။
လာမယ့်ပွဲစဉ်များ
လေဗာကူဆင်တို့ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၇ ကို ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး အက်တလက်တီကို မက်ဒရစ်ကို ၁၉ ရက်နေ့မှာ ရီးရဲယ်မက်ဒရစ်နဲ့ မက်ဒရစ် ဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.