အခုတစ်ခါ မှာတော့ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဆန်းချက်ဇ်၊ ဂျက်ကိုနဲ့ဒမ်းဖရိုင်းစ် တို့ကို ရောင်းချဖို့ အင်တာမီလန် စီစဥ်
\စီးရီးအေ ကလပ် အင်တာမီလန်ဟာ အသင်းရဲ့ တိုက်စစ်ကစားသမား နှစ်ဦး ဖြစ်တဲ့ အလက်ဆစ် ဆန်းချက်ဇ်နဲ့ ဒီဂျက်ကို၊ နောက်ခံအစွန်လူ ဒမ်းဖရီးစ်တို့ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အင်တာမီလန်ဟာ ဘဏ္ဍာရေး ပြဿနာ ရှိနေတဲ့ အတွက် အခုလို ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိ နွေရာသီမှာ အင်တာမီလန်က လူကာကူကို အငှားနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပေမယ့် ဒီဘားလား၊ ဘရီမာ တို့လို အလိုရှိတဲ့ ကစားသမားတွေကို အချိန်မှီ မကမ်းလှမ်းနိုင်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် နောက်ခံလူ ရှခရီနီယာကို ပီအက်စ်ဂျီထံ ရောင်းချနိုင်ဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။
ရှခရီနီယာ အနေနဲ့ အသင်း မပြောင်းရွှေ့ဖြစ်ခဲ့ရင်လည်း လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူဖို့ အင်တာမီလန်က မျှော်လင့်နေပါတယ်။ အင်တာမီလန်ဟာ အခြားသော ကြယ်ပွင့်တွေဖြစ်တဲ့ ဘာရယ်လာ၊ ဘာစတိုနီ၊ ဘရိုဇိုဗစ်၊ ချလနောဂလူ၊ လော်တာရို မာတီနက်ဇ် တို့ကိုတော့ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားဖို့ စီစဥ်ထားပါတယ်။
ဂျူဗင်တပ်စ် လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာ ရရှိခဲ့တဲ့ ပေါ့ဘာ
ပေါလ် ပေါ့ဘာဟာ စနေနေ့က ဂျူဗင်တပ်စ်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ် အရွယ် ကွင်းလယ်လူဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက် ကနေ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ပြန်လည် ရောက်ရှိလာသူပါ။
ဒီကစားသမားဟာ သောကြာနေ့က ကစားခဲ့တဲ့ ဂွါဒါလာဂျာရာနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ပြီး ပုံစံကောင်း ပြသနိုင်ခဲ့ပေမယ့် နောက်တစ်နေ့ လေ့ကျင့်ခန်းမှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာ အနေနဲ့ အသင်း ဆေးအဖွဲ့နဲ့ ကုသမှု ခံယူခဲ့ရပြီး ကွင်း အတွင်းက ထွက်ခွာချိန်မှာ အသင်း ဝန်ထမ်း နှစ်ဦးရဲ့ အကူအညီနဲ့ ထွက်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။
အတ္တလန်တာကို အငှားနဲ့ ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ အာဆင်နယ် နောက်ခံလူ
အာဆင်နယ် ဘယ်နောက်ခံလူ နူနို တာဗာရက်စ်ဟာ စီးရီးအေ ကလပ် အတ္တလန်တာကို အငှားနဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ တာဗာရက်စ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ဇင်ချန်ကို ရောက်ရှိလာတာကြောင့် အာဆင်နယ်က ထွက်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ အာဆင်နယ်မှာ ပုံမှန် ပွဲထွက်ခွင့် အတွက် ပိုမို ခက်ခဲသွားခဲ့ပြီး သူ့ကို ခေါ်ယူဖို့ ဘရိုက်တန်နဲ့ နာပိုလီတို့ ကလည်း စိတ်ဝင်စားနေပါသေးတယ်။ တာဗာရက်စ် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ ကစားခွင့် ရရှိခဲ့ပါတယ်။ လက်ရှိအနေအထား အရတော့ တာဗာရက်စ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရရှိနိုင်တာ၊ ဥရောပရဲ့ ထိပ်တန်းအဆင့်မှာ ဆက်ကစားနိုင်တာတွေကြောင့် အတ္တလန်တာကို ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
အတ္တလန်တာ အနေနဲ့လည်း တာဗာရက်စ်ကို ခေါ်ယူဖို့ကိစ္စ အဆင်မပြေဖြစ်ခဲ့ရင် လိုက်ပ်ဇစ်က လွတ်ခ်မန်းကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.