နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၁၈/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချန်ပီယံလိဂ် ကစားရမယ်လို့ ထင်မထားကြောင်း ပြောလာတဲ့ ဘစ်ဆူးမား

ဘရိုက်တန် ကနေ တော့တင်ဟမ်ဟော့စပါး အသင်းထံ ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရီဗက်စ် ဘစ်ဆူးမားက သူ့ အနေနဲ့ စပါးနဲ့ အတူ ချန်ပီယံလိဂ် ကစားရလိမ့်မယ်လို့ ထင်မထားခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ “ကျွန်တော့်ရဲ့ အိမ်မက်က ချန်ပီယံလိဂ် ကစားရဖို့ ဖြစ်ပါတယ်။ မှတ်မိနေပါသေးတယ်။ ငယ်ငယ်က ချန်ပီယံလိဂ် ပွဲတိုင်းကို ကြည့်ခဲ့တဲ့ ကျွန်တော် အခုလို စပါးနဲ့ ချန်ပီယံလိဂ် ကစားရဖို့ ဆိုတာ ထင်ကို ထင်မထားခဲ့တာပါ”လို့ ဘစ်ဆူးမားက ဆိုပါတယ်။

အသက် ၂၅ နှစ် အရွယ် မာလီ လက်ရွေးစင် ကွင်းလယ်လူကို ပြီးခဲ့တဲ့ ဘောလုံးရာသီက စပါးရဲ့ မြို့ခံ ပြိုင်ဘက် အာဆင်နယ် အသင်း ကလည်း စိတ်ဝင်စားခဲ့ဖူးသလို ဘစ်ဆူးမား ကိုယ်တိုင်ကလည်း အာဆင်နယ်မှာ ကစားချင်ကြောင်း ဝန်ခံထားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ တော့တင်ဟမ်ဟော့စပါး အသင်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး သူ့ရဲ့ ငယ်ဘဝ အိမ်မက် ဖြစ်တဲ့ ချန်ပီယံလိဂ် ကစားခွင့်ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဘစ်ဆူးမားက စပါးနဲ့ ပထမဦးဆုံး အင်တာဗျူးမှာ စပါး ကစားသမား ဖြစ်လာတဲ့ အတွက် အရမ်းကို ပျော်ရွှင်မိကြောင်း၊ ကောင်းမွန်တဲ့ ရာသီ တစ်ခုကို စတင်နိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ ပွဲတိုင်းပွဲတိုင်းကို အနိုင်ရဖို့ အရာရာပေးဆပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဘစ်ဆူးမားက ပရီးမီးယားလိဂ် ဟာ အားလုံး သိကြတဲ့ အတိုင်း မလွယ်ကူတာကြောင့် မြင့်မားတဲ့ ရည်မှန်းချက်တွေ အတွက် ဆိုရင် အမှန်တကယ် ကြိုးစား အားထုတ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဘစ်ဆူးမားက ပရီးမီးယားလိဂ် ဟာ အားလုံး သိကြတဲ့ အတိုင်း မလွယ်ကူတာကြောင့် မြင့်မားတဲ့ ရည်မှန်းချက်တွေ အတွက် ဆိုရင် အမှန်တကယ် ကြိုးစား အားထုတ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
စပါးအသင်းနဲ့ ချန်ပီယံလိဂ် ကစားရလို့ ပျော်ရွှင်နေတဲ့ ရီဗက်စ် ဘစ်ဆူးမား

ဒါ့အပြင် ဘစ်ဆူးမား အနေနဲ့ အန်တိုနီယို ကွန်တီရဲ့ လက်အောက်မှာ ကစားရတော့မှာ ဖြစ်လို့ အတိုင်းမသိ ပျော်ရွှင်နေပြီး သူအပါအဝင် တစ်သင်းလုံးကို ကွန်တီ အနေနဲ့ အများကြီး အထောက်အပံ ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။


အေဂျက်စ် နောက်ခံလူ မာတီနက်ဇ်ကို လိုက်နေပြန်တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းအနေနဲ့ အေဂျက်စ် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေတယ်လို့ 90 Minutes က ဖော်ပြလာပါတယ်။ အာဆင်နယ် အသင်း အနေနဲ့ ပေါ်တို စွယ်စုံရ ကွင်းလယ် ဖန်တီးရှင် ဖေဘီယို ဗီအဲရာကို ယူရို သန်း ၄၀ နဲ့ ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း မန်စီးတီးက ဂါဘရီရယ် ဂျီဆုစ်၊ ဇင်ချန်ကို၊ လက်စတာစီးတီးက ယူရီ တေးလီမန့်စ် တို့ အပြင် အခု နောက်ဆုံး အာဂျင်တီးနား လူငယ် နောက်ခံလူ ကိုပါ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် လီဆန်ဒရို မာတီနက်ဇ်ဟာ ဗဟိုခံစစ် နေရာမှာသာမက လိုအပ်ရင် ဘယ်အစွန် နောက်ခံလူ အဖြစ်ပါ ကစားနိုင်သူ ဖြစ်ပြီး မီခယ်အာတေးတား အနေနဲ့ ခြေစွမ်းကောင်းပေမယ့် မကြာခဏ ဒဏ်ရာ ရတတ်တဲ့ ကီရင် တီယာနေး နေရာမှာ အရန်သင့် အစားထိုးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ကနဦး သတင်းတွေ အရ ဆိုရင် မာတီနက်ဇ်ဟာ မြောက်လန်ဒန် ကလပ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပေမယ့် ပေါင်သန်း ၃၀ နဲ့ အာဆင်နယ်ရဲ့ ပထမတစ်ကြိမ် ကမ်းလှမ်းချက် ကိုတော့ အေဂျက်စ် ဘက်က ပယ်ချထားပါတယ်။ မာတီနက်ဇ်ကို အာဆင်နယ် အသင်း အပြင် ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ စပါးတို့ကလည်း စောင့်ကြည့်နေပြီး အဲရစ်ခ် တန်ဟက်ဂ် ကတော့ သူ့ တပည့်ဟောင်းကို သဘောကျပေမယ့် ပါအူ တောရက်စ် ကတော့ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နှစ်ကမှ အေဂျက်စ်နဲ့ စာချုပ်သက်တမ်းတိုးထားခဲ့သူ ဖြစ်တာကြောင့် ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း ၄၀ ကျော်လောက် သုံးစွဲရဖွယ် ရှိနေပါတယ်။

ကေလိဂ်
ဆူဝန် ဘလူးဝင်းစ်
ဆိုးလ်
1X2 ဆိုးလ် @ 2.47
ဆူဝန် ဘလူးဝင်းစ် အာရှ အကျောပေး 0.00 @ 2.13
ဂိုး‌အောက် 2.00 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ် ကွင်းလယ်လူ မက် ရိုကာကို ခေါ်ယူနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် လိဒ်စ်ယူနိုက်တက် အနေနဲ့ ဘေယန်မြူးနစ် အသင်းရဲ့ ကွင်းလယ်လူ မက်ရိုကာကို ပေါင် ၁၂ သန်း + အပိုဆုကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် စပိန် ကွင်းလယ်လူဟာ ၄ နှစ် စာချုပ်နဲ့ အဲလန်ရုတ်ဒ်ကို ပြောင်းရွှေ့လာမှာ ဖြစ်ပြီး နာရီပိုင်း အတွင်းမှာပဲ ဆေးစစ်မှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

ရိုကာဟာ လိဒ်စ်ယူနိုက်တက်ရဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ၃ ယောက်မြောက် ကစားသမား ဖြစ်ပြီး အစောပိုင်း မှာတော့ ဆဲလ်ဘတ်က အသက် ၂၁ နှစ် အရွယ် အမေရိကန် လူငယ်ကြယ်ပွင့် ဘရန်ဒန် အာရွန်ဆင်ကို ပေါင် ၂၄ သန်းနဲ့ ခေါ်ယူထားသလို နောက်ထပ် ဆဲလ်ဘတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရက်စ်မက်စ် ခရစ္စတန်ဆန် ကိုလည်း ညာနောက်ခံ နေရာ အတွက် ဖြည့်တင်းထားခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ဘယ်ကစားသမားမှ ထွက်ခွာခွင့် မပေးရသေးပေမယ့် ကစားသမားသစ် ၃ ဦး အတွက်တော့ ပေါင်သန်း ၄၀ ကျော် သုံးစွဲထားခဲ့ပြီး ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်