အခုတစ်ခါ မှာတော့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင် ခေါ်ယူပြီး ပရိသတ်တွေကို စပရိုက်စ် တိုက်တဲ့ အက်ဒူး
အပြောင်းအရွှေ့ ကာလ ရောက်တိုင်း အမြဲတမ်း လှောင်ပြောင် ဝေဖန်ခံရတတ်တဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်တို့ ဒီတစ်ကြိမ်မှာတော့ မထင်မှတ်ထားတဲ့ ကစားသမား ခေါ်ယူမှု တစ်ခုကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ညနေပိုင်းက မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီဆုစ်ကို ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းလိုက်တယ် ဆိုတဲ့ သတင်းတက်လာပြီးနောက် ညပိုင်း မှာတော့ ပေါ်တို အသင်းရဲ့ အသက် ၂၂ နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ် တိုက်စစ် ကစားသမား ဖေဘီယို ဗီအဲရာကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ တက်လာခဲ့တာ ဖြစ်ပါတယ်။
နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီစီယို ရိုမာနိုရဲ့ အတည်ပြုချက် အရ အာဆင်နယ်ဟာ ဖေဘီယို ဗီအဲရာ ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ (ကနဦး ၃၅ သန်း+ အပိုဆုကြေး ၅ သန်း) နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် အထိ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဗီအဲရာ ဟာ ကွင်းလယ် တိုက်စစ် အတွက်သာ မက ညာတောင်ပံ၊ ဘယ်တောင်ပံ၊ ဗဟိုကွင်းလယ်၊ ဘယ်တောင်ပံ ခံစစ် နေရာတွေမှာပါ ကစားနိုင်သူ လည်း ဖြစ်ပြီး အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သောင်းခွဲ ရရှိမယ်လို့ သိရပါတယ်။ ဗီအဲရာဟာ ပြီးခဲ့တဲ့ ရာသီက ပေါ်တို အတွက် ၇ ဂိုး သွင်းပြီး ၁၆ ဂိုး ဖန်တီးပေးခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
နည်းပြ မီခယ် အာတေးတားရဲ့ တောင်းဆိုမှု အရ နည်းစနစ် ဒါရိုက်တာ အက်ဒူးက ကြိုးပမ်းပေးခဲ့တာ ဖြစ်ပြီး ဗီအဲရာရဲ့ အပြောင်းအရွှေ့ သတင်းကြောင့် ဂန်းနား ပရိသတ်တွေ အံ့အားသင့်ခဲ့ရသလို သိုသိုသိပ်သိပ် လုပ်ဆောင်နိုင်ခဲ့တဲ့ အက်ဒူး ကိုလည်း ဝိုင်းပြီး ချီးကျူးနေကြပါတယ်။
ချဲလ်ဆီးနဲ့ စပွန်ဆာ လုပ်ငန်းစဉ်တွေ ပြန်လည် စတင်တော့မယ့် Three
နာမည်ကျော် ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Three ကတော့ အသင်း ပိုင်ရှင် ပြောင်းလဲ သွားခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့ စပွန်ဆာ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ Three အနေနဲ့ ပိုင်ရှင်ဟောင်း ရိုမန် အေဗရာမိုဗစ်ကို ဗြိတိန် အစိုးရက အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ချိန်မှာ ချဲလ်ဆီးနဲ့ စပွန်ဆာ လုပ်ငန်းစဉ်တွေကို ခတ္တ ခဏ ရပ်ဆိုင်းထားခဲ့ပေမယ့် ပိုင်ရှင်သစ် တော့ဒ် ဘိုလီ လက်ထက် မှာတော့ ဆက်ပြီး လက်တွဲသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
Three ရဲ့ ထုတ်ပြန်ချက် မှာတော့ ကုမ္ပဏီ အနေနဲ့ ဗြိတိန် အစိုးရရဲ့ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ချိန်မှာ သူတို့ရဲ့ အမှတ်တံဆိပ်ကို ဂျာဆီနဲ့ ဘောလုံးကွင်း တစ်ဝိုက်မှာ ခတ္တ ဖယ်ရှားဖို့ ချဲလ်ဆီး အသင်းကို တောင်းဆိုခဲ့ကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ အသင်း ပရိသတ်တွေ အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိစေခဲ့မယ် ဆိုတာ နားလည်ပေမယ့် အခြေအနေအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ရတယ်လို့ ရေးသား ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ တော့ဒ်ဘိုလီက အသင်းကို လွှဲပြောင်းရယူလိုက်ပြီ ဖြစ်တာကြောင့် စပွန်ဆာ လုပ်ငန်းစဉ်တ ဆုံးဖြတ်ခဲ့ကြောင်း ဆက်လက် ဖော်ပြပါတယ်။ ချဲလ်ဆီးရဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် အကြီးအကဲ ဖြစ်တဲ့ ဂျွန် ရော်ဂျာ ကတော့ အခုလို Threeနဲ့ ဆက်ပြီး လက်တွဲဖြစ်တဲ့ အတွက် ဝမ်းမြောက်မိပြီး အသင်းကို ပံပိုးကူညီနေတဲ့ မိတ်ဖက် အဖွဲ့အစည်း အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားထားခဲ့ပါတယ်။
ဝမ်ဘစ်ဆာခါကို အငှားနဲ့ ပြန်ခေါ်ချင်နေတဲ့ ခရစ္စတယ်ပဲလေ့စ်
90 minutesရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် အသင်း အနေနဲ့ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့ အာရွန် ဝမ်ဘစ်ဆာခါကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် အင်္ဂလန် ညာနောက်ခံလူ ဝမ်ဘစ်ဆာခါဟာ ခရစ္စတယ်ပဲလေ့စ် ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ယူနိုက်တက်ဆီ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဝမ်ဘစ်ဆာခါဟာ နည်းပြ ဆိုးလ်ရှား လက်ထက်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ရန်းညက်ခ် လက်အောက် မှာတော့ မကြာခဏ ဒဏ်ရာရနေခဲ့သလို သိသိသာသာ စွမ်းဆောင်ရည် ကျဆင်းသွားတာကြောင့် အသင်းဘက်က ထွက်ခွာခွင့်ပေးချင်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
တချို့သတင်းတွေ မှာတော့ ဝမ်ဘစ်ဆာခါကို ဂျိုဆေး မော်ရင်ဟိုရဲ့ ရိုးမား အသင်း ကလည်း စိတ်ဝင်စားနေပြီး လိုင်လီ ညာနောက်ခံလူ ဆီလစ်ခ်ကို မရရင် ဘစ်ဆာခါကို အရ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ ဆက်လက်ပြီး ခရစ္စတယ်ပဲလေ့စ် အသင်း အနေနဲ့ ဝက်စ်ဘရွန်း ဂိုးသမား ဆမ်ဂျွန်စတုန်းစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.