နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၁၆/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


တိုက်စစ်မှူး အသစ်လေးကို ရေရေလည်လည် အမွှန်းတင်နေတဲ့ ကလော့ပ်

လစ်ဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ် ကတော့ ဒါဝင် နူညက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီး ဝမ်းသာ ပျော်ရွှင်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဥရုဂွေး ကြယ်ပွင့်ဟာ ပေါ်တူဂီ ကလပ် ဘင်ဖီကာ ကနေ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း (ကနဦး ပေါင် ၆၄ သန်း + အပိုဆုကြေး ပေါင် ၂၁ သန်း)နဲ့ ပြီးခဲ့တဲ့ ရက်ကပဲ ပရီးမီးယားလိဂ် ကလပ်ထံ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ လစ်ဗာပူးလ်တို့ ဒါဝင် နူညက်ဇ်ကို မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်း တို့ကို ကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ကလော့ပ်ရဲ့ ပြောစကားအရ ဆိုရင် ကစားသမားရဲ့ အာရုံစူးစိုက်မှုနဲ့ စိတ်နေစိတ်ထားကို ကြိုက်နှစ်သက်လို့ ခေါ်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကလော့ပ်က နူညက်ဇ် အနေနဲ့ ဆက်ကြိုးစားစရာတွေ အများကြီး ရှိနေသေးကြောင်း၊ လစ်ဗာပူးလ်မှာ တိုက်စစ်မှူးကောင်းတွေ ရှိပြီးသား ကိုမှ နူညက်ဇ်ကို ထပ်ပြီး ပေါင်းထည့်လိုက်တာ ဖြစ်ပြီး ဖိအားမပေးပဲ အကောင်းဆုံး ပျိုးထောင်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ နူညက်ဇ် ကတော့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တာဟာ ချန်ပီယံဆုတွေ ယူဖို့ ဖြစ်ပြီး လစ်ဗာပူးလ်နဲ့ အတူ ဆုဖလားတွေ အများကြီး ကိုင်မြှောက်ချင်တယ်လို့ အသင်းသစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။ 

 ဒါဝင် နူညက်ဇ်ဟာ လစ်ဗာပူးလ်မှာ ကျောနံပါတ် ၂၇ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ပြောင်းရွှေ့ကြေးကြောင့် မန်စီးတီး တိုက်စစ်မှူးသစ် နယ်ဝေကြယ်ပွင့် အာလင်းဟာလန်းနဲ့ နှိုင်းယှဉ် ဝေဖန်တာတွေ ခံနေရသူလည်း ဖြစ်ပါတယ်။

အေဂျက်စ် အသင်းရဲ့ နည်းပြဟောင်း တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့လကပဲ ပရီးမီးယားလိဂ် ကလပ်နဲ့ ပူးပေါင်းခဲ့ပြီး ကစားသမားသစ် ခေါ်ယူဖို့နဲ့ ရာသီသစ် အတွက် ပြင်ဆင်မှုတွေလည်း စတင် ပြုလုပ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။
နည်းပြသစ် တန်ဟက်ဂ် လက်ထက်မှာ အလုံးစုံ ပြောင်းလဲသွားမယ်လို့ ယုံကြည်နေတဲ့ ရက်ရှ်ဖို့ဒ်

တန်ဟက်ဂ် လက်ထက်မှာ သိသိသာသာ ပြောင်းလဲသွားမယ်လို့ ယုံကြည်နေတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် သူတို့ အသင်းဟာ နည်းပြသစ် အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ ကစားပုံ သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အေဂျက်စ် အသင်းရဲ့ နည်းပြဟောင်း တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့လကပဲ ပရီးမီးယားလိဂ် ကလပ်နဲ့ ပူးပေါင်းခဲ့ပြီး ကစားသမားသစ် ခေါ်ယူဖို့နဲ့ ရာသီသစ် အတွက် ပြင်ဆင်မှုတွေလည်း စတင် ပြုလုပ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ တန်ဟက်ဂ် လက်အောက်မှာ အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ပြန်ဖြစ်ချင်နေပြီး နည်းပြသစ်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေ အတွက် စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က ရာသီသစ် မစခင်မှာ အရင်ဆုံး ကြံ့ခိုင်မှု ပြည့်ဝဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်ဟာ ပုံစံအသစ်နဲ့ အတူ ရည်ရွယ်ချက်တွေလည်း သိသိသာသာ ပြောင်းလဲသွားဖို့ ရှိသလို ဒါကိုလည်း ခင်ဗျားတို့ အားလုံး မြင်တွေ့ချင်မယ် ထင်တယ်လို့ ဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရော်နယ်ဒို၊ ဆန်ချို တို့လို ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်ခဲ့ပေမယ့် နည်းပြ အပြောင်းအလဲတွေနဲ့ အတူ အသင်းရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး လူငယ်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ ရက်ရှ်ဖို့ဒ် ဟာလည်း ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေခဲ့ပြီး သူ့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည် အပြင် အပြုအမူတွေကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန် ပြစ်တင်မှုတွေ ခံခဲ့ရသူ ဖြစ်ပါတယ်။

ဂျေလိဂ်
ဂမ်ဘာအိုစကာ
ယိုကိုဟားမား အက်ဖ် မရီးနိုစ်
1X2 သရေ (Draw) @ 4.10
ဂိုးပေါ် 3.00 @ 2.05
ဂိုးပေါင်း 0-1 @ 4.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာဆာ မှာပဲ ပျော်ရွှင်နေတယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက် ပစ်မှတ် ဖရန်ကီ ဒီယောင်

နယ်သာလန် ကွင်းလယ် ဖန်တီးရှင် ဖရန်ကီ ဒီယောင်က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားခြင်း ခံနေရလို့ ဝမ်းသာမိပေမယ့် သူ့ အနေနဲ့ ဘာစီလိုနာ အသင်းမှာသာ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် နည်းပြသစ် တန်ဟက်ဂ် အနေနဲ့ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ စတင်နေခဲ့ရာမှာ သူနဲ့ အေဂျက်စ်မှာ လက်တွဲခံဖူးတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ် အနေနဲ့ ကွင်းလယ်နဲ့ ခံစစ်ကို အဓိက အားဖြည့်လိုနေပြီး လက်ရှိ ပရီးမီးယားလိဂ် ထိပ်သီးရဲ့ အဓိက ပစ်မှတ်တွေထဲမှာ ဖရန်ကီဒီယောင်လည်း ထိပ်ဆုံးက ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဒီယောင်က ကစားသမား တစ်ဦး အနေနဲ့ အသင်း တစ်သင်းက စိတ်ဝင်စားကြောင်း ဖော်ပြလာရင် ပျော်ရွှင်စရာ ဖြစ်ပေမယ့် လက်တလော သူ့ အနေနဲ့ ကမ္ဘာပေါ်က အကောင်းဆုံး ကလပ်မှာ ကစားနေရတာကို ပျော်ရွှင်နေတယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဖရန်ကီ ဒီယောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်တချို့မှာ နယ်သာလန် အသင်းနဲ့ အတူ မြင်တွေ့ခဲ့ရခြင်း မရှိတဲ့နောက် ယူနိုက်တက်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပေမယ့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အခုလို ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်