နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးမယ့် ရှုံးတော့ ဟန်ဂေရီ ကိုမှ အိမ်ကွင်းမှာ ရှယ်ပလန်နဲ့ ရှုံးတဲ့ အင်္ဂလန် | နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

အင်္ဂလန် ၀-၄ ဟန်ဂေရီ

နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ ပွဲစဉ် ၄ အဖြစ် အင်္ဂလန်နဲ့ ဟန်ဂေရီတို့ မိုလီနက်စ် ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂါရက်သ် ဆောက်ဂိတ်ရဲ့ အသင်းက စိတ်ပျက်စရာ ခြေစွမ်းနဲ့ အရှက်တကွဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ၉၆ နှစ် အတွင်း အဆိုးရွားဆုံး အိမ်ကွင်း ရှုံးပွဲ ကြုံခဲ့တဲ့ အင်္ဂလန်တို့ အုပ်စု ဇယား အောက်ဆုံး မှာပဲ ဆက်ရှိနေခဲ့ပြီး ဟန်ဂေရီ ကတော့ မမျှော်လင့်ပဲ နေးရှင်းလိဂ် မရဏအုပ်စုကို ဦးဆောင်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း


အင်္ဂလန်တို့ အီတလီနဲ့ ပွဲက လူစာရင်းကို ၁၀ နေရာ အထိ အပြောင်းအလဲ ပြုလုပ်ကာ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဂေးဟီ၊ စတုန်းစ်၊ ဂျိမ်းစ်၊ ဝေါလ်ကာ၊ ကွင်းလယ် မှာတော့ ဒဏ်ရာက သက်သာလာတဲ့ ကယ်ဗင် ဖီးလစ်ကို ဂယ်လက်ဟာနဲ့ တွဲပေးခဲ့ပါတယ်။ တောင်ပံနဲ့ တိုက်စစ် မှာတော့ ဘယ်လင်ဂမ်၊ ဆာကာ၊ ဘိုဝင်နဲ့ ကိန်းတို့ ပွဲထွက်ခဲ့ပါတယ်။ ဟန်ဂေရီ ကတော့ ဂျာမနီနဲ့ ပွဲက လူစာရင်းကို နှစ်နေရာသာ အပြောင်းအလဲ လုပ်လာခဲ့ပြီး အော်ဘန်၊ လန်းဂ်၊ နာဂီ၊ ဆာလိုင်း၊ ဆိုဘို့စ်လေ၊ ဆာလာအီ တို့လို အမာခံ ကစားသမားတွေနဲ့ပဲ အင်္ဂလန်ကို ရင်ဆိုင်ခဲ့ပါတယ်။

၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကနေ အကောင်းဆုံး ပြန်လည် ရုန်းထနိုင်ခဲ့တဲ့ ဟန်ဂေရီတို့ ၂ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ရှုံး၊ ၇ မှတ်နဲ့ အသင်းကြီးတွေ ပါနေတဲ့ နေးရှင်းလိဂ် A အုပ်စု ၃ ရဲ့ ဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဘယ်ဂျီယံ ပြီးရင် အင်္ဂလန်ကို နှစ်ကျော့စလုံး အနိုင်ရတဲ့ အသင်း ဖြစ်လာတဲ့ ဟန်ဂေရီ

လူစုံထုတ်လာတဲ့ အိမ်ရှင်တို့ ပွဲစကတည်းက အပေးအယူ အချိတ်အဆက် မိမိနဲ့ ကစားနိုင်ခဲ့ပြီး ဆာကာနဲ့ ရိစ်ဂျိမ်းစ် တို့ရဲ့ ဘယ်ခြမ်းက ဟန်ဂေရီ နောက်တန်းကို အလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။ ဟန်ဂေရီ ကတော့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနေခဲ့တဲ့ ပြိုင်ဘက်ကြောင့် အခွင့်အရေး ရမှပဲ တန်ပြန် တိုက်စစ်နဲ့ ပြန်လည် ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲချိန် ၁၆ မိနစ် မှာတော့ ဟန်ဂေရီတို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရခဲ့ပြီး ကယ်ဗင်ဖီးလစ်နဲ့ ဂျွန်စတုန်းစ် တို့ရဲ့ လူကပ်ပုံ အားနည်းမှုကို ဆာလိုင်းက အခွင့်ကောင်းယူကာ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အင်္ဂလန်တို့ အချိန် ကြာလေ၊ ကစားကွက် ပျက်လေ ဖြစ်ခဲ့ပြီး တိုက်စစ် ကစားပုံ ကလည်း ထိရောက်မှု မရှိတော့တာကြောင့် ပွဲက ပျင်းစရာ ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ဆောက်ဂိတ် အနေနဲ့ စတာလင်၊ မောင့်၊ ဖိုဒန် တို့ကို ဆက်တိုက် လူစားလဲပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဟန်ဂေရီ ကလည်း နာဂီ၊ ဂတ်ဇ် ဒက်ဂ်၊ အဒမ် တို့လို ကွင်းလယ်နဲ့ တိုက်စစ် ကစားသမားတွေ ဆက်တိုက် ထည့်ပြီး အခြေအနေ မဟန်တဲ့ အင်္ဂလန်ကို ထိထိရောက်ရောက် ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနေရာမှာ မာကို ရော့ဆီရဲ့ လူစားလဲလှယ်မှု မှန်ကန်ခဲ့တယ်လို့ ပြောလို့ ရပြီး မာတင် အဒမ်ရဲ့ ဖန်တီးပေးပို့မှု ၂ ကြိမ် ကနေ ၂ ဂိုး ထပ်ရခဲ့ပြီး ဂတ်ဇ်ဒက် ကလည်း ၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီး မှာတော့ အင်္ဂလန်တို့ ကမ္ဘာ့အဆင့် ၄၀ သာ ရှိတဲ့ ဟန်ဂေရီကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ၉၆ နှစ် အတွင်း အဆိုးရွားဆုံး အိမ်ကွင်း ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီပွဲ ရလဒ်ဟာ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အသင်း အတွက် စိုးရိမ်စရာ ဖြစ်စေခဲ့ပြီး ပရိသတ်တွေ အတွက် ကတော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အင်္ဂလန်တို့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ၃ သင်းထဲမှာ ပါနေပေမယ့် တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း တိုးတက်လာခြင်း မရှိသလို အသင်းကြီးတွေ သာမက အသင်းငယ်တွေ ကိုပါ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။ နောက်ပြီး အခုလို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ကစားသမားတွေ အနေနဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ထိခိုက်သွားနိုင်ပြီး ဒီတစ်ခေါက် နေးရှင်းလိဂ် ကတော့ အင်္ဂလန် အတွက် ခက်ခဲ ကြမ်းတမ်းတဲ့ ပြိုင်ပွဲ တစ်ခုလို့တောင် ပြောရတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ အစောပိုင်း မိနစ်တွေမှာ အင်္ဂလန်တို့ အကောင်းဆုံး ပုံစံ ရခဲ့ပေမယ့် မထင်မှတ်ပဲ ဂိုးပေးလိုက်ရချိန်မှာ လူငယ်ကစားတွေရဲ့ အတွေ့အကြုံက စကားပြောသွားခဲ့တာ ဖြစ်ပါတယ်။ ခံစစ်က ဂျွန်စတုန်းစ် အမှားများခဲ့သလို အနီကတ်လည်း ထိခဲ့ပြီး ဝေါလ်ကာ၊ ကယ်ဗင် ဖီးလစ်၊ ဘိုဝင် တို့ကတော့ ဒီနေ့ပွဲရဲ့ ခြေစွမ်း အညံ့ဆုံး ကစားသမားတွေ အဖြစ်တောင် သတ်မှတ်လို့ ရပါတယ်။

ဂျေလိဂ်
ရှိုနန် ဘဲလ်မဲ
FC တိုကျို
1X2 သရေ @ 2.95
ဂိုးပေါ် 2.00 @ 1.93
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဟန်ဂေရီ ဘက်ကတော့ တိုက်စစ်မှူး ဆာလိုင်း ထူးထူးခြားခြား ခြေစွမ်းပြခဲ့ပြီး အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြောရမယ် ဆိုရင်တော့ အင်္ဂလိပ် အခက်၊ ဟန်ဂေရီ အချက် ဖြစ်ခဲ့ပြီး နည်းပြ မာကို ရော့ဆီရဲ့ လူစား အပြောင်းအလဲ မှန်ကန်မှုတွေက ဟန်ဂရီရဲ့ ဂိုးပြတ် နိုင်ပွဲ အတွက် အရေးပါခဲ့ပါတယ်။ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကနေ အကောင်းဆုံး ပြန်လည် ရုန်းထနိုင်ခဲ့တဲ့ ဟန်ဂေရီတို့ ၂ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ရှုံး၊ ၇ မှတ်နဲ့ အသင်းကြီးတွေ ပါနေတဲ့ နေးရှင်းလိဂ် A အုပ်စု ၃ ရဲ့ ဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် စက်တင်ဘာ ၂၄ မှ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး အင်္ဂလန်က အီတလီ၊ ဟန်ဂေရီ က ဂျာမနီကို အဝေးကွင်းတွေမှာ သွားရောက် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်